သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ပဋိပကၡ ၅ ႏွစ္ျပည့္ ဒုကၡသည္ေတြ အိမ္မျပန္ႏိုင္ေသး


ေမာင္ေတာၿမိဳ႕အျပင္ဘက္ ရိုဟင္ဂ်ာရြာျမင္ကြင္း။

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကအတြင္းက ျဖစ္ခဲ့တဲ့ပဋိပကၡေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြ တဘက္ႏိုင္ငံကို ထြက္ေျပးသြားရသလို တခ်ိဳ႕ကလည္း ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနတာ ၅ ႏွစ္ရွိေနပါၿပီ။ ရခိုင္ျပည္နယ္အတြင္းမွာ ဒီလို ႐ိုဟင္ဂ်ာဒုကၡသည္ေတြအျပင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကားတိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြလည္း ရွိေနပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စခန္းေတြမွာ ရိကၡာအခက္အခဲေတြ ပိုၿပီးရင္ဆိုင္လာရတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

၂၀၁၂ နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ျဖစ္ပြားခဲ့တဲ့ပဋိပကၡနဲ႔ စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းေရး ဖိႏွိပ္မႈေတြၾကား သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရၿပီး ဒုကၡသည္စခန္းေတြမွာ ေနထိုင္ခဲ့ရတာပါ။

စစ္ေတြၿမိဳ႕နယ္ သက္ကယ္ျပင္ဒုကၡသည္စခန္းမွာ ဆယ္စုႏွစ္တခုၾကာေနထိုင္ေနရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တဦးကေတာ့ ဒုကၡသည္စခန္းမွာ ေနရတာဟာ သူတို႔အတြက္ ေကာင္းတာတခုမွ မရွိဘူးလို႔ေျပာပါတယ္။

“အဓိက က်ေနာ္တို႔ ႀကဳံရတာကေတာ့ ၉ ေပ၊ ၈ ေပ အခန္းထဲမွာ မိသားစုအားလုံး ေနရတာက အဆင္မေျပဘူး။ ေနာက္ၿပီးေတာ့ စားဝတ္ေနေရး လုံေလာက္ မႈမရွိတာ တမ်ိဳးရွိတယ္၊ ေနာက္ၿပီးေတာ့ ကေလးေတြ ပညာေရးေရာ၊ က်န္းမာေရးေရာ အဆင္မေျပဘူး။ စီးပြားေရး ဆိုတာက လုံးဝမရွိေတာ့ဘူး။”

ဒုကၡသည္စခန္းေတြမွာ ေနရတာ အခ်ိန္ၾကာလာတာနဲ႔ အမွ် စားနပ္ရိကၡာလုံ ေလာက္မႈမရွိ တာေတြ အျပင္ သူခိုး၊ဓားျပေတြ ဒုကၡသည္စခန္းအတြင္းမွာ ပိုမ်ားလာတယ္လို႔ သက္ကယ္ျပင္ဒုကၡသည္စခန္းမွာေနထိုင္တဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တဦးကေျပာပါတယ္။

“ အခုေနာက္ပိုင္းေတာ့ ပိုဆိုးလာတာေပါ့။ အရင္က ကမာၻ႔စားနပ္ရိကၡာအဖြဲ႔က ဆန္၊ ဆီ၊ ဆား ေပးခဲ့တယ္။ အခုက ပိုက္ဆံပဲေပးေတာ့ လုံေလာက္မႈမရွိေတာ့ဘူး ပိုဆိုးသြားတာေပါ့၊ ကုန္ေစ်းႏႈန္းေတြ တအားတက္သြားတာဆိုေတာ့ လုံးဝအဆင္ မေျပဘူး၊ ေနာက္တခုက အခု ဓားျပေတြ၊ သူခိုးေတြ ပိုၿပီးေတာ့ မ်ားလာတယ္။ စခန္းအတြင္းမွာလည္း ျပႆနာႀကဳံရတယ္။ တေန႔ထက္တေန႔ ပိုပိုဆိုးလာတယ္။”

ရခိုင္ျပည္နယ္မွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ၂၀၁၇ ခုႏွစ္အေစာပိုင္းႏွစ္ေတြက စားနပ္ရိကၡာအတြက္ စိုးရိမ္စရာမလိုေပမယ့္ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာလုံေလာက္မႈမရွိသလို လံုၿခံဳမႈလည္းမရွိေတာ့ဘဲျဖစ္လာတယ္လို႔လည္း ႐ိုဟင္ဂ်ာလူငယ္သူတဦးကေျပာပါတယ္။

“က်ေနာ္တို႔က ဒီငါးႏွစ္မတိုင္ခင္ ဒုကၡသည္ေတြက စားဝတ္ေနေရးအတြက္ သိပ္ၿပီးေတာ့ စိတ္မပူခဲ့ရဘူး၊ သူတို႔ကို ေထာက္ပ့ံ့တဲ့ NGO INGO ေတြ ရွိတယ္ ဆိုေတာ့ သိပ္ၿပီးေတာ့ စိုးရိမ္စရာမလိုခဲ့ဘူး။ အခုအာဏာသိမ္းၿပီးေနာက္ပိုင္း ကုန္ေစ်းႏႈန္းေတြလည္း အဆမတန္တက္တယ္၊ တိုင္းျပည္အေျခအေနလည္း မေကာင္းဆိုေတာ့ ခုနားက ေျပာသလို NGO ေတြက စားနပ္ရိကၡာ အျပည့္အဝ မေထာက္ပံ့ေတာ့ ပိုဆိုးလာတယ္လို႔ ေျပာလို႔ရတယ္။”

ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြတခုတည္းရွိေနတာေတာ့မဟုတ္ပါဘူး။ ၿ ပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္က ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးလာၾကရၿပီး လက္ရွိအခ်ိန္ထိ ဒုကၡသည္စခန္း ေတြမွာ ေနထိုင္ေနရတဲ့ စစ္ေဘးဒုကၡသည္ေတြလည္း ရွိေနတာပါ။

အဲဒီစစ္ေဘးဒုကၡသည္ေတြဟာလည္း အစပိုင္းက အလႉရွင္ေတြ လာေရာက္ေထာက္ ပံ့တာေတြေၾကာင့္ စားဝတ္ေနေရးအဆင္ေျပခဲ့ေပမယ့္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ စားဝတ္ေနေရးေတြ အခက္အခဲေတြနဲ႔ ပိုရင္ဆိုင္လာရတယ္လို႔ ဒုကၡသည္ေတြက ဆိုပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ရထားဘူတာႀကီး စစ္ေဘးဒုကၡသည္စခန္းေနထိုင္တဲ့ ေဒၚျမရီကေတာ့ ဘာတခုမွ အဆင္မေျပတဲ့ ဒုကၡသည္စခန္းကေန ထြက္ေျပးခ်င္တယ္လို႔ ေျပာပါတယ္။

“ဒုကၡသည္စခန္းမွာ အဆင္ေျပတာက ဘာမွမရွိဘူး။ အကုန္လုံးက အခက္အခဲေတြခ်ည့္ပဲ။ အစားအေသာက္ၾကပ္တည္းတယ္၊ သုံးစရာမရွိ ေနမေကာင္းျဖစ္ရင္ပိုဆိုးတယ္။ ေနရာတာလည္းကလည္း အဆင္မေျပဘူး၊ ပူတယ္ က်ဥ္းတယ္။ ေနရတာ ငရဲက်သလိုပဲ။ ထြက္ေျပးခ်င္တယ္ စိတ္က။”

ဒုကၡသည္စခန္းေတြမွာ အခုလို အခက္အခဲေတြရွိေနၾကေၾကာင့္ ေနရပ္ျပန္ခ်င္ေပမယ့္လည္း စစ္က်က္လက္နက္ေတြ ေျမျမွဳပ္မိုင္းအႏၲာရာယ္ေတြနဲ႔ ေက်း႐ြာအနီးအနားေတြမွာႏွစ္ဘက္ လက္နက္ကိုင္တပ္ေတြ တပ္စြဲထားတာေၾကာင့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနၾကပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို အသိအမွတ္မျပဳဘဲ ႐ိုဟင္ ဂ်ာေတြဟာ ျမန္မာႏိုင္ငံက မဟုတ္ဘူးလို႔ ေျပာေန ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒုကၡသည္အမ်ားစုက ေနရပ္ျပန္ဖို႔ပဲ ေမွ်ာ္လင့္ေနၾကတယ္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ လူငယ္ တဦးက ေျပာပါတယ္။

“ က်ေနာ္တို႔ ႐ိုဟင္ဂ်ာေတြခံခဲ့ရသလို တျခားလူမ်ိဳးစုေတြ မခံပါရေစနဲ႔ေပါ့ေနာ္ ဘာလို႔လဲဆိုေတာ့ ရက္ရက္စက္စက္ သတ္ျဖတ္ခံရတယ္ေပါ့ေနာ္၊ ၿပီးေတာ့ လုယူထားခံရတဲ့ ႐ိုဟင္ဂ်ာ ေတြရဲ႕ အခြင့္အေရးကို ျပန္လိုခ်င္တယ္၊ ၿပီးေတာ့ က်ေနာ္တို႔ မူလေနရာေတြကို အျမန္ဆုံးျပန္ ႏိုင္ေအာင္ စီစဥ္ေပးဖို႔ ေမ်ာ္လင့္ပါတယ္။”

႐ိုဟင္ဂ်ာေတြအေပၚ ရက္စက္တဲ့ ျမန္မာလုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လုပ္ရပ္ေတြဟာ genocide လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ က်ဴးလြန္ရာ ေရာက္တယ္လို႔ အေမရိ္ကန္ျပည္ေထာင္စုက သတ္မွတ္ထားသလို ျမန္မာႏိုင္ငံက ပါဝင္လက္မွတ္ထိုးထားတဲ့ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏိုင္ငံတကာစာခ်ဳပ္ကို ခ်ိဳးေဖာက္ခဲ့တာျဖစ္တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံကလည္း ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ တရားစြဲဆိုထားပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္စခန္းေတြမွာ ႏွစ္ေပါင္းမ်ားစြာေနထိုင္ေနၾကတဲ့ သူေတြ ေနရပ္ျပန္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ကေတာ့ အလွမ္းေဝးေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရိုဟင်ဂျာ ပဋိပက္ခ ၅ နှစ်ပြည့် ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေး

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကအတွင်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ တဘက်နိုင်ငံကို ထွက်ပြေးသွားရသလို တချို့ကလည်း ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတာ ၅ နှစ်ရှိနေပါပြီ။ ရခိုင်ပြည်နယ်အတွင်းမှာ ဒီလို ရိုဟင်ဂျာဒုက္ခသည်တွေအပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စခန်းတွေမှာ ရိက္ခာအခက်အခဲတွေ ပိုပြီးရင်ဆိုင်လာရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး ဖိနှိပ်မှုတွေကြား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ရတာပါ။

စစ်တွေမြို့နယ် သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တခုကြာနေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးကတော့ ဒုက္ခသည်စခန်းမှာ နေရတာဟာ သူတို့အတွက် ကောင်းတာတခုမှ မရှိဘူးလို့ပြောပါတယ်။

“ အဓိက ကျနော်တို့ ကြုံရတာကတော့ ၉ ပေ၊ ၈ ပေ အခန်းထဲမှာ မိသားစုအားလုံး နေရတာက အဆင်မပြေဘူး။ နောက်ပြီးတော့ စားဝတ်နေရေး လုံလောက် မှုမရှိတာ တမျိုးရှိတယ်၊ နောက်ပြီးတော့ ကလေးတွေ ပညာရေးရော၊ ကျန်းမာရေးရော အဆင်မပြေဘူး။ စီးပွားရေး ဆိုတာက လုံးဝမရှိတော့ဘူး။”

ဒုက္ခသည်စခန်းတွေမှာ နေရတာ အချိန်ကြာလာတာနဲ့ အမျှ စားနပ်ရိက္ခာလုံ လောက်မှုမရှိ တာတွေ အပြင် သူခိုး၊ဓားပြတွေ ဒုက္ခသည်စခန်းအတွင်းမှာ ပိုများလာတယ်လို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးကပြောပါတယ်။

“ အခုနောက်ပိုင်းတော့ ပိုဆိုးလာတာပေါ့။ အရင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆန်၊ ဆီ၊ ဆား ပေးခဲ့တယ်။ အခုက ပိုက်ဆံပဲပေးတော့ လုံလောက်မှုမရှိတော့ဘူး ပိုဆိုးသွားတာပေါ့၊ ကုန်ဈေးနှုန်းတွေ တအားတက်သွားတာဆိုတော့ လုံးဝအဆင် မပြေဘူး၊ နောက်တခုက အခု ဓားပြတွေ၊ သူခိုးတွေ ပိုပြီးတော့ များလာတယ်။ စခန်းအတွင်းမှာလည်း ပြဿနာကြုံရတယ်။ တနေ့ထက်တနေ့ ပိုပိုဆိုးလာတယ်။”

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၂၀၁၇ ခုနှစ်အစောပိုင်းနှစ်တွေက စားနပ်ရိက္ခာအတွက် စိုးရိမ်စရာမလိုပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလုံလောက်မှုမရှိသလို လုံခြုံမှုလည်းမရှိတော့ဘဲဖြစ်လာတယ်လို့လည်း ရိုဟင်ဂျာလူငယ်သူတဦးကပြောပါတယ်။

“ကျနော်တို့က ဒီငါးနှစ်မတိုင်ခင် ဒုက္ခသည်တွေက စားဝတ်နေရေးအတွက် သိပ်ပြီးတော့ စိတ်မပူခဲ့ရဘူး၊ သူတို့ကို ထောက်ပံ့တဲ့ NGO INGO တွေ ရှိတယ် ဆိုတော့ သိပ်ပြီးတော့ စိုးရိမ်စရာမလိုခဲ့ဘူး။ အခုအာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်တယ်၊ တိုင်းပြည်အခြေအနေလည်း မကောင်းဆိုတော့ ခုနားက ပြောသလို NGO တွေက စားနပ်ရိက္ခာ အပြည့်အဝ မထောက်ပံ့တော့ ပိုဆိုးလာတယ်လို့ ပြောလို့ရတယ်။”

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေတခုတည်းရှိနေတာတော့မဟုတ်ပါဘူး။ ြ ပီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရပြီး လက်ရှိအချိန်ထိ ဒုက္ခသည်စခန်း တွေမှာ နေထိုင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေတာပါ။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာလည်း အစပိုင်းက အလှူရှင်တွေ လာရောက်ထောက် ပံ့တာတွေကြောင့် စားဝတ်နေရေးအဆင်ပြေခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စားဝတ်နေရေးတွေ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်လာရတယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။

ကျောက်တော်မြို့နယ် ရထားဘူတာကြီး စစ်ဘေးဒုက္ခသည်စခန်းနေထိုင်တဲ့ ဒေါ်မြရီကတော့ ဘာတခုမှ အဆင်မပြေတဲ့ ဒုက္ခသည်စခန်းကနေ ထွက်ပြေးချင်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ အဆင်ပြေတာက ဘာမှမရှိဘူး။ အကုန်လုံးက အခက်အခဲတွေချည့်ပဲ။ အစားအသောက်ကြပ်တည်းတယ်၊ သုံးစရာမရှိ နေမကောင်းဖြစ်ရင်ပိုဆိုးတယ်။ နေရာတာလည်းကလည်း အဆင်မပြေဘူး၊ ပူတယ် ကျဉ်းတယ်။ နေရတာ ငရဲကျသလိုပဲ။ ထွက်ပြေးချင်တယ် စိတ်က။”

ဒုက္ခသည်စခန်းတွေမှာ အခုလို အခက်အခဲတွေရှိနေကြကြောင့် နေရပ်ပြန်ချင်ပေမယ့်လည်း စစ်ကျက်လက်နက်တွေ မြေမြှုပ်မိုင်းအန္တာရာယ်တွေနဲ့ ကျေးရွာအနီးအနားတွေမှာနှစ်ဘက် လက်နက်ကိုင်တပ်တွေ တပ်စွဲထားတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ်မပြုဘဲ ရိုဟင် ဂျာတွေဟာ မြန်မာနိုင်ငံက မဟုတ်ဘူးလို့ ပြောနေ ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုက္ခသည်အများစုက နေရပ်ပြန်ဖို့ပဲ မျှော်လင့်နေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် လူငယ် တဦးက ပြောပါတယ်။

“ ကျနော်တို့ ရိုဟင်ဂျာတွေခံခဲ့ရသလို တခြားလူမျိုးစုတွေ မခံပါရစေနဲ့ပေါ့နော် ဘာလို့လဲဆိုတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်ပေါ့နော်၊ ပြီးတော့ လုယူထားခံရတဲ့ ရိုဟင်ဂျာ တွေရဲ့ အခွင့်အရေးကို ပြန်လိုချင်တယ်၊ ပြီးတော့ ကျနော်တို့ မူလနေရာတွေကို အမြန်ဆုံးပြန် နိုင်အောင် စီစဉ်ပေးဖို့ မျော်လင့်ပါတယ်။”

ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေဟာ genocide လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားသလို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်ကို ချိုးဖောက်ခဲ့တာဖြစ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကလည်း ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာနေထိုင်နေကြတဲ့ သူတွေ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်ကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG