သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ အေျခခ်ႏိုင္ေရး ကန္အစီအစဥ္သစ္စတင္ 


Bangladesh Myanmar Rohingyas

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး UNHCR အဖြဲ႔တို႔ ပူးေပါင္းၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေရႊ႕ေျပာင္းအေျခခ်ေနထိုင္ႏိုင္ေရး အစီအစဥ္ကို စတင္လိုက္ၿပီလို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေၾကညာပါတယ္။

႐ိုဟင္ဂ်ာေတြ ကိုယ့္သေဘာနဲ႔ကိုယ္၊ ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္တဲ့ ဒီအစီအစဥ္ဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ျပႆနာကို ဘက္စုံ ေျဖရွင္းႏိုင္ေရးမွာ က႑တခုအျဖစ္ ပါဝင္တာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္လည္ ေနရာခ်ထားေရးအတြက္ UNHCR က တင္သြင္းလာတဲ့ အမည္စာရင္းကို အေမရိကန္ျပည္ေထာင္စုက ထည့္သြင္း စဥ္းစားေပးသြားမွာ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဌာနက ဒီဇင္ဘာ ၁၃ ရက္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြနဲ႔ လူသားမ်ဳိးႏြယ္စုအေပၚဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြေၾကာင့္ ေဘးဒုကၡေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြကို အေမရိကန္ျပည္ေထာင္စုက ကာလရွည္ၾကာ ကူညီပံ့ပိုးေပးေနခဲ့တာမွာ ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီအျဖစ္နဲ႔ ေဒၚလာ ၁.၉ ဘီလီယံ ရွိသြားၿပီျဖစ္လို႔ ေျပာပါတယ္။

လတ္တေလာ အေျခခံလိုအပ္ခ်က္ေတြအျပင္ စီးပြားေရးအရ လုံျခံမႈရွိတဲ့၊ ဒုကၡသည္ေတြအေနနဲ႔ အိမ္ရွင္ႏိုင္ငံမွာ အသက္ေမြးဝမ္းေက်ာင္းမႈ အခြင့္အလမ္းေတြ အပါအဝင္ ပညာသင္ၾကားႏိုင္ေရးကိစၥေတြလည္း အေမရိကန္ကကူညီေပးေနေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ့အျပင္ လူမ်ဳိးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ဳိးႏြယ္စုအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြအတြက္ ျပစ္မႈက်ဴးလြန္သူေတြကို တရားဥပေဒနဲ႔အညီ အျပစ္ေပး အေရးယူႏိုင္ေရးအတြက္လည္း အေမရိကန္ျပည္ေထာင္စုက ေဆာင္ရြက္ေနေၾကာင္း ႏိုင္ငံျခားေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


ရိုဟင်ဂျာတွေ အခြေချနိုင်ရေး ကန်အစီအစဉ်သစ်စတင်

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အဖွဲ့တို့ ပူးပေါင်းပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေး အစီအစဉ်ကို စတင်လိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ရိုဟင်ဂျာတွေ ကိုယ့်သဘောနဲ့ကိုယ်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်တဲ့ ဒီအစီအစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပြဿနာကို ဘက်စုံ ဖြေရှင်းနိုင်ရေးမှာ ကဏ္ဍတခုအဖြစ် ပါဝင်တာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအတွက် UNHCR က တင်သွင်းလာတဲ့ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စုက ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာ ကူညီပံ့ပိုးပေးနေခဲ့တာမှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ်နဲ့ ဒေါ်လာ ၁.၉ ဘီလီယံ ရှိသွားပြီဖြစ်လို့ ပြောပါတယ်။

လတ်တလော အခြေခံလိုအပ်ချက်တွေအပြင် စီးပွားရေးအရ လုံခြံမှုရှိတဲ့၊ ဒုက္ခသည်တွေအနေနဲ့ အိမ်ရှင်နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းတွေ အပါအဝင် ပညာသင်ကြားနိုင်ရေးကိစ္စတွေလည်း အမေရိကန်ကကူညီပေးနေကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG