သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၅ ႏွစ္ျပည့္လာေပမဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ေနရပ္ျပန္ေရး အလွမ္းေဝး  


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox’s Bazar မွာရွိတဲ့ ဘာလုခါရီ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း (ႏိုဝင္ဘာ ၁၆၊၂၀၁၈)

[[Zawgyi/Unicode]]


ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ဒုကၡသည္ေတြ ျမန္မာႏိုင္ငံဘက္ ေနရပ္ျပန္ဖို႔ဆိုရင္ စစ္ေကာင္စီဘက္က လုံၿခဳံေရးအရ အာမခံခ်က္ေပးဖို႔လိုမယ္လို႔ Cox's Bazar ဒုကၡသည္စခန္းက ေခါင္းေဆာင္တဦးက VOA ကိုေျပာပါတယ္။ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္ေနၿပီး ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြနဲ႔ ေတြ႕ဆုံဖို႔ ျပင္ဆင္ေနခ်ိန္မွာ ဒုကၡသည္ေတြဘက္က သေဘာထားကို ေျပာဆိုတာပါ။ အျပည့္အစုံ ရန္ကုန္က လာတဲ့သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္ တင္ျပေပးထားပါတယ္။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြကေန ႐ိုဟင္ဂ်ာ ဒုကၡသည္ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးခဲ့တဲ့ ၅ ႏွစ္ျပည့္ အခ်ိန္မွာပဲ Noeleen Heyzer ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေလးရက္ၾကာ ခရီး သြားေရာက္တာပါ။ ဒုကၡသည္ေတြ ေနရပ္ျပန္လာေရးမွာ ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့တယ္ဆိုတဲ့ အေထာက္အထားျပတဲ့သူကို စီစစ္လက္ခံမယ္လို႔ ျမန္မာစစ္ေကာင္စီဘက္က ေျပာပါတယ္။ ဒါေပမဲ့လည္း ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ႏွစ္ႏိုင္ငံအၾကား သေဘာတူထားတဲ့အတိုင္း ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ျပန္လာႏိုင္ေရးေမွ်ာ္လင့္ ခ်က္က ခုထိမေရမရာေသးဘူးလို႔ ေကာ့ဘဇားမွာရွိေနတဲ့ ဒုကၡသည္တဦးက VOA ကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံကို၊ ရခုိင္ျပည္နယ္ကိုျပန္လာရမယ္ဆိုၿပီး ႏုိင္ငံတကာ security ကို ေတာင္းဆိုထားတယ္။ က်ေနာ္တို႔ရဲ႕မူလေနရာျဖစ္တဲ့ျမန္မာႏိုင္ငံမွာ က်ေနာ္တို႔က်န္ခဲ့တဲ့ ဥစၥာပစၥည္းပိုင္ဆိုင္ခြင့္အကုန္လံုး ျပန္လည္ေပးရမယ္။ က်ေနာ္တို႔ ႏိုင္ငံစ...ေတာင္းဆိုထားတယ္။ ..သူတို႔ဘာတခုမွ ထူးျခားၿပီးေတာ့ ....ဘာတခုမွလည္းမရွိဘူး။ အဓိက ကေတာ့ က်ေနာ္တို႔ .....စစ္ေကာင္စီကလက္ခံမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ႐ိုဟင္ဂ်ာေတြနဲ႔တုိင္ပင္ေဆြးေႏြးၿပီးေတာ့ ဘယ္လိုလက္ခံမလဲ၊ သူတို႔ဘယ္လို စၿပီးေတာ့ လႈပ္ရွားမလဲ က်ေနာ္တို႔ ေတာင္းဆိုခ်က္ေတြရွိတယ္။ ဒါကို သူတို႔ဘယ္လို လိုက္ေလ်ာႏိုင္မလဲဆိုၿပီးေတာ့ က်ေနာ္တို႔နဲ႔ ဘာတခုမွလည္း ေဆြးေႏြးခဲ့တာလည္းမရွိဘူး။ သူတို႔က အြန္လိုင္းမွာ ....”

ျမန္မာႏိုင္ငံဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို လက္မခံတဲ့အေၾကာင္းနဲ႔ ဒုကၡသည္ ေနရပ္ျပန္ပို႔ေရးမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ႏွစ္ႏိုင္ငံအၾကား သေဘာတူထားတဲ့ ပုံစံအတိုင္း ဒုကၡသည္စာရင္းကို ေပးအပ္ျခင္းမရွိဘူးဆိုၿပီး မၾကာေသးခင္ရက္ပိုင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ေတြ႕ဆုံခ်ိန္မွာ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာဆိုထားပါတယ္။

ဒါေပမယ့္လည္း ဒုကၡသည္ ျပန္လည္လက္ခံေရးမွာ လက္ရွိ ရခိုင္ေဒသ တေၾကာ့ျပန္ျဖစ္ပြားလာတဲ့ လက္နက္ကိုင္ ပဋိပကၡေတြ၊ ေအေအ ရခိိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ စစ္ေကာင္စီဘက္ က တိုက္ပြဲေတြေၾကာင့္လည္း ဒုကၡသည္ေတြျပန္ပို႔ေရးမွာ စိုးရိမ္မႈေတြရွိတဲအ့ေၾကာင္း ေကာ့ဘဇားမွာေရာက္ေနတဲ့ ေက်ာင္းဆရာတဦးျဖစ္တဲ့ ဦးခင္ေမာင္ကေျပာပါတယ္။

“...မူေတြအရ တရြာကေတ တရြာသြားလို႔မရဘူး။ တေနရာမွာပိတ္ေနတယ္။ စားေရးေသာက္ေရးအဆင္မေျပဘူး။ အဲဒါက အဓိကျပႆနာပါ။ အခု ေမာင္ေတာဘက္မွာရွိေနတဲ့လူေတြေတာင္မွ ၿမိဳ႕နယ္...သြားလို႔မရဘူး။ တရြာကေန တရြာကို သြားလို႔မရတဲ့အေနအထားမွာရွိတယ္။ ျပန္ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့အေနအထားမွာရွိတယ္။ က်ေနာ္တုိ႔မွာ စိုးရိမ္စိတ္ရွိပါတယ္။ က်ေနာ္တို႔ကိုေခၚတာ ...စဥ္နာမည္နဲ႔ေခၚတာလား။ အဲဒါကို က်ေနာ္တို႔က ....ထားရမွာေလ။ အခု လတ္တေလာက လံုးဝအဆင္မေျပတဲ့အေနအထား။ အဲဒီမွာရွိေနတဲ့လူေတာင္မွ လိုခ်င္မႈလံုးဝမရွိဘူး။ ....”

Noeleen Heyzer ရဲ႕ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ခရီးစဥ္ဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕အေရး အဓိကထား သြားေရာက္တဲ့ ခရီးစဥ္ျဖစ္ေၾကာင္း သံတမန္ေရး သတင္းရပ္ကြက္ကို ကိုးကားၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံထုတ္ သတင္းေတြမွာ ေဖၚျပပါတယ္။ ခရီးစဥ္အတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး အတြင္းဝန္ Masud Bin Momen နဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားသလို ႏိုင္ငံျခားေရး ဝန္ႀကီး Dr. AK Abdul Momen နဲ႔ ဝန္ႀကီးခ်ဳပ္ Sheikh Hasina တို႔ကိုလည္း ႏႈတ္ဆက္ေတြ႕ဆုံမယ့္အေၾကာင္း Daily Bangladesh သတင္းစာက ေရးပါတယ္။

ခရီးစဥ္ဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ တိုက္႐ိုက္ေတြ႕ဆုံႏိုင္ေရးအတြက္ ေကာဇ့္ဘဇားကို သြားေရာက္မွာ ျဖစ္သလို ၿမိဳ႕ေတာ္ဒါကာမွာ အာဏာပိုင္ေတြနဲ႔လည္း ေတြ႔ဆုံမွာ ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္တာ ၅ ႏွစ္ရွိေပမယ့္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ေတြအတိုင္း ဒုကၡသည္ေနရပ္ျပန္ပို႔ေရး အစီအစဥ္ေတြကေတာ့ ေရွ႕ မတိုးႏိုင္ဘဲ တဘက္နဲ႔တဘက္ အျပန္အလွန္အျပစ္တင္ရင္း ရပ္ဆိုင္းေနဆဲ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကလည္း ေသာင္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို နယ္ျခားဒုကၡသည္စခန္းေတြကေန Bhasan Char ကြ်န္းဆီ ေျပာင္းေရြ႕ေနတာေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္ေရး ေမွ်ာ္လင့္ခ်က္ေတြ ႏွစ္ေတြၾကာလာတာနဲ႔အမွ် တေျဖးေျဖး ပိုေဝးသြားမွာကို စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

၅ နှစ်ပြည့်လာပေမဲ့ ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး အလှမ်းဝေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ဖို့ဆိုရင် စစ်ကောင်စီဘက်က လုံခြုံရေးအရ အာမခံချက်ပေးဖို့လိုမယ်လို့ Cox's Bazar ဒုက္ခသည်စခန်းက ခေါင်းဆောင်တဦးက VOA ကိုပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ ဒုက္ခသည်တွေဘက်က သဘောထားကို ပြောဆိုတာပါ။ အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ၅ နှစ်ပြည့် အချိန်မှာပဲ Noeleen Heyzer ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေးရက်ကြာ ခရီး သွားရောက်တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးမှာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားပြတဲ့သူကို စီစစ်လက်ခံမယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သဘောတူထားတဲ့အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ပြန်လာနိုင်ရေးမျှော်လင့် ချက်က ခုထိမရေမရာသေးဘူးလို့ ကော့ဘဇားမှာရှိနေတဲ့ ဒုက္ခသည်တဦးက VOA ကို ပြောပါတယ်။

“မြန်မာနိုင်ငံကို၊ ရခိုင်ပြည်နယ်ကိုပြန်လာရမယ်ဆိုပြီး နိုင်ငံတကာ security ကို တောင်းဆိုထားတယ်။ ကျနော်တို့ရဲ့မူလနေရာဖြစ်တဲ့မြန်မာနိုင်ငံမှာ ကျနော်တို့ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်အကုန်လုံး ပြန်လည်ပေးရမယ်။ ကျနော်တို့ နိုင်ငံစ...တောင်းဆိုထားတယ်။ ..သူတို့ဘာတခုမှ ထူးခြားပြီးတော့ ....ဘာတခုမှလည်းမရှိဘူး။ အဓိက ကတော့ ကျနော်တို့ .....စစ်ကောင်စီကလက်ခံမယ်ဆိုလို့ရှိရင် ကျနော်တို့ ရိုဟင်ဂျာတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ ဘယ်လိုလက်ခံမလဲ၊ သူတို့ဘယ်လို စပြီးတော့ လှုပ်ရှားမလဲ ကျနော်တို့ တောင်းဆိုချက်တွေရှိတယ်။ ဒါကို သူတို့ဘယ်လို လိုက်လျောနိုင်မလဲဆိုပြီးတော့ ကျနော်တို့နဲ့ ဘာတခုမှလည်း ဆွေးနွေးခဲ့တာလည်းမရှိဘူး။ သူတို့က အွန်လိုင်းမှာ ....”

မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်မခံတဲ့အကြောင်းနဲ့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးဆိုပြီး မကြာသေးခင်ရက်ပိုင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ တွေ့ဆုံချိန်မှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း ဒုက္ခသည် ပြန်လည်လက်ခံရေးမှာ လက်ရှိ ရခိုင်ဒေသ တကြော့ပြန်ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီဘက် က တိုက်ပွဲတွေကြောင့်လည်း ဒုက္ခသည်တွေပြန်ပို့ရေးမှာ စိုးရိမ်မှုတွေရှိတဲအ့ကြောင်း ကော့ဘဇားမှာရောက်နေတဲ့ ကျောင်းဆရာတဦးဖြစ်တဲ့ ဦးခင်မောင်ကပြောပါတယ်။

“...မူတွေအရ တရွာကတေ တရွာသွားလို့မရဘူး။ တနေရာမှာပိတ်နေတယ်။ စားရေးသောက်ရေးအဆင်မပြေဘူး။ အဲဒါက အဓိကပြဿနာပါ။ အခု မောင်တောဘက်မှာရှိနေတဲ့လူတွေတောင်မှ မြို့နယ်...သွားလို့မရဘူး။ တရွာကနေ တရွာကို သွားလို့မရတဲ့အနေအထားမှာရှိတယ်။ ပြန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်။ ကျနော်တို့မှာ စိုးရိမ်စိတ်ရှိပါတယ်။ ကျနော်တို့ကိုခေါ်တာ ...စဉ်နာမည်နဲ့ခေါ်တာလား။ အဲဒါကို ကျနော်တို့က ....ထားရမှာလေ။ အခု လတ်တလောက လုံးဝအဆင်မပြေတဲ့အနေအထား။ အဲဒီမှာရှိနေတဲ့လူတောင်မှ လိုချင်မှုလုံးဝမရှိဘူး။ ....”

Noeleen Heyzer ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အရေး အဓိကထား သွားရောက်တဲ့ ခရီးစဉ်ဖြစ်ကြောင်း သံတမန်ရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြပါတယ်။ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် Masud Bin Momen နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen နဲ့ ဝန်ကြီးချုပ် Sheikh Hasina တို့ကိုလည်း နှုတ်ဆက်တွေ့ဆုံမယ့်အကြောင်း Daily Bangladesh သတင်းစာက ရေးပါတယ်။

ခရီးစဉ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်ရေးအတွက် ကောဇ့်ဘဇားကို သွားရောက်မှာ ဖြစ်သလို မြို့တော်ဒါကာမှာ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ နယူးယောက် ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်တာ ၅ နှစ်ရှိပေမယ့် နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ဒုက္ခသည်နေရပ်ပြန်ပို့ရေး အစီအစဉ်တွေကတော့ ရှေ့ မတိုးနိုင်ဘဲ တဘက်နဲ့တဘက် အပြန်အလှန်အပြစ်တင်ရင်း ရပ်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နယ်ခြားဒုက္ခသည်စခန်းတွေကနေ Bhasan Char ကျွန်းဆီ ပြောင်းရွေ့နေတာကြောင့် မြန်မာနိုင်ငံကို ပြန်ရေး မျှော်လင့်ချက်တွေ နှစ်တွေကြာလာတာနဲ့အမျှ တဖြေးဖြေး ပိုဝေးသွားမှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG