သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရးၿမိဳ႕မရဲစခန္းမွဴးတိုက္ခိုက္ခံရလို႔ ေသဆံုး 


မြန္ျပည္နယ္၊ ေရးၿမိဳ႕မရဲစခန္း (Courtesty photo)

[[Zawgyi/Unicode]]

မြန္ျပည္နယ္ ေရးၿမိဳ႕မွာ ၿမိဳ႕မရဲစခန္းမႉးပါတဲ့ကား တိုက္ခိုက္ခံရတဲ့အတြက္ စခန္းမႉးအပါအဝင္ ၃ ဦး ေသဆုံးသြားပါတယ္။ မနက္ပိုင္းတိုက္ခိုက္မႈျဖစ္အၿပီး လုံၿခဳံေရးတင္းၾကပ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေရးၿမိဳ႕က ေနာက္ဆုံးသိရတဲ့အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၂၃ ရက္ မနက္ ၈ နာရီေက်ာ္ေလာက္က မြန္ျပည္နယ္ ေရးၿမိဳ႕အထြက္ဘက္ က်ဳံေလာင္း႐ြာသစ္နားမွာ စခန္းမႉးစီးလာတဲ့ကားတစ္စီး ပစ္ခတ္တိုက္ခိုက္ခံရလို႔ ေရးၿမိဳ႕မရဲစခန္းမႉးနဲ႔ တပ္ဖြဲ႕ဝင္ ၂ ဦး စုစုေပါင္း ၃ ဦးေသဆုံးခဲ့ပါတယ္။ ကားကိုလည္း မီးရႈိ႕ဖ်က္စီးသြားပုံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“စခန္းမႉးနဲ႔လိုက္တဲ့တေယာက္ ၂ ေယာက္ က်ဳံေလာင္း႐ြာသစ္အဝင္းနာမွာ ပစ္ခတ္ခံရတာ။ ကားကိုမီးရႈိ႕သြားေတာ့ ဒီ..သူတို႔ပါ - body ပါ မီးေလာင္သြားတာေပါ့။”

မနက္ပိုင္းက တိုက္ခိုက္မႈျဖစ္ခဲ့ၿပီးေနာက္ ၿမိဳ႕အဝင္အထြက္ဂိတ္ေတြမွာ အစစ္အေဆး တင္းၾကပ္ေနသလို ၿမိဳ႕တြင္းမွာလည္း လူအသြားအလာ က်ဲသြားတယ္လို႔ ေနာက္ၿမိဳ႕ခံတဦးကလည္း VOA ကို ခုလိုေျပာပါတယ္။

“စခန္းမႉးတေယာက္ရယ္၊ ရဲတပ္သား ၃ ေယာက္ေလာက္ ထိသြားတယ္ေျပာတယ္။ ကားပါ မီးရႈိ႕ထားတယ္လို႔ ေျပာၾကတယ္။ ကိုယ္တိုင္သြားေတြ႔ (သြားၾကည့္) တာေတာ့ မဟုတ္ေသးဘူးေပါ့။ အသံေတာ့ အက်ယ္ႀကီးပဲ။ ေရးၿမိဳ႕တၿမိဳ႕လုံးက အခု အသြားအလာေတာ့ မရွိေတာ့ဘူး။ တံတားႀကီးမွာေတာ့ စစ္ေဆးတာေပါ့။ ဒါေပမယ့္ ၿမိဳ႕ထဲမွာေတာ့ မစစ္ေဆးေသးဘူး။ စစ္ကားေတြေတာ့ သြားလာေနတာရွိတယ္၊ ကား ၃-၄ စီးေလာက္ သူတို႔ သြား လွည့္ပတ္ေနတာေပါ့၊ ၿမိဳ႕အျပင္မွာေတာ့ ခဏခဏစစ္တယ္။”

က်ဳံေလာင္း႐ြာသစ္ဟာ ေရးၿမိဳ႕အထြက္ဘက္ ေမာ္လၿမိဳင္-ေရး-ထားဝယ္ကားလမ္းမႀကီးေပၚမွာ တည္ရွိေနတာပါ။ ေရးၿမိဳနယ္ အေျခစိုက္ ခလရ ၆၁ ေျချမန္တပ္ရင္းနဲ႔ ေရးတံတားႀကီးဂိတ္နားကေန ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ တိုက္ခိုက္မႈျဖစ္ၿပီး စစ္ေကာင္စီတပ္ေတြဟာ ေမာ္လၿမိဳင္-ေရး-ထားဝယ္ကားလမ္းမႀကီးေပၚမွာရွိတဲ့ ၿမိဳ႕အဝင္အထြက္ ဂိတ္ေတြကို စစ္ေဆးမႈတင္းၾကပ္ေနပါတယ္။ နယ္ေဝးခရီးသည္တင္ကားေတြဆိုရင္ ခရီးသြားေတြကို လမ္းဆင္းေလွ်ာက္ခိုင္းၿပီး စစ္ေဆးေမးျမန္းသလို ဆိုင္ကယ္နဲ႔သြားလာသူေတြလည္း စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။

“အဲ့လိုျဖစ္စဥ္ျဖစ္ၿပီးေတာ့ ခုေလာေလာဆယ္ ၿမိဳ႕မွာ နည္းနည္း လူေျခာက္သြားတာေပါ့ေနာ္၊ လူသြားလူလာနည္းတယ္။ ၿပီးေတာ့က် ဒီၿမိဳ႕နယ္အဝင္အထြက္ေတြေတာ့ ခါတိုင္းလို ျပန္တင္းၾကပ္ၿပီးစစ္ေဆးေနတာေပါ့။ ဆိုင္ကယ္ဆိုရင္ေတာ့ ဖင္ထိုင္ခုံကိုစစ္တယ္ေပါ့ေနာ္။ မသကၤာတဲ့ဟာဆိုရင္ သူတို႔ ဟိုရွာဒီရွာလုပ္ အဲ့ေလာက္ပဲ။ အဲ့လိုျဖစ္စဥ္ေတြ ျဖစ္ၿပီးဆိုရင္ေတာ့ နည္းနည္း သတိဝိရိယနဲ႔သြား ဒီေလာက္ပဲေပါ့။”

ေရးၿမိဳ႕မွာရွိတဲ့ ၿမိဳ႕မရဲစခန္းအျပင္ အစိုးရ႐ုံးတခ်ိဳ႕မွာ အရင္လည္း ေပါက္ကြဲမႈေတြ၊ ပစ္ခတ္တိုက္ခိုက္မႈေတြ အရင္ကလည္း ရွိခဲ့ဖူးပါတယ္။ ဒီေန႔မနက္ ပစ္ခတ္မႈကိုေတာ့ ေရးဘီလူးအဖြဲ႕က သူတို႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ လူမႈကြန္ရက္ေပၚမွာ ထုတ္ျပန္ခဲ့ပါတယ္။ အခုလို ေရးၿမိဳ႕မရဲစခန္းမႉး ေသဆုံးခဲ့တဲ့ တိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရေးမြို့မရဲစခန်းမှူးတိုက်ခိုက်ခံရလို့ သေဆုံး

မွန်ပြည်နယ် ရေးမြို့မှာ မြို့မရဲစခန်းမှူးပါတဲ့ကား တိုက်ခိုက်ခံရတဲ့အတွက် စခန်းမှူးအပါအဝင် ၃ ဦး သေဆုံးသွားပါတယ်။ မနက်ပိုင်းတိုက်ခိုက်မှုဖြစ်အပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေးမြို့က နောက်ဆုံးသိရတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈ နာရီကျော်လောက်က မွန်ပြည်နယ် ရေးမြို့အထွက်ဘက် ကျုံလောင်းရွာသစ်နားမှာ စခန်းမှူးစီးလာတဲ့ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရလို့ ရေးမြို့မရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပါတယ်။ ကားကိုလည်း မီးရှို့ဖျက်စီးသွားပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စခန်းမှူးနဲ့လိုက်တဲ့တယောက် ၂ ယောက် ကျုံလောင်းရွာသစ်အဝင်းနာမှာ ပစ်ခတ်ခံရတာ။ ကားကိုမီးရှို့သွားတော့ ဒီ..သူတို့ပါ - body ပါ မီးလောင်သွားတာပေါ့။”

မနက်ပိုင်းက တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် မြို့အဝင်အထွက်ဂိတ်တွေမှာ အစစ်အဆေး တင်းကြပ်နေသလို မြို့တွင်းမှာလည်း လူအသွားအလာ ကျဲသွားတယ်လို့ နောက်မြို့ခံတဦးကလည်း VOA ကို ခုလိုပြောပါတယ်။

“စခန်းမှူးတယောက်ရယ်၊ ရဲတပ်သား ၃ ယောက်လောက် ထိသွားတယ်ပြောတယ်။ ကားပါ မီးရှို့ထားတယ်လို့ ပြောကြတယ်။ ကိုယ်တိုင်သွားတွေ့ (သွားကြည့်) တာတော့ မဟုတ်သေးဘူးပေါ့။ အသံတော့ အကျယ်ကြီးပဲ။ ရေးမြို့တမြို့လုံးက အခု အသွားအလာတော့ မရှိတော့ဘူး။ တံတားကြီးမှာတော့ စစ်ဆေးတာပေါ့။ ဒါပေမယ့် မြို့ထဲမှာတော့ မစစ်ဆေးသေးဘူး။ စစ်ကားတွေတော့ သွားလာနေတာရှိတယ်၊ ကား ၃-၄ စီးလောက် သူတို့ သွား လှည့်ပတ်နေတာပေါ့၊ မြို့အပြင်မှာတော့ ခဏခဏစစ်တယ်။”

ကျုံလောင်းရွာသစ်ဟာ ရေးမြို့အထွက်ဘက် မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာ တည်ရှိနေတာပါ။ ရေးမြိုနယ် အခြေစိုက် ခလရ ၆၁ ခြေမြန်တပ်ရင်းနဲ့ ရေးတံတားကြီးဂိတ်နားကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာရှိတဲ့ မြို့အဝင်အထွက် ဂိတ်တွေကို စစ်ဆေးမှုတင်းကြပ်နေပါတယ်။ နယ်ဝေးခရီးသည်တင်ကားတွေဆိုရင် ခရီးသွားတွေကို လမ်းဆင်းလျှောက်ခိုင်းပြီး စစ်ဆေးမေးမြန်းသလို ဆိုင်ကယ်နဲ့သွားလာသူတွေလည်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“အဲ့လိုဖြစ်စဉ်ဖြစ်ပြီးတော့ ခုလောလောဆယ် မြို့မှာ နည်းနည်း လူခြောက်သွားတာပေါ့နော်၊ လူသွားလူလာနည်းတယ်။ ပြီးတော့ကျ ဒီမြို့နယ်အဝင်အထွက်တွေတော့ ခါတိုင်းလို ပြန်တင်းကြပ်ပြီးစစ်ဆေးနေတာပေါ့။ ဆိုင်ကယ်ဆိုရင်တော့ ဖင်ထိုင်ခုံကိုစစ်တယ်ပေါ့နော်။ မသင်္ကာတဲ့ဟာဆိုရင် သူတို့ ဟိုရှာဒီရှာလုပ် အဲ့လောက်ပဲ။ အဲ့လိုဖြစ်စဉ်တွေ ဖြစ်ပြီးဆိုရင်တော့ နည်းနည်း သတိဝိရိယနဲ့သွား ဒီလောက်ပဲပေါ့။”

ရေးမြို့မှာရှိတဲ့ မြို့မရဲစခန်းအပြင် အစိုးရရုံးတချို့မှာ အရင်လည်း ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒီနေ့မနက် ပစ်ခတ်မှုကိုတော့ ရေးဘီလူးအဖွဲ့က သူတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ရေးမြို့မရဲစခန်းမှူး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

XS
SM
MD
LG