သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွစ္ေလးလုံး ၃၄ ႏွစ္ျပည့္ ထီးသပိတ္နဲ႔ လႈပ္ရွားမႈတခ်ိဳ႕


အင္းလ်ားကန္ေဘာင္ေပၚက ရန္ကုန္လူထုရဲ႕ ၈ ေလးလံုးလႈပ္ရွားမႈ (ၾသဂုတ္ ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ရွစ္ေလးလုံး ၃၄ ႏွစ္ျပည့္ ထီးသပိတ္နဲ႔ လႈပ္ရွားမႈတခ်ိဳ႕

ၾသဂုတ္လ ၈ ရက္၊ ဒီေန႔က်ေရာက္တဲ့ ၃၄ ႏွစ္ေျမာက္ ၈ ေလးလုံး ဒီမိုကေရစီ လႈပ္ရွားမႈ အထိမ္းအမွတ္ လႈပ္ရွားမႈေတြ ျမန္မာႏိုင္ငံ ေနရာတခ်ိဳ႕မွာ တက္ႂကြလႈပ္ရွားသူေတြ က်င္းပခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ က်ေရာက္တဲ့ ရွစ္ေလးလုံးႏွစ္ပတ္လည္ေန႔ျဖစ္ပါတယ္။ ႏိုင္ငံေရးဖိႏွိပ္မႈေတြၾကားက ရွစ္ေလးလုံးႏွစ္ပတ္လည္ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈတခ်ိဳ႕အေၾကာင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ဩဂုတ္လ ၈ ရက္ ဒီေန႔ တနလၤာေန႔မွာ က်ေရာက္တဲ့ ၃၄ ႏွစ္ေျမာက္ ၈၈၈၈ အေရးေတာ္ပုံ ႏွစ္ပတ္လည္ေန႔အျဖစ္ တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ "မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔ အတူ႐ုန္း" ဆိုတဲ့ စာတန္းကိုကိုင္ေဆာင္ၿပီး ရန္ကုန္ၿမိဳ႕နဲ႔ ေနရာတခ်ိဳ႕မွာ လွ်ပ္တျပက္ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ ရန္ကုန္ၿမိဳ႕အတြင္း လူအသြားအလာမ်ားၿပီး စစ္ေကာင္စီတပ္ဖြဲ႕ေတြရွိေနတတ္တဲ့ ေနရာေတြထဲမွာပဲ လႈပ္ရွားမႈတခ်ိဳ႕ ရွိခဲ့တာပါ။ ဆူးေလနဲ႔ အင္းလ်ားကန္ေဘာင္နားမွာ နံပါတ္ ၈ ကဏန္းေရးထားတဲ့ ထီးအနက္ေရာင္ေဆာင္းၿပီး လူငယ္ေလးဦးက ၈၈၈၈ ႏွစ္ပတ္လည္ေန႔ကို ထီးသပိတ္အျဖစ္ လႈပ္ရွားခဲ့ပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္မွာလည္း ေက်ာင္းသားသမဂၢအဖြဲ႕ေတြ ပူးေပါင္းၿပီး မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔အတူ႐ုန္း ဆိုတဲ့စာသားကို ၿမိဳ႕နယ္တြင္းက ေနရာတခုမွာခ်ိတ္ဆြဲခဲ့တဲ့အေၾကာင္း ေ႐ႊျပည္သာၿမိဳ႕နယ္ သပိတ္ေကာ္မတီ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ေ႐ႊျပည္သာၿမိဳ႕နယ္ ေက်ာင္းသားသမဂၢအေနနဲ႔ လုပ္တယ္ဗ်။ ေ႐ႊျပည္သာသပိတ္ေကာ္မတီက ေျမျပင္သပိတ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ခဏရပ္နားထားတယ္ဗ်။ တျခားကိစၥရပ္ေလးေတြ ရွိလို႔ပါ။ က်ေနာ္တို႔ရဲ႕ ပုခုံးေပၚကိုေရာက္ လာတဲ့ သမိုင္းေပးတာဝန္ေတြကို ႐ြပ္႐ြပ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ဖို႔အတြက္ တာဝန္ရွိတယ္လို႔ ထင္ထားတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ေတြက ဒီလိုမ်ိဳး စစ္အာဏာရွင္ျပဳတ္က်ေရးအတြက္ အဓိကလုပ္ေဆာင္ေနျခင္းပဲ ျဖစ္ပါတယ္။"

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္မွာလည္း ၃၄ ႏွစ္ေျမာက္ ၈၈၈၈ ဒီမိုကေရစီ အေရးေတာ္ပုံ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ဒီကေန႔ မနက္ပိုင္း လႈပ္ရွားမႈ တခ်ိဳ႕ ရွိခဲ့တာကို ယင္းမာပင္ - ဆားလင္းႀကီး ေက်း႐ြာေပါင္းစုံသပိတ္ ေကာ္မတီ ဦးေဆာင္သူတဦးက VOA ကို ေျပာပါတယ္။

"သပိတ္စာသားကေတာ့ တႏိုင္ငံလုံးမွာသုံးတဲ့ စာသားအတိုင္းပါပဲ - မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔ အတူ႐ုန္း ဆိုတဲ့ စာသားနဲ႔ပဲ က်ေနာ္တို႔သြားခဲ့တာေပါ့ေလ။ ေနာက္တခ်က္ကေတာ့ က်ေနာ္တို႔ အနီေရာင္အက်ႌေတြ ဝတ္ဆင္ၿပီးေတာ့မွ ခ်ီတက္ခဲ့ၾကတယ္ေပါ့ေနာ္။ ဒီေဒသတြင္း သပိတ္အင္အားစုေတြ ေပါင္းစုၿပီးေတာ့ ထိုင္သပိတ္ ၁ နာရီခန႔္ က်င္းပၿပီးေတာ့မွ လာေရာက္ပူးေပါင္းေပးတဲ့ သပိတ္ေခါင္းေဆာင္ေတြက လူထုကို သပိတ္တရားေတြ ေဟာၾကားတယ္။ ၿပီးရင္ေတာ့ အခု ေတာ္လွန္ေရးအဆုံးသတ္ ေအာင္ပြဲေတြမွာ လူထုပါဝင္မႈ အေရးႀကီးတဲ့အေၾကာင္း၊ ေတာ္လွန္ေရးေအာင္ႏိုင္ဖို႔ လူထုေတြဆက္လက္ၿပီးေတာ့ ရွစ္ေလးလုံးတုန္းက မၿပီးဆုံးေသးတဲ့တာဝန္ကို ဒီ ၂၀၂၁ ေႏြဦးေတာ္လွန္ေရးမွာ အားလုံးအားေကာင္းေမာင္းသန္ ထမ္းပိုးၿပီးေတာ့ ဆက္လက္ နင္းေလွ်ာက္ ေတာ္လွန္ၾကဖို႔၊ ဒီေလာက္ပါပဲဗ်။"

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ရဲ႕ ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းကေတာ့ စစ္အာဏာရွင္အဆက္ဆက္က ရွစ္ေလးလုံးရဲ႕ အရွိန္အဟုန္ကိုတားဆီးဖို႔ နည္းလမ္းေပါင္းစုံနဲ႔ အၾကမ္းဖက္ခဲ့တယ္လို႔ ရွစ္ေလးလုံး အထိမ္းအမွတ္ အြန္လိုင္းကေန မိန႔္ခြန္းေျပာၾကားထားပါတယ္။ ဒီကေန႔ ေႏြဦးေတာ္လွန္ေရးအထိ တႏိုင္ငံလုံးက အသက္ေပးၿပီး ဆန႔္က်င္ေနၾကတာဟာ ေလးစား၊ ဂုဏ္ယူဖို႔ေကာင္းတယ္လို႔ ေျပာဆိုသြားပါတယ္။

"ရွစ္ေလးလုံး အေရးေတာ္ပုံႀကီးမွသည္ ၂၀၂၁ ခုႏွစ္ ေႏြဦးေတာ္လွန္ေရးအထိ အခက္အခဲ၊ အက်ပ္အတည္းမ်ားကို ရင္ဆိုင္ေက်ာ္လႊားၿပီး စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေပၚထြန္းေရး၊ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး ျပည့္ဝေရးတို႔အတြက္ ေတာ္လွန္ေနၾကတာဟာ ေတာ္႐ုံတန္႐ုံ ယုံၾကည္ခ်က္၊ ဇြဲ၊ လုံ႔လ၊ သတၱိ၊ စိတ္ဓာတ္ျဖင့္ မရႏိုင္ပါဘူး။ ၿမဲၿမံခိုင္ၿမဲတဲ့ ႏိုင္ငံေရးသႏၵိ႒ာန္ေၾကာင့္သာလ်င္ ျဖစ္ပါတယ္။ ဒါဟာ ျမန္မာ့ေျမေပၚကေန အာဏာရွင္စနစ္ အၿပီးတိုင္ခ်ဳပ္ၿငိမ္း၊ ေပ်ာက္ကြယ္သြားေစေရးအတြက္ ျဖစ္ပါတယ္။"

ဒီမိုကေရစီအေရး လႈပ္ရွားသူေတြနဲ႔ အဖြဲ႕အစည္းအသီးသီးကလည္း ၈၈၈၈ အေရးေတာ္ပုံ ႏွစ္ပတ္လည္ အထိမ္းအမွတ္ ေၾကညာခ်က္ေတြ ထုတ္ျပန္သလို လႈပ္ရွားမႈေတြ ေနရာအႏွံ႔မွာ က်င္းပပါတယ္။ ၃၄ ႏွစ္ေျမာက္ ရွစ္ေလးလုံးႏွစ္ပတ္လည္ေန႔ မတိုင္ခင္ေလးမွာပဲ ထင္ရွားတဲ့ ရွစ္ဆယ့္ရွစ္မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီအပါအဝင္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြကို စစ္ေကာင္စီဘက္က ေသဒဏ္ေပး ကြပ္မ်က္လိုက္တာေၾကာင့္ ႏိုင္ငံတကာက ေဝဖန္ရႈတ္ခ်ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ရန္ကုန္အေမရိကန္ သံ႐ုံးကေတာ့ ကိုဂ်င္မီအပါအဝင္ ဒီမိုကေရစီေရးအတြက္ လႈပ္ရွားရင္း အသက္ဆုံးပါးခဲ့သူေတြကို အမွတ္တရ ဂုဏ္ျပဳတဲအ့ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရှစ်လေးလုံး ၃၄ နှစ်ပြည့် ထီးသပိတ်နဲ့ လှုပ်ရှားမှုတချို့

သြဂုတ်လ ၈ ရက်၊ ဒီနေ့ကျရောက်တဲ့ ၃၄ နှစ်မြောက် ၈ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု အထိမ်းအမှတ် လှုပ်ရှားမှုတွေ မြန်မာနိုင်ငံ နေရာတချို့မှာ တက်ကြွလှုပ်ရှားသူတွေ ကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျရောက်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ နိုင်ငံရေးဖိနှိပ်မှုတွေကြားက ရှစ်လေးလုံးနှစ်ပတ်လည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတချို့အကြောင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဩဂုတ်လ ၈ ရက် ဒီနေ့ တနင်္လာနေ့မှာ ကျရောက်တဲ့ ၃၄ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် တက်ကြွလှုပ်ရှားသူတချို့ "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့ အတူရုန်း" ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး ရန်ကုန်မြို့နဲ့ နေရာတချို့မှာ လျှပ်တပြက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့အတွင်း လူအသွားအလာများပြီး စစ်ကောင်စီတပ်ဖွဲ့တွေရှိနေတတ်တဲ့ နေရာတွေထဲမှာပဲ လှုပ်ရှားမှုတချို့ ရှိခဲ့တာပါ။ ဆူးလေနဲ့ အင်းလျားကန်ဘောင်နားမှာ နံပါတ် ၈ ကဏန်းရေးထားတဲ့ ထီးအနက်ရောင်ဆောင်းပြီး လူငယ်လေးဦးက ၈၈၈၈ နှစ်ပတ်လည်နေ့ကို ထီးသပိတ်အဖြစ် လှုပ်ရှားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်မှာလည်း ကျောင်းသားသမဂ္ဂအဖွဲ့တွေ ပူးပေါင်းပြီး မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း ဆိုတဲ့စာသားကို မြို့နယ်တွင်းက နေရာတခုမှာချိတ်ဆွဲခဲ့တဲ့အကြောင်း ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကျနော်တို့ ရွှေပြည်သာမြို့နယ် ကျောင်းသားသမဂ္ဂအနေနဲ့ လုပ်တယ်ဗျ။ ရွှေပြည်သာသပိတ်ကော်မတီက မြေပြင်သပိတ်တွေနဲ့ ပတ်သက်ပြီးတော့ ခဏရပ်နားထားတယ်ဗျ။ တခြားကိစ္စရပ်လေးတွေ ရှိလို့ပါ။ ကျနော်တို့ရဲ့ ပုခုံးပေါ်ကိုရောက် လာတဲ့ သမိုင်းပေးတာဝန်တွေကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ဖို့အတွက် တာဝန်ရှိတယ်လို့ ထင်ထားတဲ့အတွက်ကြောင့် ကျနော်တို့တွေက ဒီလိုမျိုး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဓိကလုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။"

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း ၃၄ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဒီကနေ့ မနက်ပိုင်း လှုပ်ရှားမှု တချို့ ရှိခဲ့တာကို ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ် ကော်မတီ ဦးဆောင်သူတဦးက VOA ကို ပြောပါတယ်။

"သပိတ်စာသားကတော့ တနိုင်ငံလုံးမှာသုံးတဲ့ စာသားအတိုင်းပါပဲ - မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့ အတူရုန်း ဆိုတဲ့ စာသားနဲ့ပဲ ကျနော်တို့သွားခဲ့တာပေါ့လေ။ နောက်တချက်ကတော့ ကျနော်တို့ အနီရောင်အင်္ကျီတွေ ဝတ်ဆင်ပြီးတော့မှ ချီတက်ခဲ့ကြတယ်ပေါ့နော်။ ဒီဒေသတွင်း သပိတ်အင်အားစုတွေ ပေါင်းစုပြီးတော့ ထိုင်သပိတ် ၁ နာရီခန့် ကျင်းပပြီးတော့မှ လာရောက်ပူးပေါင်းပေးတဲ့ သပိတ်ခေါင်းဆောင်တွေက လူထုကို သပိတ်တရားတွေ ဟောကြားတယ်။ ပြီးရင်တော့ အခု တော်လှန်ရေးအဆုံးသတ် အောင်ပွဲတွေမှာ လူထုပါဝင်မှု အရေးကြီးတဲ့အကြောင်း၊ တော်လှန်ရေးအောင်နိုင်ဖို့ လူထုတွေဆက်လက်ပြီးတော့ ရှစ်လေးလုံးတုန်းက မပြီးဆုံးသေးတဲ့တာဝန်ကို ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ အားလုံးအားကောင်းမောင်းသန် ထမ်းပိုးပြီးတော့ ဆက်လက် နင်းလျှောက် တော်လှန်ကြဖို့၊ ဒီလောက်ပါပဲဗျ။"

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ စစ်အာဏာရှင်အဆက်ဆက်က ရှစ်လေးလုံးရဲ့ အရှိန်အဟုန်ကိုတားဆီးဖို့ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခဲ့တယ်လို့ ရှစ်လေးလုံး အထိမ်းအမှတ် အွန်လိုင်းကနေ မိန့်ခွန်းပြောကြားထားပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးအထိ တနိုင်ငံလုံးက အသက်ပေးပြီး ဆန့်ကျင်နေကြတာဟာ လေးစား၊ ဂုဏ်ယူဖို့ကောင်းတယ်လို့ ပြောဆိုသွားပါတယ်။

"ရှစ်လေးလုံး အရေးတော်ပုံကြီးမှသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအထိ အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြည့်ဝရေးတို့အတွက် တော်လှန်နေကြတာဟာ တော်ရုံတန်ရုံ ယုံကြည်ချက်၊ ဇွဲ၊ လုံ့လ၊ သတ္တိ၊ စိတ်ဓာတ်ဖြင့် မရနိုင်ပါဘူး။ မြဲမြံခိုင်မြဲတဲ့ နိုင်ငံရေးသန္ဒိဋ္ဌာန်ကြောင့်သာလျင် ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၊ ပျောက်ကွယ်သွားစေရေးအတွက် ဖြစ်ပါတယ်။"

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းအသီးသီးကလည်း ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် ကြေညာချက်တွေ ထုတ်ပြန်သလို လှုပ်ရှားမှုတွေ နေရာအနှံ့မှာ ကျင်းပပါတယ်။ ၃၄ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မတိုင်ခင်လေးမှာပဲ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီဘက်က သေဒဏ်ပေး ကွပ်မျက်လိုက်တာကြောင့် နိုင်ငံတကာက ဝေဖန်ရှုတ်ချနေတဲ့အချိန်ဖြစ်ပါတယ်။ ရန်ကုန်အမေရိကန် သံရုံးကတော့ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ဆုံးပါးခဲ့သူတွေကို အမှတ်တရ ဂုဏ်ပြုတဲအ့ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG