သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီေရး အသက္ေပးသူေတြ အမွတ္တရ အေမရိကန္သံ႐ုံးထုတ္ျပန္


၈ ေလးလံုးအေရးေတာ္ပံု ၃၄ ႏွစ္ျပည့္မွာ ရန္ကုန္ၿမိဳ႕မွာဖြင့္လွစ္ထားတဲ့ အေမရိကန္သံ႐ံုးရဲ႕ ေတာင္းဆိုေၾကညာခ်က္။ (ၾသဂုတ္ ၈၊ ၂၀၂၂/ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုး)

[[Zawgyi/Unicode]]

ၾသဂုတ္လ ၈ ရက္၊ ဒီကေန႔က်ေရာက္တဲ့ ၈ ေလးလုံး ဒီမိုကေရစီလႈပ္ရွားမႈ ၃၄ ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔အတြက္ ျပည္တြင္းျပည္ပ အထိမ္းအမွတ္လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကခ်ိန္မွာပဲ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးက ျမန္မာျပည္သူေတြလိုလားေတာင့္တတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္ေရးေတြကို ေလးစားလိုက္နာဖို႔ စစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၃၄ ႏွစ္ ၁၉၈၈ ၾသဂုတ္လ ၈ ရက္ေန႔က သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြက လူ႔အခြင့္ေရးအတြက္ေရာ ႏွစ္နဲ႔ခ်ီတဲ့ စစ္အုပ္ခ်ဳပ္ေရး အဆုံးသတ္ဖို႔ပါ ဆႏၵျပခဲ့တာ ျဖစ္ၿပီး မၾကာေသးခင္ကမွ အကြပ္မ်က္ခံခဲ့ရတဲ့ ကိုဂ်င္မီအပါအဝင္ ဒီမိုကေရစီေရးအတြက္ လႈပ္ရွားရင္း အသက္ေပးခဲ့ရသူအားလုံးကို ၈၈၈၈ အေရးေတာ္ပုံရဲ႕ ဝမ္းနည္းဖြယ္ ႏွစ္ပတ္လည္ေန႔မွာ အမွတ္တရ ဂုဏ္ျပဳေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး တနလၤာေန႔ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ လြတ္လပ္မႈနဲ႔ ဒီမိုကေရစီေရး အတြက္ ႀကိဳးပမ္းအားထုတ္ ေနၾကတဲ့ ျမန္မာျပည္သူေတြနဲ႔ အတူရပ္တည္ေၾကာင္းလည္း ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ျပဳလုပ္တဲ့ ၈၈၈၈ အထိမ္းအမွတ္ေန႔ကို လုံၿခဳံေရးေတြ တင္းၾကပ္ထားတဲ့ ရန္ကုန္ၿမိဳ႕မွာ တက္ႂကြလႈပ္ရွားသူ တခ်ိဳ႕က "မၿပီးဆုံးေသးတဲ့ ၈ ေလးလုံး လူထုလြတ္ေျမာက္ေရး တို႔အတူ႐ုန္း" ဆိုတဲ့ စာတန္းကိုကိုင္ေဆာင္ၿပီး လွ်ပ္တျပက္ဆႏၵျပခဲ့ၾကသလို ထီးသပိတ္လည္း ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတိုင္း ဆလင္းႀကီးၿမိဳ႕နယ္မွာလည္း ေဒသတြင္း သပိတ္အင္အားစုေတြ စုေပါင္းၿပီး ခ်ီတက္ဆႏၵျပတာနဲ႔ ထိုင္သပိတ္ေတြျပဳလုပ္ခဲ့ၾကပါတယ္။

၈၈၈၈ အထိမ္းအမွတ္ေန႔အတြက္ အေမရိကန္ႏိုင္ငံ နယူးေရာက္၊ ဝါရွင္တန္ဒီစီ၊ ဖို႔ဝိန္း၊ ဆန္ဖရန္စစ္ကို နဲ႔ ကေနဒါႏိုင္ငံ ဗန္ကူးဗား ၿမိဳ႕အျပင္ ဂ်ပန္ႏိုင္ငံအပါအဝင္ ျပည္ပေရာက္ ျမန္မာေတြလည္း သူတို႔ ေရာက္ေနတဲ့ ႏိုင္ငံေတြမွာ အထိမ္းအမွတ္ေတြ ျပဳလုပ္ေနၾကတာပါ။

#၈၈၈၈ #ရွစ္ေလးလံုးအထိမ္းအမွတ္ #အေမရိကန္သံ႐ံုး
================

[[Unicode]]

ဒီမိုကရေစီရေး အသက်ပေးသူတွေ အမှတ်တရ အမေရိကန်သံရုံးထုတ်ပြန်

သြဂုတ်လ ၈ ရက်၊ ဒီကနေ့ကျရောက်တဲ့ ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ၃၄ နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် ပြည်တွင်းပြည်ပ အထိမ်းအမှတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မြန်မာပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၃၄ နှစ် ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့က သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေက လူ့အခွင့်ရေးအတွက်ရော နှစ်နဲ့ချီတဲ့ စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ပါ ဆန္ဒပြခဲ့တာ ဖြစ်ပြီး မကြာသေးခင်ကမှ အကွပ်မျက်ခံခဲ့ရတဲ့ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ပေးခဲ့ရသူအားလုံးကို ၈၈၈၈ အရေးတော်ပုံရဲ့ ဝမ်းနည်းဖွယ် နှစ်ပတ်လည်နေ့မှာ အမှတ်တရ ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တနင်္လာနေ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေး အတွက် ကြိုးပမ်းအားထုတ် နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းလည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒုတိယမြောက် ပြုလုပ်တဲ့ ၈၈၈၈ အထိမ်းအမှတ်နေ့ကို လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တက်ကြွလှုပ်ရှားသူ တချို့က "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း" ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး လျှပ်တပြက်ဆန္ဒပြခဲ့ကြသလို ထီးသပိတ်လည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ဆလင်းကြီးမြို့နယ်မှာလည်း ဒေသတွင်း သပိတ်အင်အားစုတွေ စုပေါင်းပြီး ချီတက်ဆန္ဒပြတာနဲ့ ထိုင်သပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။

၈၈၈၈ အထိမ်းအမှတ်နေ့အတွက် အမေရိကန်နိုင်ငံ နယူးရောက်၊ ဝါရှင်တန်ဒီစီ၊ ဖို့ဝိန်း၊ ဆန်ဖရန်စစ်ကို နဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗား မြို့အပြင် ဂျပန်နိုင်ငံအပါအဝင် ပြည်ပရောက် မြန်မာတွေလည်း သူတို့ ရောက်နေတဲ့ နိုင်ငံတွေမှာ အထိမ်းအမှတ်တွေ ပြုလုပ်နေကြတာပါ။

#၈၈၈၈ #ရှစ်လေးလုံးအထိမ်းအမှတ် #အမေရိကန်သံရုံး
================

XS
SM
MD
LG