သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွန္ဟိုင္းမွာ ကိုဗစ္ရႉေဆး စတင္ေပး 


Virus Outbreak China

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံရဲ႕အႀကီးဆုံးၿမိဳ႕ ရွန္ဟိုင္းမွာ ဒီကေန႔ ဗုဒၶဟူးေန႔ကစၿပီး ပါးစပ္ကေန ရွဴသြင္းရတဲ့ COVID-19 ကာကြယ္ေဆးအစီအစဥ္ စတင္ေနၿပီလို႔ ၿမိဳ႕ေတာ္အစိုးရ အဖြဲ႕က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၆ လအတြင္း ကိုဗစ္ကာကြယ္ေဆး အျပည့္ထိုးထားၿပီးတဲ့ အသက္ ၁၈ ႏွစ္ အထက္ရွိသူေတြ ႀကိဳတင္စာရင္းေပးသြင္းရမွာျဖစ္ၿပီး ပါးစပ္ကေန ရႉသြင္းရတဲ့ COVID-19 ကာကြယ္ေဆး တႀကိမ္အခမဲ့ရမွာျဖစ္ပါတယ္။ ဒီလို ရႉသြင္းတဲ့ ကိုဗစ္ကာကြယ္ေဆးအတြက္ အခ်ိန္ တမိနစ္ေအာက္ပဲ ၾကာတာပါ။

ရႉသြင္း COVID-19 ကာကြယ္ေဆးက ႏို႔လက္ဘက္ရည္တခြက္ကို အနံ႔ရႉရတာနဲ႔ တူၿပီး နည္းနည္းခ်ိဳတဲ့အရသာရွိတယ္လို႔ ကာကြယ္ေဆး ရႉသြင္းခဲ့တဲ့ ရွန္ဟိုင္းေဒသခံ တေယာက္ကေျပာပါတယ္။ ဒီကာကြယ္ေဆးကို ရႉၿပီးၿပီးခ်င္း နာရီဝက္ေနရင္ အိမ္ျပန္အနားယူဖို႔နဲ႔ တပတ္အတြင္း အရက္ေသစာ ေသာက္သုံးဖို႔ မသင့္တဲ့အေၾကာင္း ကာကြယ္ေဆးထိုးလုပ္ငန္း အစီအစဥ္ေတြကို ေဆာင္႐ြက္ေပးေနတဲ့ က်န္းမာေရးစင္တာက တာဝန္ရွိသူတေယာက္က ေျပာပါတယ္။

ရႉသြင္း ကိုဗစ္ေဆးက အႏၲရာယ္မျဖစ္ေစႏိုင္တဲ့ သာမန္အေအးမိဖ်ားနာ ဗိုင္းရပ္စ္ပိုး မ်ိဳးဗီဇကို အေျခခံေဖာ္စပ္ထားတာျဖစ္ပါတယ္။ ႏွာေခါင္းက ရႉသြင္းလိုက္တဲ့ ေဆးက အဆုတ္တစ္ရႉးေတြအထိ ျပန႔္ႏွံ႔သြားၿပီး ခႏၵာကိုယ္ထဲက ပဋိပစၥည္းထြက္ေပၚလာေအာင္လႈံ႕ေဆာ္ေပးတာပါ။

ပန္းနာရင္က်ပ္၊ နာတာရွည္ အဆုတ္ေလႁပြန္လမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အဆုတ္အ႐ိုးပြေရာဂါနဲ႔ အဆုတ္ေရာဂါရွိတဲ့သူေတြအတြက္ေတာ့ ရႉသြင္း ကိုဗစ္ေဆးကို မသုံးသင့္ဘူးလို႔ ရွန္ဟိုင္းကာကြယ္ေဆးထိုးအစီအစဥ္ အႀကီးအကဲက ေျပာပါတယ္။

ရွန္ဟိုင္းမွာ ကိုဗစ္ရွဴေဆး စတင္ေပး.mp3
please wait

No media source currently available

0:00 0:00:48 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရှန်ဟိုင်းမှာ ကိုဗစ်ရှူဆေး စတင်ပေး

တရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့ ရှန်ဟိုင်းမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ပါးစပ်ကနေ ရှူသွင်းရတဲ့ COVID-19 ကာကွယ်ဆေးအစီအစဉ် စတင်နေပြီလို့ မြို့တော်အစိုးရ အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးတဲ့ အသက် ၁၈ နှစ် အထက်ရှိသူတွေ ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပြီး ပါးစပ်ကနေ ရှူသွင်းရတဲ့ COVID-19 ကာကွယ်ဆေး တကြိမ်အခမဲ့ရမှာဖြစ်ပါတယ်။ ဒီလို ရှူသွင်းတဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် အချိန် တမိနစ်အောက်ပဲ ကြာတာပါ။

ရှူသွင်း COVID-19 ကာကွယ်ဆေးက နို့လက်ဘက်ရည်တခွက်ကို အနံ့ရှူရတာနဲ့ တူပြီး နည်းနည်းချိုတဲ့အရသာရှိတယ်လို့ ကာကွယ်ဆေး ရှူသွင်းခဲ့တဲ့ ရှန်ဟိုင်းဒေသခံ တယောက်ကပြောပါတယ်။ ဒီကာကွယ်ဆေးကို ရှူပြီးပြီးချင်း နာရီဝက်နေရင် အိမ်ပြန်အနားယူဖို့နဲ့ တပတ်အတွင်း အရက်သေစာ သောက်သုံးဖို့ မသင့်တဲ့အကြောင်း ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွေကို ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးစင်တာက တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရှူသွင်း ကိုဗစ်ဆေးက အန္တရာယ်မဖြစ်စေနိုင်တဲ့ သာမန်အအေးမိဖျားနာ ဗိုင်းရပ်စ်ပိုး မျိုးဗီဇကို အခြေခံဖော်စပ်ထားတာဖြစ်ပါတယ်။ နှာခေါင်းက ရှူသွင်းလိုက်တဲ့ ဆေးက အဆုတ်တစ်ရှူးတွေအထိ ပြန့်နှံ့သွားပြီး ခန္ဒာကိုယ်ထဲက ပဋိပစ္စည်းထွက်ပေါ်လာအောင်လှုံ့ဆော်ပေးတာပါ။

ပန်းနာရင်ကျပ်၊ နာတာရှည် အဆုတ်လေပြွန်လမ်းကြောင်းဆိုင်ရာ ရောဂါ၊ အဆုတ်အရိုးပွရောဂါနဲ့ အဆုတ်ရောဂါရှိတဲ့သူတွေအတွက်တော့ ရှူသွင်း ကိုဗစ်ဆေးကို မသုံးသင့်ဘူးလို့ ရှန်ဟိုင်းကာကွယ်ဆေးထိုးအစီအစဉ် အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG