သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းနီနဲ႔ စစ္ေကာင္စီစခန္းတခ်ိဳ႕ KIA ဝင္သိမ္း


ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္ေတာင္ပိုင္း ဆယ္ဇင္းေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ ဒီကေန႔မနက္ အေစာပိုင္းက စစ္ေကာင္စီနဲ႔ ရွမ္းနီ SNA တပ္ဖြဲ႕ အေျခစိုက္တဲ့ တပ္စခန္းအခ်ိဳ႕ကို KIA က တိုက္ခိုက္သိမ္းပိုက္လိုက္ပါတယ္။ ေဒသတြင္း အေျခအေန ဆက္လက္ တင္းမာေနၿပီး ေဒသခံျပည္သူေတြ ထပ္မံတိမ္းေရွာင္ေနရပါတယ္။ ကခ်င္ျပည္နယ္က ေနာက္ဆုံးအေျခအေန ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္နဲ႔ဖားကန႔္ၿမိဳ႕နယ္ေတြအတြင္း ဒီရက္ပိုင္းစစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနၿပီး ဒီကေန႔မနက္ ၁ နာရီေလာက္မွာ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာအနီးက စစ္ေကာင္စီနဲ႔ SNA ရွမ္းနီတပ္ဖြဲ႔ အေျခစိုက္ရာ စခန္းအခ်ိဳ႕ကို KIA က ဝင္ေရာက္တိုက္ ခိုက္ခဲ့တာပါ။

ဆယ္ဇင္းေက်း႐ြာ တိုက္ပြဲျဖစ္ပြားတဲ့အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ညက တနာရီေလာက္ကတည္းက ျဖစ္တာေလ။ အဲဒီမွာ SNA စခန္း ၂ ခုေပါ့ေနာ္။ စခန္း ၂ ခုေတာ့သိမ္းထားမိတယ္။ ၿပီးေတာ့က် တပ္ရင္း ၁၁၉ ကိုလည္း သိမ္းထားၿပီးၿပီလို႔ ၾကားတာပဲ။”

ဆယ္ဇင္းေက်း႐ြာဘက္မွာ ၿပီးခဲ့တဲ့ဇူလိုင္လက တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းက တိုက္ခိုက္ခဲ့တာေတြ ရွိခဲ့တာပါ။

ဇူလိုင္လ တိုက္ပြဲျဖစ္ပြားစဥ္ကတည္းက ဆယ္ဇင္း႐ြာက ျပည္သူေတြဟာ အင္းေတာ္ႀကီး၊ ေဟာင္ပါးနဲ႔ တာမခန္ဘက္ေတြကို တိမ္းေရွာင္တာေတြ ရွိခဲ့သလို လက္ရွိမွာလည္း ထပ္မံ တိမ္းေရွာင္တာေတြ ရွိႏိုင္ေၾကာင္း ဆက္ေျပာပါတယ္။

“ဆယ္ဇင္းက လူေတြကေတာ့ ပထမတႀကိမ္ျဖစ္တုန္းကတည္းက သူတို႔ေတြက စစ္ေဘးေရွာင္စခန္းမွာ ေတာ္ေတာ္မ်ားမ်ား ေရာက္ေနၾကၿပီေလ။ လြန္ခဲ့တဲ့ တရက္၊ ႏွစ္ရက္ေလာက္ကဆိုရင္ သူတို႔ ေအးၿပီဆိုၿပီးမွ ျပန္တဲ့လူျပန္သြားၾကၿပီ။ ဒါေပမယ့္ ညတုန္းက ျပန္ျဖစ္တယ္ဆိုေတာ့ အဲဒါ စစ္ေဘးေရွာင္စခန္း ဘယ္မ်ား ေရာက္ေနလဲ အဲဒါေလးကို ခ်ိတ္ေနတာ။”

ေလာေလာဆယ္မွာ ဖုန္းလိုင္းအဆက္အသြယ္ေတြ ျပတ္ေတာက္ေနေၾကာင္း ေျပာပါတယ္။

ဒီတိုက္ပြဲျဖစ္စဥ္နဲ႔ပတ္သက္ၿပီး KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ စခန္းတခ်ိဳ႕ KIA က သိမ္းလိုက္တာနဲ႔ ပတ္သက္ၿပီး VOA ကို အခုလို ေျပာပါတယ္။

“ ဒီေန႔ တိုက္ပြဲအေျခအေနကေတာ့ မနက္ပိုင္းေပါ့ေနာ္။ မိုးမလင္းခင္မွာ ဟို ဆယ္ဇင္းဘက္မွာ တိုက္ပြဲရွိပါတယ္။ ဆယ္ဇင္းမွာ စကစရဲ႕ တပ္စခန္းေတြ၊ ေနာက္ ရွမ္းနီျပည္သူ႔စစ္ေတြရဲ႕ တပ္စခန္းေတြကို က်ေနာ္တို႔ KIA ကေန ဝင္တိုက္တဲ့ျဖစ္စဥ္ေတြ ရွိပါတယ္။ အဲဒီ စကစရဲ႕ စခန္းရယ္၊ ျပည္သူ႔စစ္ရဲ႕စခန္းရယ္ စခန္း ၂ ခုေပါ့။ အဲဒီ သိမ္းတဲ့ သတင္းေတြကေတာ့ က်ေနာ္တို႔ဆီမွာ တရားဝင္တက္ပါတယ္ခင္ဗ်။”

ဒီရက္ပိုင္းအတြင္းမွာ ကခ်င္ျပည္နယ္ ေနရာေဒသအေတာ္မ်ားမ်ားမွာ စစ္ေကာင္စီဘက္က တင္းတင္းက်ပ္က်ပ္ စစ္ေဆးတာေတြ ရွိေၾကာင္း ေျပာပါတယ္။

ကခ်င္သတင္းမီဒီယာေတြမွာေတာ့ ဒီကေန႔ မနက္ ၁၀ နာရီ ဝန္းက်င္မွာေတာ့ နမၼတီးၿမိဳ႕ အထက္တန္းေက်ာင္းမွာ မိုင္းတလုံးေပါက္ ကြဲခဲ့သလို တနဂၤေႏြေန႔ မနက္အေစာပိုင္းကလည္း ျမစ္ႀကီးနားၿမိဳ႕ ပလန ရပ္ကြက္က နယ္ေျမရဲစခန္းကို KIA က တိုက္ခိုက္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီလ ၄ ရက္ေန႔ကေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္ ေ႐ႊေညာင္ပင္မွာအေျခစိုက္တဲ့ ခလရ ၃၂၁ ကို KIA က ဝင္ေရာက္တိုက္ခိုက္တာေတြ ျဖစ္ခဲ့ပါတယ္။

ဒီရက္ပိုင္း ကခ်င္ျပည္နယ္တြင္း ျဖစ္ပြားတဲ့တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကေတာ့ တရားဝင္ သတင္းထုတ္ျပန္တာ မေတြ႕ရပါဘူး။ စစ္ေကာ္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ တုံ႔ျပန္ခ်က္လည္း VOA က မရရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရှမ်းနီနဲ့ စစ်ကောင်စီစခန်းတချို့ KIA ဝင်သိမ်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်းက စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်ဖွဲ့ အခြေစိုက်တဲ့ တပ်စခန်းအချို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒေသတွင်း အခြေအနေ ဆက်လက် တင်းမာနေပြီး ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်နဲ့ဖားကန့်မြို့နယ်တွေအတွင်း ဒီရက်ပိုင်းစစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး ဒီကနေ့မနက် ၁ နာရီလောက်မှာ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးက စစ်ကောင်စီနဲ့ SNA ရှမ်းနီတပ်ဖွဲ့ အခြေစိုက်ရာ စခန်းအချို့ကို KIA က ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။

ဆယ်ဇင်းကျေးရွာ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ညက တနာရီလောက်ကတည်းက ဖြစ်တာလေ။ အဲဒီမှာ SNA စခန်း ၂ ခုပေါ့နော်။ စခန်း ၂ ခုတော့သိမ်းထားမိတယ်။ ပြီးတော့ကျ တပ်ရင်း ၁၁၉ ကိုလည်း သိမ်းထားပြီးပြီလို့ ကြားတာပဲ။”

ဆယ်ဇင်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ဇူလိုင်လက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တာပါ။

ဇူလိုင်လ တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက ဆယ်ဇင်းရွာက ပြည်သူတွေဟာ အင်းတော်ကြီး၊ ဟောင်ပါးနဲ့ တာမခန်ဘက်တွေကို တိမ်းရှောင်တာတွေ ရှိခဲ့သလို လက်ရှိမှာလည်း ထပ်မံ တိမ်းရှောင်တာတွေ ရှိနိုင်ကြောင်း ဆက်ပြောပါတယ်။

“ဆယ်ဇင်းက လူတွေကတော့ ပထမတကြိမ်ဖြစ်တုန်းကတည်းက သူတို့တွေက စစ်ဘေးရှောင်စခန်းမှာ တော်တော်များများ ရောက်နေကြပြီလေ။ လွန်ခဲ့တဲ့ တရက်၊ နှစ်ရက်လောက်ကဆိုရင် သူတို့ အေးပြီဆိုပြီးမှ ပြန်တဲ့လူပြန်သွားကြပြီ။ ဒါပေမယ့် ညတုန်းက ပြန်ဖြစ်တယ်ဆိုတော့ အဲဒါ စစ်ဘေးရှောင်စခန်း ဘယ်များ ရောက်နေလဲ အဲဒါလေးကို ချိတ်နေတာ။”

လောလောဆယ်မှာ ဖုန်းလိုင်းအဆက်အသွယ်တွေ ပြတ်တောက်နေကြောင်း ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စခန်းတချို့ KIA က သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ တိုက်ပွဲအခြေအနေကတော့ မနက်ပိုင်းပေါ့နော်။ မိုးမလင်းခင်မှာ ဟို ဆယ်ဇင်းဘက်မှာ တိုက်ပွဲရှိပါတယ်။ ဆယ်ဇင်းမှာ စကစရဲ့ တပ်စခန်းတွေ၊ နောက် ရှမ်းနီပြည်သူ့စစ်တွေရဲ့ တပ်စခန်းတွေကို ကျနော်တို့ KIA ကနေ ဝင်တိုက်တဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ အဲဒီ စကစရဲ့ စခန်းရယ်၊ ပြည်သူ့စစ်ရဲ့စခန်းရယ် စခန်း ၂ ခုပေါ့။ အဲဒီ သိမ်းတဲ့ သတင်းတွေကတော့ ကျနော်တို့ဆီမှာ တရားဝင်တက်ပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ် နေရာဒေသအတော်များများမှာ စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိကြောင်း ပြောပါတယ်။

ကချင်သတင်းမီဒီယာတွေမှာတော့ ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာတော့ နမ္မတီးမြို့ အထက်တန်းကျောင်းမှာ မိုင်းတလုံးပေါက် ကွဲခဲ့သလို တနင်္ဂနွေနေ့ မနက်အစောပိုင်းကလည်း မြစ်ကြီးနားမြို့ ပလန ရပ်ကွက်က နယ်မြေရဲစခန်းကို KIA က တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီလ ၄ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်မှာအခြေစိုက်တဲ့ ခလရ ၃၂၁ ကို KIA က ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒီရက်ပိုင်း ကချင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ စစ်ကော်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်လည်း VOA က မရရှိသေးပါဘူး။

XS
SM
MD
LG