သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက ေ႐ႊတင္သြင္းမႈ G-7 ႏိုင္ငံေတြ ပိတ္ပင္မည္ 


ဂ်ာမနီႏိုင္ငံမွာ G7 ေခါင္းေဆာင္ေတြ အစည္းအေဝးက်င္းပရာ Elmau ဟိုတယ္လ္။ (ဇြန္ ၂၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကမၻာ့စီးပြားအင္အားႀကီး ၇ ႏိုင္ငံ G-7 အေနနဲ႔ ႐ုရွားႏိုင္ငံက ေရႊတင္သြင္းမႈေတြ ရပ္ဆိုင္းေတာ့မယ္လို႔ အေမရိကန္သမၼတ Joe Biden ကေျပာလိုက္ပါတယ္။ ဒါဟာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္တာကို ဒဏ္ခတ္တဲ့အေနနဲ႔ ႐ုရွားႏိုင္ငံ ပိုၿပီး အထီးက်န္သြားေအာင္ လုပ္ေဆာင္တဲ့ ေျခလွမ္းတရပ္လည္း ျဖစ္ပါတယ္။

႐ုရွားရဲ႕အႀကီးမားဆုံး ျပည္ပပို႔ကုန္ျဖစ္တဲ့ ေလာင္စာဆီၿပီး ေရႊဟာ ဒုတိယအမ်ားဆုံး ပို႔ကုန္ျဖစ္ပါတယ္။ ႐ုရွားရဲ႕ ေရႊတင္သြင္းမႈ ပိတ္ပင္တဲ့အေၾကာင္း သမၼတ ဘိုင္ဒန္က တနဂၤေႏြေန႔မွာ ေၾကညာလိုက္တာျဖစ္ၿပီး ဒီကိစၥကို G-7 က အဂၤါေန႔မွာ တရားဝင္ ထုတ္ျပန္ ေၾကညာဖို႔ ရွိပါတယ္။

ေလာင္စာဆီ ဖူလုံမႈရွိေရး၊ ေငြေၾကးေဖာင္းပြမႈ၊ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈက ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြ ျဖစ္မလာေရးစတဲ့ နည္းလမ္းရွာေဖြေရး စတဲ့ အေၾကာင္းအရာေတြကို G-7 ႏိုင္ငံကေခါင္းေဆာင္ေတြ ေဆြးေႏြးၾကမယ့္ ဂ်ာမနီႏိုင္ငံ၊ Bavaria ျပည္နယ္ကို တနဂၤေႏြေန႔က ေရာက္ရွိလာၾကၿပီ ျဖစ္ပါတယ္။

ဒီ G-7 ထိပ္သီး စည္းေ၀းပြဲ ဖြင့္ပြဲအခမ္းအနားမစခင္ နာရီပိုင္းအလိုမွာဘဲ ႐ုရွားက ယူကရိန္းႏိုင္ငံၿမိဳ႕ေတာ္ Kyiv ကို ေလေၾကာင္းက တိုက္ခိုက္ခဲ့ေၾကာင္း ၿမိဳ႕ေတာ္၀န္ Vitali Klitschko က ေျပာပါတယ္။ ဒါဟာ သီတင္းပတ္ ၃ ပတ္အတြင္း ၿမိဳ႕ေတာ္ Kyiv ကို ပထမဆုံးအႀကိမ္ ျပန္လည္ တိုက္ခိုက္ျခင္း ျဖစ္ပါတယ္။

#႐ုရွားေရႊတင္သြင္းမႈ #G-7 ႏိုင္ငံေတြ ပိတ္ပင္မည္ #႐ုရွားက်ဴးေက်ာ္စစ္ #႐ုရွားပို႔ကုန္ေလာင္စာေရႊ #ဗီြအိုေအ

===========

[[Unicode]]

ကမ္ဘာ့စီးပွားအင်အားကြီး ၇ နိုင်ငံ G-7 အနေနဲ့ ရုရှားနိုင်ငံက ရွှေတင်သွင်းမှုတွေ ရပ်ဆိုင်းတော့မယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာကို ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားနိုင်ငံ ပိုပြီး အထီးကျန်သွားအောင် လုပ်ဆောင်တဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

ရုရှားရဲ့အကြီးမားဆုံး ပြည်ပပို့ကုန်ဖြစ်တဲ့ လောင်စာဆီပြီး ရွှေဟာ ဒုတိယအများဆုံး ပို့ကုန်ဖြစ်ပါတယ်။ ရုရှားရဲ့ ရွှေတင်သွင်းမှု ပိတ်ပင်တဲ့အကြောင်း သမ္မတ ဘိုင်ဒန်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်တာဖြစ်ပြီး ဒီကိစ္စကို G-7 က အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာဖို့ ရှိပါတယ်။

လောင်စာဆီ ဖူလုံမှုရှိရေး၊ ငွေကြေးဖောင်းပွမှု၊ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုက နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာရေးစတဲ့ နည်းလမ်းရှာဖွေရေး စတဲ့ အကြောင်းအရာတွေကို G-7 နိုင်ငံကခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် ဂျာမနီနိုင်ငံ၊ Bavaria ပြည်နယ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

ဒီ G-7 ထိပ်သီး စည်းဝေးပွဲ ဖွင့်ပွဲအခမ်းအနားမစခင် နာရီပိုင်းအလိုမှာဘဲ ရုရှားက ယူကရိန်းနိုင်ငံမြို့တော် Kyiv ကို လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။ ဒါဟာ သီတင်းပတ် ၃ ပတ်အတွင်း မြို့တော် Kyiv ကို ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။

#ရုရှားရွှေတင်သွင်းမှု #G-7 နိုင်ငံတွေ ပိတ်ပင်မည် #ရုရှားကျူးကျော်စစ် #ရုရှားပို့ကုန်လောင်စာရွှေ #ဗွီအိုအေ

XS
SM
MD
LG