သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အရန္တပ္ဖဲြ႔ဝင္ေတြကို တပ္ျဖန္႔ခ်မယ္လို႔ ပူတင္ေၾကညာ


Russia Putin


[[Zawgyi/Unicode]]

႐ုရွားႏိုင္ငံနဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔လိုအပ္တဲ့အတြက္ အရန္တပ္ဖဲြ႔ဝင္ေတြကို တခ်ဳိ႕ေနရာေတြကို ေစလႊတ္တာဝန္ခ်မယ္လို႔ သမၼတ Vladimir Putin က ဒီေန႔ ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့ပါတယ္။

ယူကရိန္းအေရွ႕ေျမာက္ပိုင္းေဒသမွာ ယူကရိန္းဘက္ကတန္ျပန္ထိုးစစ္ ေအာင္ျမင္လာတဲ့ေနာက္မွာ ႐ုရွားသမၼတက ခုလိုေၾကညာတာျဖစ္ပါတယ္။ အရန္တပ္ဖဲြ႔ဝင္ ၃ သိန္းအထိ ေခၚယူတာဝန္ေပးဖို႔ရွိတယ္ လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu ကေျပာပါတယ္။

သမၼတ Putin ကေတာ့ အေနာက္ႏိုင္ငံေတြဟာ ႐ုရွားကိုအားေလ်ာ့ေအာင္လုပ္ၿပီး ဖ်က္ဆီးဖို႔ ႀကိဳးစားေနတာေၾကာင့္ ႐ုရွားႏိုင္ငံနဲ႔ ျပည္သူေတြကိုကာကြယ္ဖို႔ နည္းလမ္းအားလံုးကို သံုးမွာျဖစ္ေၾကာင္းေျပာပါတယ္။ ႐ုရွားက ယူကရိန္းမွာဆင္ႏႊဲေနတဲ့ ၇ လၾကာလာၿပီျဖစ္တဲ့စစ္ပြဲဟာ ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသ လြတ္ေျမာက္ေရးအတြက္ ရည္ရြယ္တာျဖစ္ၿပီး အဲဒီေဒသခံေတြက ယူကရိန္းကေန ခြဲထြက္ခ်င္ေနၾကတာျဖစ္ေၾကာင္း သမၼတ Putin က ေျပာပါတယ္။ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ Luhansk နဲ႔ Donetsk ေဒသေတြက ခြဲထြက္ေရးသမားေခါင္းေဆာင္ေတြက ဒီေဒသေတြကို ႐ုရွားရဲ႕နယ္ေျမအစိတ္ပိုင္းတခုအျဖစ္ေၾကညာႏိုင္ေရးအတြက္ ဒီသီတင္းပတ္ေႏွာင္းပိုင္းမွာ လူထုဆႏၵခံယူပြဲနဲ႔ မဲခြဲဖို႔စီစဥ္ေနေၾကာင္း မေန႔ကပဲ ေျပာပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ ဒါကို ပယ္ခ်လိုက္ၿပီး ဒါဟာ အတုအေယာင္ လူထုဆႏၵခံယူပဲြက်င္းပဖို႔ ႐ုရွားရဲ႕ႀကိဳးပမ္းမႈလို႔ ေျပာပါတယ္။ ႐ုရွားရဲ႕ ဒီလူထုဆႏၵခံယူပြဲအတြက္ အေမရိကန္ က လက္မခံသလိုNATO အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ကလည္း အတုအေယာင္ လူထုဆႏၵခံယူပြဲဟာ တရားမဝင္သလို ယူကရိန္းကိုဝင္တိုက္တဲ့ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္အေနထား ေျပာင္းဖို႔မရွိဘဲ ဒါဟာ ႐ုရွားဘက္က စစ္ရွိန္ျမႇင့္ဖို႔ ျဖစ္လာႏိုင္တာေၾကာင့္ ႏိုင္ငံတကာကလက္မခံဖို႔နဲ႔ ယူကရိန္းကို ပံ့ပိုးဖို႔ ေတာင္းဆိုခဲ့တာပါ။

႐ုရွားက အရန္တပ္ဖြဲ႔ဝင္ေတြ ေခၚယူတာဝန္ေပးမွာနဲ႔ပတ္သက္ၿပီး ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး Ben Wallace ကေတာ့ သမၼတ Putin နဲ႔ ဝန္ႀကီး Shoigu တို႔ဟာ ေထာင္ေသာင္းခ်ီတဲ့ သူတို႔ျပည္သူေတြကို ေသတြင္းပို႔ေနတာျဖစ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အရန်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချမယ်လို့ ပူတင်ကြေညာ

ရုရှားနိုင်ငံနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုအပ်တဲ့အတွက် အရန်တပ်ဖွဲ့ဝင်တွေကို တချို့နေရာတွေကို စေလွှတ်တာဝန်ချမယ်လို့ သမ္မတ Vladimir Putin က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းဒေသမှာ ယူကရိန်းဘက်ကတန်ပြန်ထိုးစစ် အောင်မြင်လာတဲ့နောက်မှာ ရုရှားသမ္မတက ခုလိုကြေညာတာဖြစ်ပါတယ်။ အရန်တပ်ဖွဲ့ဝင် ၃ သိန်းအထိ ခေါ်ယူတာဝန်ပေးဖို့ရှိတယ် လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကပြောပါတယ်။

သမ္မတ Putin ကတော့ အနောက်နိုင်ငံတွေဟာ ရုရှားကိုအားလျော့အောင်လုပ်ပြီး ဖျက်ဆီးဖို့ ကြိုးစားနေတာကြောင့် ရုရှားနိုင်ငံနဲ့ ပြည်သူတွေကိုကာကွယ်ဖို့ နည်းလမ်းအားလုံးကို သုံးမှာဖြစ်ကြောင်းပြောပါတယ်။ ရုရှားက ယူကရိန်းမှာဆင်နွှဲနေတဲ့ ၇ လကြာလာပြီဖြစ်တဲ့စစ်ပွဲဟာ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသ လွတ်မြောက်ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး အဲဒီဒေသခံတွေက ယူကရိန်းကနေ ခွဲထွက်ချင်နေကြတာဖြစ်ကြောင်း သမ္မတ Putin က ပြောပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့ Luhansk နဲ့ Donetsk ဒေသတွေက ခွဲထွက်ရေးသမားခေါင်းဆောင်တွေက ဒီဒေသတွေကို ရုရှားရဲ့နယ်မြေအစိတ်ပိုင်းတခုအဖြစ်ကြေညာနိုင်ရေးအတွက် ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူထုဆန္ဒခံယူပွဲနဲ့ မဲခွဲဖို့စီစဉ်နေကြောင်း မနေ့ကပဲ ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ဒါကို ပယ်ချလိုက်ပြီး ဒါဟာ အတုအယောင် လူထုဆန္ဒခံယူပွဲကျင်းပဖို့ ရုရှားရဲ့ကြိုးပမ်းမှုလို့ ပြောပါတယ်။ ရုရှားရဲ့ ဒီလူထုဆန္ဒခံယူပွဲအတွက် အမေရိကန် က လက်မခံသလိုNATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း အတုအယောင် လူထုဆန္ဒခံယူပွဲဟာ တရားမဝင်သလို ယူကရိန်းကိုဝင်တိုက်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်အနေထား ပြောင်းဖို့မရှိဘဲ ဒါဟာ ရုရှားဘက်က စစ်ရှိန်မြှင့်ဖို့ ဖြစ်လာနိုင်တာကြောင့် နိုင်ငံတကာကလက်မခံဖို့နဲ့ ယူကရိန်းကို ပံ့ပိုးဖို့ တောင်းဆိုခဲ့တာပါ။

ရုရှားက အရန်တပ်ဖွဲ့ဝင်တွေ ခေါ်ယူတာဝန်ပေးမှာနဲ့ပတ်သက်ပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace ကတော့ သမ္မတ Putin နဲ့ ဝန်ကြီး Shoigu တို့ဟာ ထောင်သောင်းချီတဲ့ သူတို့ပြည်သူတွေကို သေတွင်းပို့နေတာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

XS
SM
MD
LG