သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေဒသ ၄ ခု တရားဝင္သိမ္းယူပြဲလုပ္မယ္လို႔ ႐ု႐ွားေၾကညာ


ယူကရိန္းႏိုင္ငံ၊ Luhansk ၿမိဳ႕မွာ “႐ုရွားနဲ႔အတူ အၿမဲထာဝရ” စာတန္းကို ဖတ္ေနဟန္ ႐ုရွားျပည္ေထာင္စုတည္ေထာင္သူ Vladimir Lenin ရဲ႕႐ုပ္တုကို ေတြ႔ျမင္ရပံု။ (စက္တင္ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားျပည္ေထာင္စုထဲ ပါဝင္မလားဆိုတဲ့ ဆႏၵခံယူပြဲက်င္းပခဲ့တဲ့ ယူကရိန္းေဒသ ၄ ခုကို ႐ုရွားပိုင္နက္နယ္ေျမေတြအျဖစ္နဲ႔ တရားဝင္ေၾကညာသတ္မွတ္မယ့္ အခမ္းအနားကို မနက္ျဖန္ စက္တင္ဘာလ ၃၀ ရက္ေန႔မွာက်င္းပမယ္လို႔ ႐ုရွားအစိုးရက ဒီကေန႔ ေၾကညာပါတယ္။

႐ုရွားတို႔သိမ္းပိုက္ထားတဲ့ ေဒသ ၄ ခုမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက်င္းပခဲ့တဲ့ ဆႏၵခံယူပြဲဟာ တရားမဝင္ဘူးလို႔ ယူကရိန္းနဲ႔မဟာမိတ္ႏိုင္ငံေတြက ေျပာထားၿပီး ႐ုရွားအေပၚ ဒဏ္ခတ္ အေရးယူမႈအသစ္ေတြ ခ်မွတ္သြားမယ္လို႔ ေျပာပါတယ္။

အဲဒီအခမ္းအနားကို ႐ုရွားသမၼတ Vladimir Putin နဲ႔အတူ ႐ုရွားက ေရြးခ်ယ္ခန္႔အပ္ထားတဲ့ ဆႏၵခံယူပြဲက်င္းပခဲ့တဲ့ ေဒသ ၄ ခုက ေခါင္းေဆာင္ ၄ ဦးလည္း တက္ေရာက္ၾကမယ္ လို႔ ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က ဒီကေန႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဂ်ာမနီအေနနဲ႔ အဲဒီဆႏၵခံယူပြဲရလဒ္ကို ဘယ္ေတာ့မွ အသိအမွတ္ျပဳလက္ခံမွာမဟုတ္ဘူးဆိုတာ ယူကရိန္းသမၼတ Volodymyr Zelenskyy ကို ကတိျပဳ ေျပာၾကားခဲ့တယ္လို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz က Twitter လူမႈကြန္ယက္မွာ ဒီကေန႔ ေရးပါတယ္။

႐ုရွားဟာ ယူကရိန္းပိုင္ ဒီေဒသ ၄ ခုကို သူ႔လက္ေအာက္ သိမ္းသြင္းလိုတဲ့အတြက္ ႏိုင္ငံတကာဥပေဒေတြနဲ႔ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္ေတြကိုခ်ဳိးေဖာက္ၿပီး ဒီ အတုအေယာင္ လူထုသေဘာထားေကာက္ခံမႈ ျပဳလုပ္ခဲ့ျခင္းသာျဖစ္တယ္လို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ေျပာခြင့္ရ Karine Jean-Pierre ကလည္း သတင္းေထာက္ေတြကို မေန႔ ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။

ဒီအေတာအတြင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက ယူကရိန္းကို အေမရိကန္ ေဒၚလာ ၁.၁ ဘီလီယံ တန္ဖိုးရွိတဲ့အကူအညီေတြ ထပ္မံေပးအပ္မယ္လို႔ ေၾကညာပါတယ္။ လက္ရွိသမၼတဘိုင္ဒန္အစိုးရတက္လာၿပီးေနာက္ ယူကရိန္းကိုေပးအပ္တဲ့အကူအညီ စုစုေပါင္းဟာ ၁၇ ဘီလီယံ ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


ယူကရိန်းဒေသ ၄ ခု တရားဝင်သိမ်းယူပွဲလုပ်မယ်လို့ ရုရှားကြေညာ

ရုရှားပြည်ထောင်စုထဲ ပါဝင်မလားဆိုတဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်နယ်မြေတွေအဖြစ်နဲ့ တရားဝင်ကြေညာသတ်မှတ်မယ့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာကျင်းပမယ်လို့ ရုရှားအစိုးရက ဒီကနေ့ ကြေညာပါတယ်။

ရုရှားတို့သိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ယူကရိန်းနဲ့မဟာမိတ်နိုင်ငံတွေက ပြောထားပြီး ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်သွားမယ်လို့ ပြောပါတယ်။

အဲဒီအခမ်းအနားကို ရုရှားသမ္မတ Vladimir Putin နဲ့အတူ ရုရှားက ရွေးချယ်ခန့်အပ်ထားတဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ ဒေသ ၄ ခုက ခေါင်းဆောင် ၄ ဦးလည်း တက်ရောက်ကြမယ် လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ဂျာမနီအနေနဲ့ အဲဒီဆန္ဒခံယူပွဲရလဒ်ကို ဘယ်တော့မှ အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးဆိုတာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကတိပြု ပြောကြားခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က Twitter လူမှုကွန်ယက်မှာ ဒီကနေ့ ရေးပါတယ်။

ရုရှားဟာ ယူကရိန်းပိုင် ဒီဒေသ ၄ ခုကို သူ့လက်အောက် သိမ်းသွင်းလိုတဲ့အတွက် နိုင်ငံတကာဥပဒေတွေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်တွေကိုချိုးဖောက်ပြီး ဒီ အတုအယောင် လူထုသဘောထားကောက်ခံမှု ပြုလုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre ကလည်း သတင်းထောက်တွေကို မနေ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းကို အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုးရှိတဲ့အကူအညီတွေ ထပ်မံပေးအပ်မယ်လို့ ကြေညာပါတယ်။ လက်ရှိသမ္မတဘိုင်ဒန်အစိုးရတက်လာပြီးနောက် ယူကရိန်းကိုပေးအပ်တဲ့အကူအညီ စုစုပေါင်းဟာ ၁၇ ဘီလီယံ ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG