သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ကြောင့် ဖယ်ခုံ စစ်ဘေးဒုက္ခသည်တွေ ပြေးစရာမဲ့နေ 


ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာနေအိမ် မီးရှို့ဖျက်စီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ဖယ်ခုံ PDF/ နိုဝင်ဘာ ၃၊၂၀၂၁)
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာနေအိမ် မီးရှို့ဖျက်စီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ဖယ်ခုံ PDF/ နိုဝင်ဘာ ၃၊၂၀၂၁)

[[Zawgyi/Unicode]]

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ မြန်မာစစ်တပ်ဘက်က မကြာခဏပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ပြေးစရာမရှိအောင် လုံခြုံမှုကင်းမဲ့နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့နဲ့ ဒုက္ခသည်တွေက VOA ကိုပြောပါတယ်။ တိုက်ပွဲမရှိချိန်မှာလည်း မကြာခဏပစ်ခတ်နေတာကြောင့် အမြဲတမ်းစိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။ ဖယ်ခုံမြို့က စစ်ဘေးရှောင်တွေရဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ပြေးဒုက္ခသည် ခိုလှုံနေတဲ့နေရာမှာ မကြာမကြာ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲနေတဲ့အခြေအနေကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က VOA ကို ခုလိုပြောပြပါတယ်။

“ကျမတို့ ဒီမနေ့တနေ့ကပဲပေါ့နော် ခုနကလည်း ကျမပြောပြီးပါပြီ။ ဒီစစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်ထဲမှာ ဒီစစ်ရှောင် ပုန်းရှောင်နေတဲ့ နေရာထဲတွေကို လက်နက်ကြီးနဲ့ လှမ်းပြီးမှပစ်တာမျိုးတွေ အဲ့လိုမျိုးတွေရှိနေတယ်။ စစ်ကောင်ဘက်ကတော့ သူတို့အားရင်အားသလို လက်နက်ကြီးတွေနဲ့ လှမ်းပြီးမှ ပစ်နေတာမျိုးတွေ ဖြစ်နေတယ်ရှင့် ဟုတ်ကဲ့။”

တိုက်ပွဲရှိသည်ဖြစ်စေ၊ တိုက်ပွဲမရှိသည်ဖြစ်စေ လက်နက်ကြီးတွေကျပြီး ပေါက်ကွဲလေ့ရှိတဲ့အကြေင်းလည်း စစ်ဘေးရှောင် ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့အပတ်လောက်ကလည်း စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ရွာတခုမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း စစ်ရှောင်တဦးကပြောပါတယ်။ လူအထိအခိုက်မရှိပေမယ့်လည်း စစ်တပ် အာဏာသိမ်းယူပြီးတဲ့နောက် ဒီလို လက်နက်ကြီးကျလို့ အရပ်သားထိခိုက်သေဆုံးတဲ့ဖြစ်စဉ်တွေ အရင်က မကြာခဏ ဖြစ်ပွားခဲ့ဖူးတယ်လို့ ပြောပါတယ်။

အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရရှိခဲ့ပါဘူး။ စစ်တပ်ဘက်က လူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက် ပစ်ခတ်နေတာလို့ စစ်ဘေးဒုက္ခသည်တယောက်က ပြောပါတယ်။

“စစ်ရှောင်တဲ့ ရွာဘက်မှာပေါ့နော် လက်နက်ကြီး ၂ လုံးလောက်ကျတယ်။ ဒါပေမယ့် ထိခိုက်မှုတော့မရှိလို့ ပြောတာပဲ။ ဒီလိုမကြာခဏမျိုးဖြစ်လေ့ရှိတယ်ပေါ့နော်၊ ပြီးခဲ့တဲ့ တပတ် နှစ်ပတ်တုန်းကဆိုလို့ရှိရင် ဥပမာ ကုန်းသာအနားတဝိုက်ဆိုလို့ရှိရင်လည်း ကျတယ်။ အဲ့ဒီလယ်ထုံတို့ အနားတဝိုက်ဆိုလည်း ကျတာပေ့ါနော်။ လူတော့မထိ။ တခါတလေဆို သူတို့က အကြံရှိရှိနဲ့ ပစ်သလိုမျိုး။ ညအချိန်ထိတော့ လူတွေကလည်း ဘယ်ပြေးဘယ်သွားရမှန်းမသိဘူး။”

အခုလို အခြေအနေကြောင့် ပြည်တွင်းဒုက္ခသည်တွေအနေနဲ့ ပြေးစရာမြေမရှိလောက်အောင် လုံခြုံမှုကင်းမဲ့နေကြတာကိုလည်း သူက ခုလို ပြောပြပါတယ်။

“စိုးရိမ်မှုတော့ ရှိတယ်။ သူတို့ အဲ့လိုမျိုးဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ ကျမတို့ဆို ဘယ်ကိုသွားရ ဘယ်ကိုပြေးရမှန်းကို မသိတော့ဘူးပေါ့နော်။ ဘယ်နေရာပဲနေနေလည်း သူတို့က ဟိုပစ်ဒီပစ် လိုက်ပစ်နေတဲ့အခါကျတော့ ကျမတို့လည်း ဘယ်ကိုရှောင်ရမှန်းမသိ။ တောမှာနေလည်း တောမှာကျ၊ ရွာနံဘေးမှာနေလည်း ရွာနံဘေးကျ။ အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ ကျမတို့အတွက်တော့ အင်မတန်မှပဲ အန္တရာယ် ရှိတယ်ပေါ့နော်။ စိုးရိမ်လည်း စိုးရိမ်တယ်။ ဒါပေမယ့် ဘယ်ကိုဆက်ပြေးရမှန်းကို မသိတော့ဘူးပေ့ါ။ တကယ်တန်း ကျမတို့အတွက် တခုမှလုံခြုံမှုမရှိတော့ဘူးပေါ့နော်။”

စစ်ကောင်စီဘက်က ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲအခြေအနေနနဲ့ ပတ်သက်လို့ ဖြစ်စေ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေနဲ့ ပတ်သက်လို့ဖြစ်စေ သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒီနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဒေသခံ PDF တပ်ဖွဲ့တွေ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေသလို တိုက်ပွဲတွေလည်း မကြာမကြာ ဖြစ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

[[Unicode]]

လကျနကျကွီးကညြျကွောင့ျ ဖယျခုံ စဈဘေးဒုက်ခသညျတှေ ပွေးစရာမဲ့နေ










XS
SM
MD
LG