သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း အကျဉ်းသားလဲလှယ်


Chernihiv ဒေသမှာ ရုရှားနဲ့အကျဉ်းသားချင်းလဲလှယ်လွတ်မြောက်လာကြတဲ့ ယူကရိန်းအကျဉ်းသားများ။ (စက်တင်ဘာ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်မက်ဖြစ်ပွါးနေတဲ့ ရုရှားနဲ့ယူကရိန်းတို့ကြား အပြန်အလှန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်နဲ့ ရုရှားတို့ဖမ်းဆီးထားသူ ယူကရိန်းလူမျိုးနဲ့ နိုင်ငံခြားသား ၂၀၀ ကျော် ပြန်လွတ်လာပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံသားက ၂၀၀ ကျော် ပြန်လွတ်လာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောပါတယ်။

သတင်းကောင်းအဖြစ် ဒီကနေ့ နိုင်ငံသား ၂၁၅ ယောက် ပြန်ရောက်လာပြီး သူတို့မိသားစုဝင်တွေနဲ့ တွေ့ဆုံနိုင်တော့မယ့်အပြင် ယူကရိန်းနိုင်ငံနဲ့လူမှုအသိုင်းဝိုင်းအတွက် အောင်မြင်မှုဖြစ်ကြောင်း ပြောပါတယ်။ ပြန်လွတ်လာသူအများစုက Mariupol က သံမဏိစက်ရုံကို ခုခံကာကွယ်ခဲ့တဲ့သူရဲကောင်းတွေဖြစ်တယ်လို့ သမ္မတ Zelensky ကပြောကြားခဲ့ပါတယ်။

အခုလို ပြန်လွတ်လာဖို့ တူရကီကကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ရုရှားလိုလားတဲ့ အတိုက် အခံ ခေါင်းဆောင် Vicktor Medvedchuk အပါအဝင် ရုရှားနိုင်ငံသားနဲ့ ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံသား ၅၅ ဦး ကို ယူကရိန်းကလွှတ်ပေးခဲ့ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ အမေရိကန် ၂ ဦးနဲ့ ဗြိတိန်က ၅ ဦးအပါအဝင် နိုင်ငံခြားသား ၁၀ ဦးပါ ပြန်လွတ်လာတာ ဖြစ်ပြီး သူတို့လွတ်မြောက်ရေးအတွက် ရုရှားသမ္မတ Vladimir Putin နဲ့အကျွမ်းဝင်တဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ပွဲစပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ အကျဉ်းသားလဲလှယ်ရေးမှာ ရုရှား ၅၅ ဦး ပြန်လွတ်လာကြောင်းနဲ့ သူတို့ကို စစ်လေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးနေကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းမှာတိုက်ခိုက်ဖို့ ရုရှားအရံတပ်သားတွေကို တပ်ဖြန့်ချထားမယ့် သမ္မတ Putin ရဲ့ အစီအစဉ်ကို မကျေနပ်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံတလွှား မြို့ပေါင်း ၄၀ လောက်မှာဖြစ်ပွါးခဲ့ပြီး ထောင်နဲ့ချီ အဖမ်းဆီးခံခဲ့ရပါတယ်။

ရုရှား-ယူကရိန်း အကျဉ်းသားလဲလှယ်.mp3
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








XS
SM
MD
LG