သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ေျမာက္ဘက္ ျမန္မာစစ္တပ္ ေလေၾကာင္းကေန တိုက္ခိုက္


Loikaw လြိဳင္ေကာ္

[[Zawgyi/Unicode]]

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ရဲ႕ ေျမာက္ဘက္ လြိဳင္လင္ေလးေက်း႐ြာက စစ္ေရွာင္စခန္းရွိတဲ့ ေနရာေတြကို ဒီေန႔မနက္ပိုင္းမွာ စစ္ေကာင္စီဘက္က ေလယာဥ္ေပၚကေန စက္ေသနတ္နဲ႔ ပစ္ခတ္ခဲ့သလို ဗုံးလည္းႀကဲခ်ခဲ့တယ္လို႔ ဒီစစ္ေရွာင္စခန္းမွာ ေနထိုင္သူေတြက ဗြီအိုေအကို ေျပာပါတယ္။ စစ္ေရွာင္အမ်ားအျပားရွိတဲ့ လြိဳင္လင္ေလးက စစ္ေရွာင္စခန္းေတြမွာ ကေလးသူငယ္ေတြ အမ်ားအျပားရွိၿပီး ဒီေန႔မနက္က ပစ္ခတ္မႈေၾကာင့္ အေရးေပၚထြက္ေျပး တိမ္းေရွာင္ခဲ့ရတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

လြိဳင္လင္ေက်း႐ြာရဲ႕ အေရွ႕ဘက္အျခမ္းဘက္မွာရွိတဲ့ စစ္ေရွာင္စခန္းရွိတဲ့ေနရာေတြကို ဒီေန႔မနက္ ၁၀ နာရီေလာက္မွာ စစ္တပ္က ေလယာဥ္ေပၚကေန ပစ္ခတ္ခဲ့တဲ့အတြက္ စစ္ေရွာင္အမ်ားအျပား ထပ္မံထြက္ေျပးၾကရတယ္လို႔ အဲဒီစခန္းမွာ ခိုလႈံေနသူတခ်ိဳ႕က ေျပာပါတယ္။ ဒီေဒသမွာ စစ္ေရွာင္ဦးေရက ၈,၀၀၀ ေလာက္ရွိတယ္လို႔ စစ္ေရွာင္စခန္း တာဝန္ခံတဦးက ေျပာပါတယ္။

လြိဳင္လင္ေလးေက်း႐ြာ စစ္ေရွာင္စခန္းတခုမွာ ခိုလႈံေနသူတဦးက ေလယာဥ္နဲ႔တိုက္ ခိုက္ခံခဲ့ရတဲ့ အေျခအေနကို အခုလိုေျပာျပပါတယ္။

" ဒီေန႔မွ တိုက္ပြဲလည္းမရွိဘဲနဲ႔ စစ္ေရွာင္ေတြရွိတဲ့ ေနရာကို ေလယာဥ္နဲ႔ လာႀကဲသြားတာရွင့္။ သူတို႔ ေလေၾကာင္းနဲ႔ ပစ္တဲ့အခါက်ေတာ့ အဲဒီ စစ္ေရွာင္ကေလးေတြက ထြက္ေျပးရတယ္၊ ေနာက္ၿပီး ကေလးေတြက ေတာ္ေတာ္စိတ္မေကာင္းျဖစ္ၿပီး ငိုေနရတယ္ အဲလိုမ်ိဳးရွိတယ္။"

အေသအဆုံးနဲ႔ ထိခိုက္မႈေတြရွိတယ္လို႔ ေျပာၾကေပမယ့္ အခုအခ်ိန္အထိ ဘယ္ ႏွေယာက္ ထိခိုက္ေသဆုံးလဲဆိုတာကို အတိအက် မေျပာႏိုင္ေသးဘူလို႔ ေဒသခံတခ်ိဳ႕ကေျပာပါတယ္။ လူမႈကြန္ရက္ေပၚတင္လာတဲ့ ေဒသခံတခ်ိဳ႕ရဲ႕ အခ်က္အလက္ေတြအရေတာ့ လူတဦးေသဆုံးၿပီး ၃ ေယာက္ထိခိုက္ခဲ့ပါတယ္။ စစ္ေရွာင္ တခ်ိဳ႕ကေတာ့ ေဘးကင္းရာကို ထြက္ခြာေနၾကတယ္လို႔ လြိဳင္ေကာ္ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

" အဲဘက္ကမိတ္ေဆြေတြကေတာ့ ဒီဘက္ကိုလာမယ္လို႔ ဖုန္းဆက္ထားတယ္။ အခုကေတာ့ မထြက္လာႏိုင္ဘူးတဲ့ မိုးေတြ႐ြာလို႔တဲ့။ အေဒၚတို႔႐ြာဘက္ကို ေ႐ႊ႕လာမယ္ တဲ့။"

ဒီးေမာ့ဆိုအနီးနားက ေက်း႐ြာတခ်ိဳ႕ကိုလည္း မေန႔ တနလၤာေန႔က တညလုံးနီးပါး စက္ေသနတ္ေတြနဲ႔ အေဝးကေနပစ္ခတ္ခဲ့တယ္လို႔ ဒီးေမာ့ဆိုေဒသခံတခ်ိဳ႕က ေျပာပါတယ္။

(၇၄) ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသား ခုခံေတာ္လွန္ေရးေန႔ အခမ္းအနားကို ကရင္နီတပ္မေတာ္ KA ဌာနခ်ဳပ္ျဖစ္တဲ့ တာလဲဒူဆို (ညာမို) မွာ ဒီေန႔က်င္းပေနခ်ိန္မွာပဲ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕အနီး ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန ထိုးစစ္ဆင္ဆက္လက္ တိုက္ခိုက္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========== ===========

[[Unicode]]


လွိုင်ကော်မြောက်ဘက် မြန်မာစစ်တပ် လေကြောင်းကနေ တိုက်ခိုက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရဲ့ မြောက်ဘက် လွိုင်လင်လေးကျေးရွာက စစ်ရှောင်စခန်းရှိတဲ့ နေရာတွေကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့သလို ဗုံးလည်းကြဲချခဲ့တယ်လို့ ဒီစစ်ရှောင်စခန်းမှာ နေထိုင်သူတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ရှောင်အများအပြားရှိတဲ့ လွိုင်လင်လေးက စစ်ရှောင်စခန်းတွေမှာ ကလေးသူငယ်တွေ အများအပြားရှိပြီး ဒီနေ့မနက်က ပစ်ခတ်မှုကြောင့် အရေးပေါ်ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လွိုင်လင်ကျေးရွာရဲ့ အရှေ့ဘက်အခြမ်းဘက်မှာရှိတဲ့ စစ်ရှောင်စခန်းရှိတဲ့နေရာတွေကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်တပ်က လေယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်အများအပြား ထပ်မံထွက်ပြေးကြရတယ်လို့ အဲဒီစခန်းမှာ ခိုလှုံနေသူတချို့က ပြောပါတယ်။ ဒီဒေသမှာ စစ်ရှောင်ဦးရေက ၈,၀၀၀ လောက်ရှိတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတဦးက ပြောပါတယ်။

လွိုင်လင်လေးကျေးရွာ စစ်ရှောင်စခန်းတခုမှာ ခိုလှုံနေသူတဦးက လေယာဉ်နဲ့တိုက် ခိုက်ခံခဲ့ရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

" ဒီနေ့မှ တိုက်ပွဲလည်းမရှိဘဲနဲ့ စစ်ရှောင်တွေရှိတဲ့ နေရာကို လေယာဉ်နဲ့ လာကြဲသွားတာရှင့်။ သူတို့ လေကြောင်းနဲ့ ပစ်တဲ့အခါကျတော့ အဲဒီ စစ်ရှောင်ကလေးတွေက ထွက်ပြေးရတယ်၊ နောက်ပြီး ကလေးတွေက တော်တော်စိတ်မကောင်းဖြစ်ပြီး ငိုနေရတယ် အဲလိုမျိုးရှိတယ်။"

အသေအဆုံးနဲ့ ထိခိုက်မှုတွေရှိတယ်လို့ ပြောကြပေမယ့် အခုအချိန်အထိ ဘယ် နှယောက် ထိခိုက်သေဆုံးလဲဆိုတာကို အတိအကျ မပြောနိုင်သေးဘူလို့ ဒေသခံတချို့ကပြောပါတယ်။ လူမှုကွန်ရက်ပေါ်တင်လာတဲ့ ဒေသခံတချို့ရဲ့ အချက်အလက်တွေအရတော့ လူတဦးသေဆုံးပြီး ၃ ယောက်ထိခိုက်ခဲ့ပါတယ်။ စစ်ရှောင် တချို့ကတော့ ဘေးကင်းရာကို ထွက်ခွာနေကြတယ်လို့ လွိုင်ကော်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" အဲဘက်ကမိတ်ဆွေတွေကတော့ ဒီဘက်ကိုလာမယ်လို့ ဖုန်းဆက်ထားတယ်။ အခုကတော့ မထွက်လာနိုင်ဘူးတဲ့ မိုးတွေရွာလို့တဲ့။ အဒေါ်တို့ရွာဘက်ကို ရွှေ့လာမယ် တဲ့။"

ဒီးမော့ဆိုအနီးနားက ကျေးရွာတချို့ကိုလည်း မနေ့ တနင်္လာနေ့က တညလုံးနီးပါး စက်သေနတ်တွေနဲ့ အဝေးကနေပစ်ခတ်ခဲ့တယ်လို့ ဒီးမော့ဆိုဒေသခံတချို့က ပြောပါတယ်။

(၇၄) နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကရင်နီတပ်မတော် KA ဌာနချုပ်ဖြစ်တဲ့ တာလဲဒူဆို (ညာမို) မှာ ဒီနေ့ကျင်းပနေချိန်မှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့အနီး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ထိုးစစ်ဆင်ဆက်လက် တိုက်ခိုက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG