သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိႈ္င္သာယာမွာ ဆိုင္ကယ္၊ ဘက္ထရီစက္ဘီးေတြ စီးခြင့္မျပဳေတာ့


စစ္အာဏာသိမ္းၿပီးေနာက္ လိႈင္သာယာၿမိဳ႕နယ္အတြင္းက တ႐ုတ္ကုမၸဏီပိုင္စက္႐ံု မီးေလာင္ကၽြမ္းေနတာကို ရပ္ၾကည့္ေနၾကတဲ့ ဆုိင္ကယ္စီးသူမ်ား။ (မတ္၊ ၁၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္မွာ ဒီေန႔ ဇြန္လ ၁၇ ရက္ ေသာၾကာေန႔ကစၿပီး ဆိုင္ ကယ္နဲ႔ ဘက္ထရီစက္ဘီး စီးနင္းခြင့္မျပဳေတာ့ဘူးလို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက လိုက္လံသတိေပးေနပါတယ္။ ဆိုင္ကယ္နဲ႔ ဘက္ထရီစက္ဘီး စီးနင္းတာကို ေတြ႕ရွိရင္လည္း ဥပေဒအရ အေရးယူသြားမယ္လို႔ ေၾကညာထားတဲ့အေၾကာင္း ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ထဲမွာ ဆိုင္ကယ္နဲ႔ ဘက္ထရီစက္ဘီးေတြကို လုံးဝစီးနင္းခြင့္မျပဳေတာ့ဘူးလို႔ ရပ္ကြက္တခ်ိဳ႕က လမ္းေပၚေတြမွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕က ေလာ္စပီကာနဲ႔လိုက္ေအာ္ သတိေပးေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ဒီေန႔ ဇြန္လ ၁၇ ရက္၊ ေသာၾကာေန႔ကစၿပီး မစီးရေတာ့ဘူးလို႔ အခုလို သတိေပး လိုက္ေအာ္ေနတာပါ။

"၁၇ ရက္ ၊ ၆ လ ၊ ၂၀၂၂ ခုႏွစ္မွ စတင္ ဘက္ထရီစက္ဘီးမ်ား၊ ဆိုင္ကယ္မ်ား လုံးဝစီးနင္းခြင့္မျပဳေတာ့ပါ။ စီးနင္းသည္ကို ေတြ႕ရွိပါက တည္ဆဲဥပေဒအရ ထိေရာက္စြာအေရးယူသြားမည္ ျဖစ္ေၾကာင္း အသိေပးေၾကညာအပ္ပါသည္။"

ဆိုင္ကယ္၊ ဘက္ထရီစက္ဘီး စီးတဲ့သူေတြ႕ရွိရင္ ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ နီးစပ္ရာ သတိေပးမႈေတြ ရွိေနတယ္လို႔လည္း ေနာက္ၿမိဳ႕ခံတေယာက္က ေျပာပါတယ္။

"က်ေနာ္တို႔ရပ္ကြက္က်ေတာ့ လိုက္မေအာ္ဘူး။ အုပ္ခ်ဳပ္ေရးပိုင္းက သူတို႔နဲ႔ ရင္းႏွီးတဲ့သူ၊ ပတ္သက္တဲ့သူေတြကို ဖုန္းဆက္ၿပီးေတာ့ သတိေပးတာေပါ့ေနာ္။ ရင္းႏွီးတဲ့သူေတြကို ဖုန္းဆက္ၿပီးေတာ့ ကိုယ္နဲ႔သိတဲ့လူေတြကို လက္လွမ္းမီသေလာက္ လိုက္ေျပာလိုက္ပါေပါ့။ မနက္ျဖန္ကေန စၿပီးေတာ့ ဆိုင္ကယ္ေတြကို ထိထိေရာက္ေရာက္ေပါ့ေနာ္ ဘယ္သူ႔မ်က္ႏွာမွ မေထာက္ဘဲနဲ႔ အကုန္လုံးကိုဖမ္းမယ္ဆိုတာကို လိုက္ေျပာတယ္။ ဝန္ထမ္းေတြေတာင္မွ မရဘူးေပါ့၊ အဲလိုမ်ိဳး။"

ဆိုင္ကယ္နဲ႔ ဘက္ထရီစက္ဘီးကို ဘာေၾကာင့္စီးနင္းခြင့္ မျပဳသလဲဆိုတာကိုေတာ့ ေဒသခံေတြအေနနဲ႔ ရွင္းရွင္းလင္းလင္း မသိၾကပါဘူး။ လႈိင္သာယာၿမိဳ႕နယ္တြင္းက စက္႐ုံလုပ္သားနဲ႔ အေဆာင္ေနသူေတြ၊ အေျခခံလူတန္းစား အမ်ားစုရွိတဲ့ ေနရာေတြမွာ ဆိုင္ကယ္၊ စက္ဘီးနဲ႔ သုံးဘီးအငွားေဘးတြဲေတြကိုသာ အဓိကအားထားၿပီး သြားလာေနရတာပါ။ အခုလို စီးနင္းခြင့္မျပဳတာ ႐ုတ္တရက္ကန႔္သတ္လိုက္လို႔ အခက္ေတြ႕ေနသူေတြလည္း ရွိေနပါတယ္။ အေရးယူခံရမယ္လို႔ သတိေပးထားေပမယ့္လည္း သြားလာေရးအခက္အခဲေၾကာင့္ အာဏာပိုင္ေတြကို ေရွာင္တိမ္းၿပီး သြားေနရတဲ့အေျခအေနကို ေဒသခံတဦးက အခုလိုေျပာပါတယ္။

"အသြားအလာကေတာ့ ဆိုင္ကယ္နဲ႔သြားလို႔ရမွျဖစ္တဲ့ အလုပ္သမားေတြက်ေတာ့လည္း ဒီလိုပဲ ေကြ႕ေရွာင္ပတ္ၿပီးေတာ့ သြားေနရတာ။ ဒီေန႔မနက္ပိုင္းမွာေတာ့ အဖမ္းအစီး စတာေတြေတာ့ မေတြ႕ေသးဘူး။ ညေနပိုင္းေတာ့ ဘယ္လိုလာမလဲေတာ့ မသိဘူး။"

ရပ္ကြက္ထဲက လမ္းေပၚေတြမွာ ဆိုင္ကယ္၊ ဘက္ထရီစက္ဘီး စီးနင္းသူ ပုံမွန္ထက္စာရင္ ဒီေန႔မွာေတာ့ နည္းသြားတယ္လို႔ ေျပာပါတယ္။ ဆိုင္ကယ္ကို သုံးဘီးတြဲထားတဲ့ အငွားယာဥ္ေလးေတြလည္း သူတို႔ဂိတ္ေတြမွာ သိပ္မရွိဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"ဒီေန႔ကေတာ့ သြားေတာ့သြားေနၾကတာပဲ။ နည္းေတာ့ နည္းသြားတယ္။ သိပ္ေတာ့မသြားၾကေတာ့ဘူး ခင္ဗ်။ နည္းနည္းေတာ့ရွိေသးတယ္။ သုံးဘီးအငွား ေဘးတြဲေလးေတြကေတာ့ အရင္ကေလာက္ မဆြဲၾကေတာ့ဘူး။ နည္းေတာ့နည္းသြားတယ္။"

စစ္တပ္အာဏာသိမ္းၿပီးေနာက္ လုံၿခဳံေရး၊ တရားဥပေဒ စိုးမိုးေရးနဲ႔ နယ္ေျမေအးခ်မ္းသာယာေရးအတြက္ဆိုၿပီး လႈိင္သာယာၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔ကစၿပီး သတ္မွတ္ခဲ့တာပါ။ စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္ထားတဲ့ လႈိင္သာယာၿမိဳ႕နယ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက လူေနအိမ္နဲ႔ အေဆာင္ေတြကို ညဘက္အခ်ိန္ေတြမွာပါ စစ္ေဆးရွာေဖြတာေတြ ရွိေနသလို၊ တဘက္မွာလည္း က်ဴးလြန္သူမေပၚတဲ့ ခိုးဆိုးလုႏႈိက္တာေတြကလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

လှိုင်သာယာမှာ ဆိုင်ကယ်၊ ဘက်ထရီစက်ဘီးတွေ စီးခွင့်မပြုတော့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁၇ ရက် သောကြာနေ့ကစပြီး ဆိုင် ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းခွင့်မပြုတော့ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေပါတယ်။ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းတာကို တွေ့ရှိရင်လည်း ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာထားတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေကို လုံးဝစီးနင်းခွင့်မပြုတော့ဘူးလို့ ရပ်ကွက်တချို့က လမ်းပေါ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လော်စပီကာနဲ့လိုက်အော် သတိပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၇ ရက်၊ သောကြာနေ့ကစပြီး မစီးရတော့ဘူးလို့ အခုလို သတိပေး လိုက်အော်နေတာပါ။

"၁၇ ရက် ၊ ၆ လ ၊ ၂၀၂၂ ခုနှစ်မှ စတင် ဘက်ထရီစက်ဘီးများ၊ ဆိုင်ကယ်များ လုံးဝစီးနင်းခွင့်မပြုတော့ပါ။ စီးနင်းသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။"

ဆိုင်ကယ်၊ ဘက်ထရီစက်ဘီး စီးတဲ့သူတွေ့ရှိရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ နီးစပ်ရာ သတိပေးမှုတွေ ရှိနေတယ်လို့လည်း နောက်မြို့ခံတယောက်က ပြောပါတယ်။

"ကျနော်တို့ရပ်ကွက်ကျတော့ လိုက်မအော်ဘူး။ အုပ်ချုပ်ရေးပိုင်းက သူတို့နဲ့ ရင်းနှီးတဲ့သူ၊ ပတ်သက်တဲ့သူတွေကို ဖုန်းဆက်ပြီးတော့ သတိပေးတာပေါ့နော်။ ရင်းနှီးတဲ့သူတွေကို ဖုန်းဆက်ပြီးတော့ ကိုယ်နဲ့သိတဲ့လူတွေကို လက်လှမ်းမီသလောက် လိုက်ပြောလိုက်ပါပေါ့။ မနက်ဖြန်ကနေ စပြီးတော့ ဆိုင်ကယ်တွေကို ထိထိရောက်ရောက်ပေါ့နော် ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ အကုန်လုံးကိုဖမ်းမယ်ဆိုတာကို လိုက်ပြောတယ်။ ဝန်ထမ်းတွေတောင်မှ မရဘူးပေါ့၊ အဲလိုမျိုး။"

ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးကို ဘာကြောင့်စီးနင်းခွင့် မပြုသလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။ လှိုင်သာယာမြို့နယ်တွင်းက စက်ရုံလုပ်သားနဲ့ အဆောင်နေသူတွေ၊ အခြေခံလူတန်းစား အများစုရှိတဲ့ နေရာတွေမှာ ဆိုင်ကယ်၊ စက်ဘီးနဲ့ သုံးဘီးအငှားဘေးတွဲတွေကိုသာ အဓိကအားထားပြီး သွားလာနေရတာပါ။ အခုလို စီးနင်းခွင့်မပြုတာ ရုတ်တရက်ကန့်သတ်လိုက်လို့ အခက်တွေ့နေသူတွေလည်း ရှိနေပါတယ်။ အရေးယူခံရမယ်လို့ သတိပေးထားပေမယ့်လည်း သွားလာရေးအခက်အခဲကြောင့် အာဏာပိုင်တွေကို ရှောင်တိမ်းပြီး သွားနေရတဲ့အခြေအနေကို ဒေသခံတဦးက အခုလိုပြောပါတယ်။

"အသွားအလာကတော့ ဆိုင်ကယ်နဲ့သွားလို့ရမှဖြစ်တဲ့ အလုပ်သမားတွေကျတော့လည်း ဒီလိုပဲ ကွေ့ရှောင်ပတ်ပြီးတော့ သွားနေရတာ။ ဒီနေ့မနက်ပိုင်းမှာတော့ အဖမ်းအစီး စတာတွေတော့ မတွေ့သေးဘူး။ ညနေပိုင်းတော့ ဘယ်လိုလာမလဲတော့ မသိဘူး။"

ရပ်ကွက်ထဲက လမ်းပေါ်တွေမှာ ဆိုင်ကယ်၊ ဘက်ထရီစက်ဘီး စီးနင်းသူ ပုံမှန်ထက်စာရင် ဒီနေ့မှာတော့ နည်းသွားတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ကို သုံးဘီးတွဲထားတဲ့ အငှားယာဉ်လေးတွေလည်း သူတို့ဂိတ်တွေမှာ သိပ်မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့ကတော့ သွားတော့သွားနေကြတာပဲ။ နည်းတော့ နည်းသွားတယ်။ သိပ်တော့မသွားကြတော့ဘူး ခင်ဗျ။ နည်းနည်းတော့ရှိသေးတယ်။ သုံးဘီးအငှား ဘေးတွဲလေးတွေကတော့ အရင်ကလောက် မဆွဲကြတော့ဘူး။ နည်းတော့နည်းသွားတယ်။"

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးအတွက်ဆိုပြီး လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ကစပြီး သတ်မှတ်ခဲ့တာပါ။ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူနေအိမ်နဲ့ အဆောင်တွေကို ညဘက်အချိန်တွေမှာပါ စစ်ဆေးရှာဖွေတာတွေ ရှိနေသလို၊ တဘက်မှာလည်း ကျူးလွန်သူမပေါ်တဲ့ ခိုးဆိုးလုနှိုက်တာတွေကလည်း ရှိနေပါတယ်။

===============

XS
SM
MD
LG