သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူအေျမာက္အမ်ား ထိခိုက္ေသႏိုင္တဲ့ ဗုံးလက္နက္သုံးစြဲမႈ စိုးရိမ္စရာျဖစ္လာ 


ကရင္ျပည္နယ္အတြင္း ေလေၾကာင္းက ႀကဲခ်ခဲ့လို႔ က်ေရာက္ေပါက္ကြဲထားတဲ့ ဗံုးလက္နက္ရဲ႕ ထိပ္ပိုင္းေပါက္ကြဲစတခု။ (ဓာတ္ပံု-KNLA)

[[Zawgyi/Unicode]]

လက္ရွိစစ္ေရးပဋိပကၡမွာ လူအေျမာက္အမ်ားထိခိုက္ေသဆုံးႏိုင္တဲ့ ဗုံးနဲ႔လက္နက္ႀကီးေတြ သုံးလာတာဟာ စိုးရိမ္စရာျဖစ္လာတယ္လို႔ စစ္မက္ျဖစ္ပြားရာေဒသေတြမွာ ေနထိုင္သူတခ်ိဳ႕က ေျပာပါတယ္။ အခုရက္ပိုင္းအတြင္း ျမန္မာစစ္တပ္က ေလေၾကာင္းကပစ္ခ်လိုက္တဲ့ ဗုံးဆံတခ်ိဳ႕မွာ မီးခိုးေငြ႕ေတြထြက္လာၿပီး ဒါကိုရႉရႈိက္မိတဲ့ ေဒသခံတခ်ိဳ႕လည္း မူးေဝေအာ့အန္တဲ့ လကၡဏာေတြခံစားရေၾကာင္း ကရင္ျပည္နယ္ဘက္က ေဒသခံတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္တြင္း ျမန္မာစစ္တပ္ဘက္က ေလယာဥ္နဲ႔ ႀကဲခ်လိုက္တဲ့ ဗုံးဆံတခ်ိဳ႕ဟာ မီးခိုးေငြ႕ေတြထုတ္လႊတ္ေနၿပီး ဒါကို ရွဴရႈိက္မိသူတခ်ိဳ႕ မူးေဝတဲ့ ေရာဂါလကၡဏာ ခံစားရတယ္လို႔ ကရင္ျပည္နယ္ ေကာ့ကရိတ္ဘက္က ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

" ႏိုက္ထ႐ိုဂ်င္ဗုံးလား၊ အဆိပ္ဗုံးလားေတာ့ မသိဘူး။ က်ေနာ္တို႔ကိုထုထားတာ မကြဲေသးဘူး။ ဗုံးအႀကီးႀကီးပဲ။ ေပါင္ငါးရာဗုံး။ သူ႔အေပါက္က ဒလက္က တဘက္စာေလာက္ရွိတယ္။ သူကေပါက္ကြဲၿပီး ယမ္းစေတြထြက္တာ မဟုတ္ဘူး။ ေပါက္ကြဲၿပီးရင္ ဂြမ္းစလို ပတ္တီးစလို အစေတြထြက္တာ။ အဲဒီထြက္တဲ့ေနရာမွာ အေငြ႕ေတြပါတယ္။ သူ႔ရဲ႕အေငြ႕ကထြက္ၿပီးရင္ ခဲေနတယ္။ ေဆးလိပ္ေငြ႕ထက္ ပ်စ္တယ္ဗ်ာ၊ အေငြ႕ျဖစ္ၿပီး အနံ႔ကထြက္ေနတယ္။ သြားရွဴလိုက္ရင္ မူးတာတို႔ အိပ္ေပ်ာ္တာတို႔ ျဖစ္တယ္။"

စစ္တပ္ဟာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ တိုက္ခိုက္တာမွာ ဘယ္လိုဗုံးအမ်ိဳးအစားေတြသုံးေနတယ္ဆိုတာ ေသခ်ာမသိရေပမဲ့ ယခင္ကေတာ့ တိုင္းရင္းသား ေဒသတခ်ိဳ႕မွာ ဓာတုဗုံးအမ်ိဳးအစားတခ်ိဳ႕ကို အသုံးျပဳခဲ့တယ္ဆိုတဲ့ ႏိုင္ငံတကာ အစီရင္ခံစာတခ်ိဳ႕ အေထာက္အထား တခ်ိဳ႕လည္း ရွိေနပါတယ္။

ကရင္၊ ကယားနဲ႔ စစ္ကိုင္းတိုင္းမွာ ႏိုင္ငံတကာကတားျမစ္ထားတဲ့ လက္နက္မ်ိဳးေတြ သုံးစြဲလာတာကလည္း အရပ္သားေတြအတြက္ စိုးရိမ္စရာ ျဖစ္လာပါတယ္။ ဒီေဒသေတြမွာ အခုရက္ပိုင္းအတြင္း ေျမျမႇဳပ္မိုင္းေတြေၾကာင့္ အရပ္သား ေသဆုံးမႈေတြလည္း ဆက္တိုက္ရွိေနပါတယ္။ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္က ေဒသခံတဦးက အခုလိုေျပာပါတယ္။

"ခုခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ ထိေတြ႕တိုက္ပြဲျဖစ္တဲ့ ေနရာေတြမွာ ကမာၻကတားျမစ္ထားတဲ့ က်ည္ဆံတို႔၊ ဗုံးဆံတို႔ အဲဒါမ်ိဳးေတြနဲ႔ ပစ္ခတ္တိုက္ခဲ့တာ ရွိပါတယ္။ ကမာၻက ခြင့္ျပဳမထားတဲ့ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္တာေတြ ရွိပါတယ္။ အဓိကေတာ့ စစ္ေကာင္စီဘက္က စစ္ရာဇဝတ္မႈကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္တာ အဲလိုလုပ္ေနတာပါ။"

ျမန္မာႏိုင္ငံဟာ စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈအတြက္ တားဆီးရမယ့္ ဂ်ီနီဗာကြန္ဗင္းရွင္း သေဘာတူ စာခ်ဳပ္ကိုလည္း လက္မွတ္ေရးထိုး ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေျမျမႇဳပ္မိုင္းေတြ တြင္တြင္က်ယ္က်ယ္ သုံးေနတာေၾကာင့္ စစ္ရာဇဝတ္မႈ ေျမာက္တယ္လို႔ HRW ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ႀကီးက အခုႏွစ္ဇူလိုင္လကုန္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

လူအမြောက်အများ ထိခိုက်သေနိုင်တဲ့ ဗုံးလက်နက်သုံးစွဲမှု စိုးရိမ်စရာဖြစ်လာ

လက်ရှိစစ်ရေးပဋိပက္ခမှာ လူအမြောက်အများထိခိုက်သေဆုံးနိုင်တဲ့ ဗုံးနဲ့လက်နက်ကြီးတွေ သုံးလာတာဟာ စိုးရိမ်စရာဖြစ်လာတယ်လို့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ နေထိုင်သူတချို့က ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်က လေကြောင်းကပစ်ချလိုက်တဲ့ ဗုံးဆံတချို့မှာ မီးခိုးငွေ့တွေထွက်လာပြီး ဒါကိုရှူရှိုက်မိတဲ့ ဒေသခံတချို့လည်း မူးဝေအော့အန်တဲ့ လက္ခဏာတွေခံစားရကြောင်း ကရင်ပြည်နယ်ဘက်က ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်တွင်း မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ ကြဲချလိုက်တဲ့ ဗုံးဆံတချို့ဟာ မီးခိုးငွေ့တွေထုတ်လွှတ်နေပြီး ဒါကို ရှူရှိုက်မိသူတချို့ မူးဝေတဲ့ ရောဂါလက္ခဏာ ခံစားရတယ်လို့ ကရင်ပြည်နယ် ကော့ကရိတ်ဘက်က ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" နိုက်ထရိုဂျင်ဗုံးလား၊ အဆိပ်ဗုံးလားတော့ မသိဘူး။ ကျနော်တို့ကိုထုထားတာ မကွဲသေးဘူး။ ဗုံးအကြီးကြီးပဲ။ ပေါင်ငါးရာဗုံး။ သူ့အပေါက်က ဒလက်က တဘက်စာလောက်ရှိတယ်။ သူကပေါက်ကွဲပြီး ယမ်းစတွေထွက်တာ မဟုတ်ဘူး။ ပေါက်ကွဲပြီးရင် ဂွမ်းစလို ပတ်တီးစလို အစတွေထွက်တာ။ အဲဒီထွက်တဲ့နေရာမှာ အငွေ့တွေပါတယ်။ သူ့ရဲ့အငွေ့ကထွက်ပြီးရင် ခဲနေတယ်။ ဆေးလိပ်ငွေ့ထက် ပျစ်တယ်ဗျာ၊ အငွေ့ဖြစ်ပြီး အနံ့ကထွက်နေတယ်။ သွားရှူလိုက်ရင် မူးတာတို့ အိပ်ပျော်တာတို့ ဖြစ်တယ်။"

စစ်တပ်ဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်တာမှာ ဘယ်လိုဗုံးအမျိုးအစားတွေသုံးနေတယ်ဆိုတာ သေချာမသိရပေမဲ့ ယခင်ကတော့ တိုင်းရင်းသား ဒေသတချို့မှာ ဓာတုဗုံးအမျိုးအစားတချို့ကို အသုံးပြုခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ အစီရင်ခံစာတချို့ အထောက်အထား တချို့လည်း ရှိနေပါတယ်။

ကရင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းမှာ နိုင်ငံတကာကတားမြစ်ထားတဲ့ လက်နက်မျိုးတွေ သုံးစွဲလာတာကလည်း အရပ်သားတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒီဒေသတွေမှာ အခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား သေဆုံးမှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဒေသခံတဦးက အခုလိုပြောပါတယ်။

"ခုခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ကမ္ဘာကတားမြစ်ထားတဲ့ ကျည်ဆံတို့၊ ဗုံးဆံတို့ အဲဒါမျိုးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တာ ရှိပါတယ်။ ကမ္ဘာက ခွင့်ပြုမထားတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိပါတယ်။ အဓိကတော့ စစ်ကောင်စီဘက်က စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ အဲလိုလုပ်နေတာပါ။"

မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် တားဆီးရမယ့် ဂျီနီဗာကွန်ဗင်းရှင်း သဘောတူ စာချုပ်ကိုလည်း လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြေမြှုပ်မိုင်းတွေ တွင်တွင်ကျယ်ကျယ် သုံးနေတာကြောင့် စစ်ရာဇဝတ်မှု မြောက်တယ်လို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက အခုနှစ်ဇူလိုင်လကုန်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG