သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ရက္ေစ့ ႏိုင္ငံေရးအက်ဥ္းသားတခ်ိဳ႕ ျပန္လြတ္


ဘားအံအက်ဥ္းေထာင္ ( တင္ထူးေ၀)

[[Zawgyi/Unicode]]

ဒီေန႔ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ေတာင္ကေလးအက်ဥ္းေထာင္နဲ႔ ၿမိတ္အက်ဥ္းေထာင္ေတြကေန လြတ္ရက္ေစ့လို႔ လြတ္ေျမာက္လာသူေတြထဲမွာ NLD အစိုးရလက္ထက္က ကရင္ျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီး ၃ ဦးနဲ႔အတူ ႏိုင္ငံေရးအက်ဥ္းသား တခ်ဳိ႕ ပါဝင္ပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈ၊ လူစုလူေဝးျဖစ္ေစမႈ၊ အမ်ားျပည္သူ တည္ၿငိမ္ ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈ၊ စတဲ့ အမႈေတြနဲ႔ ဖမ္းဆီးခံခဲ့ရသူေတြျဖစ္ပါတယ္။ လြတ္ေျမာက္လာသူေတြနဲ႔ ပတ္သက္
တဲ့ ရန္ကုန္က ေပးပို႔တဲ့သတင္းကို မအင္ၾကင္းႏိုင္က တင္ျပပါမယ္။

ဒီကေန႔မနက္ပိုင္း လြတ္ေျမာက္လာတဲ့ လြတ္ရက္ေစ့ အက်ဥ္းသားေတြထဲမွာ NLD အစိုးရလက္ထက္က ကရင္ျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေဟာင္း (၃) ဦး ျဖစ္ တဲ့ ပအိုဝ္းတိုင္းရင္းသားေရးရာဝန္ႀကီး ခြန္မ်ိဳးတင့္၊ လူဝင္မႈႀကီးၾကပ္ေရး၊ ျပည္သူ႔အင္အားဌာနဝန္ႀကီး ဦးမင္းကိုခိုင္နဲ႔ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္ တို႔လည္း ပါဝင္ပါတယ္။ သူတို႔ဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ခ နဲ႔ ဖမ္းဆီးခံခဲ့ရသူေတြ ျဖစ္တဲ့အေၾကာင္း သူတို႔အမႈကို လိုက္ပါေဆာင္႐ြက္ေပးတဲ့ ေရွ႕ေန ဦး ေအာင္သိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီေန႔ ၇ နာရီခြဲမွာလြတ္တယ္။ အဲဒီမွာ ဘိုဘို ေဝေမာင္၊ ခြန္မ်ိဳးတင့္၊ ဦးမင္းကိုခိုင္ တို႔ သူတို႔ ၃ ေယာက္လြတ္တာေပါ့ ေနာ္။ ၅၀၅ -ခ နဲ႔ အဆြဲခံရတာေလ။ ၂ ႏွစ္ ခ်တယ္။ ခ်ဳပ္ရက္နဲ႔လြတ္ေတာ့ ၁၈ လက်ခံရတာေပါ့။ ဘားအံေထာင္ကပါ။ ေလာေလာဆယ္ ဒီမနက္လြတ္တာ အျခားသူေတာ့မသိဘူး၊ ဘားအံဘက္က ႏိုင္ ငံေရးနဲ႔ပတ္သတ္တာ အဲ ၃ ေယာက္လြတ္တယ္လို႔ အန္ကယ့္ကိုေျပာျပတာပဲ။”

စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္မွာ NLD အစိုးရလက္ထက္က တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြအျပင္ ဝန္ႀကီးေတြနဲ႔ NLD အဖြဲ႕၀င္ေတြ အမ်ားအျပားကို ဖမ္းဆီးခဲ့ပါတယ္။ အမ်ားစုကို တပ္မေတာ္ၿပိဳကြဲေအာင္ စည္း႐ုံးလႈံ႕ေဆာ္မႈ၊ ၅၀၅ ကနဲ႔ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္၊ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ခ တို႔နဲ႔ စစ္ေကာင္စီဘက္က တရားစြဲဆိုခဲ့ပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း အဖမ္းခံရတဲ့ NLD အဖြဲ႕ဝင္ ၆၅၀ ေက်ာ္ ရွိၿပီး ၅၀၀ ေလာက္ အက်ဥ္းေထာင္ထဲမွာ က်န္ေနေသးတဲ့အေၾကာင္း NLD တာဝန္ရွိသူေတြ ဒီႏွစ္ဆန္းက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ျပန္လည္ လြတ္ေျမာက္လာတဲ့အထဲက ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ေတာ့ ပါဝင္ျခင္း မရွိပါဘူး။ ေဒၚနန္းခင္ေထြးျမင့္ကို ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈျဖစ္ေအာင္ လုပ္ေဆာင္တယ္ဆိုတဲ့ အမႈ အပါအဝင္ အမႈမ်ိဳးစုံနဲ႔ ေထာင္ဒဏ္ႏွစ္ ၈၀ ေလာက္ ျပစ္ဒဏ္ခ်မွတ္ခံထားရပါတယ္။

ဒီကေန႔မနက္ပိုင္း ၿမိတ္အက်ဥ္းေထာင္မွာလည္း လြတ္ရက္ေစ့အက်ဥ္းသားေတြထဲ ႏိုင္ငံေရးျပစ္မႈနဲ႔ေထာင္ဒဏ္ ခ်ခံခဲ့ရသူတခ်ိဳ႕ လြတ္ရက္ေစ့လို႔ လြတ္ခဲ့ပါတယ္။ အက်ဥ္းသား ၂၅ ဦးလြတ္တာမွာ ႏိုင္ငံေရးပုဒ္မနဲ႔ အက်ဥ္းခ်ခံထားရသူ အမ်ိဳးသား ၁၈ ဦး အမ်ိဳးသမီး ၁ ဦး ေပါင္း ၁၉ ဦး လႊတ္ေျမာက္လာတယ္လို႔ အက်ဥ္းသားေတြအေရး ကူညီေဆာင္႐ြက္ေပးသူတဦးက ဗြီအိုေအကို အတည္ျပဳပါတယ္။

“ေယာက္က်ားေလး ၁၈ ေယာက္က ႏိုင္ငံေရးအက်ဥ္းသား၊ ေနာက္ မိန္းကေလး တေယာက္သူလည္း ႏိုင္ငံေရးအက်ဥ္းသားပဲ။ ၁၉ ေယာက္အမႈတြဲေပါ့။ ၁၉ ေယာက္စလုံး တေန႔တည္း အဖမ္းခံရတယ္။အမႈတခုတည္းနဲ႔ ဆြဲခံထိခဲ့တာပါ။ သူတို႔ကို ၅၀၅-ကနဲ႔ ၁၄၅ တို႔နဲ႔ဆြဲတယ္။ ေထာင္ ၂ ႏွစ္ခ်ခဲ့တယ္။ ဒီေန႔လြတ္တာက စုစုေပါင္း ၂၅ ဦး။ ဒီထဲမွာ ေယာက္က်ားေလး ၁၈ ဦးကႏိုင္ငံေရး အက်ဥ္းသားပါ။ ေနာက္ မိန္းကေလး လြတ္တဲ့ ၄ ေယာက္မွာ တေယာက္က ႏိုင္ငံေရးအမႈနဲ႔လြတ္တာေပါ့။ ဒီေတာ့ဒီေန႔ လြတ္တဲ့ႏိုင္ငံေရးအက်ဥ္းသား ၁၉ ေယာက္ပါ။”

ၿမိတ္အက်ဥ္းေထာင္က လြတ္ေျမာက္လာသူ အမ်ားစုဟာ တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္လုပ္ေဆာင္မႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ လူစုလူေဝးျဖစ္ေစမႈ ပုဒ္မ ၁၄၅ ၊ စတဲ့ အမႈေတြနဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ခဲ့ရတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း ( AAPP) စာရင္းအရ စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ကစလို႔ ဒီႏွစ္ ဩဂုတ္ ၃၁ ရက္ထိ ဖမ္းဆီးခံခဲ့ရသူ တေသာင္းခြဲေက်ာ္ရွိၿပီး ျပစ္ဒဏ္စီရင္ခံထားရသူအပါအဝင္ လက္ရွိ ထိန္းသိမ္းခံေနရသူ တေသာင္း ၂ ေထာင္ ေက်ာ္ရွိပါတယ္။ ျပန္လည္လြတ္ေျမာက္လာသူ ၃,၀၇၅ ေယာက္ရွိပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရး ဆန္႔က်င္ လႈပ္ရွားမႈေတြနဲ႔ ဆက္စပ္ၿပီး ေသဆံုးသူေပါင္းကေတာ့ ၂,၂၀၀ ေက်ာ္ရွိပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း ( AAPP) ရဲ႕ စာရင္းေတြဟာ ခ်ဲ႕ကားထားတယ္ဆိုၿပီး ျငင္းဆိုေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်

ဒီေန႔ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ တောင်ကလေးအကျဉ်းထောင်နဲ့ မြိတ်အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးနဲ့အတူ နိုင်ငံရေးအကျဉ်းသား တချို့ ပါဝင်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု၊ လူစုလူဝေးဖြစ်စေမှု၊ အများပြည်သူ တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု၊ စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ လွတ်မြောက်လာသူတွေနဲ့ ပတ်သက်
တဲ့ ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပါမယ်။

ဒီကနေ့မနက်ပိုင်း လွတ်မြောက်လာတဲ့ လွတ်ရက်စေ့ အကျဉ်းသားတွေထဲမှာ NLD အစိုးရလက်ထက်က ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း (၃) ဦး ဖြစ် တဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင်နဲ့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင် တို့လည်း ပါဝင်ပါတယ်။ သူတို့ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ နဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တဲ့အကြောင်း သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦး အောင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ၇ နာရီခွဲမှာလွတ်တယ်။ အဲဒီမှာ ဘိုဘို ဝေမောင်၊ ခွန်မျိုးတင့်၊ ဦးမင်းကိုခိုင် တို့ သူတို့ ၃ ယောက်လွတ်တာပေါ့ နော်။ ၅၀၅ -ခ နဲ့ အဆွဲခံရတာလေ။ ၂ နှစ် ချတယ်။ ချုပ်ရက်နဲ့လွတ်တော့ ၁၈ လကျခံရတာပေါ့။ ဘားအံထောင်ကပါ။ လောလောဆယ် ဒီမနက်လွတ်တာ အခြားသူတော့မသိဘူး၊ ဘားအံဘက်က နိုင် ငံရေးနဲ့ပတ်သတ်တာ အဲ ၃ ယောက်လွတ်တယ်လို့ အန်ကယ့်ကိုပြောပြတာပဲ။”

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ NLD အစိုးရလက်ထက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအပြင် ဝန်ကြီးတွေနဲ့ NLD အဖွဲ့ဝင်တွေ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ အများစုကို တပ်မတော်ပြိုကွဲအောင် စည်းရုံးလှုံ့ဆော်မှု၊ ၅၀၅ ကနဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရတဲ့ NLD အဖွဲ့ဝင် ၆၅၀ ကျော် ရှိပြီး ၅၀၀ လောက် အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့အကြောင်း NLD တာဝန်ရှိသူတွေ ဒီနှစ်ဆန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့အထဲက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တော့ ပါဝင်ခြင်း မရှိပါဘူး။ ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ အမှု အပါအဝင် အမှုမျိုးစုံနဲ့ ထောင်ဒဏ်နှစ် ၈၀ လောက် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

ဒီကနေ့မနက်ပိုင်း မြိတ်အကျဉ်းထောင်မှာလည်း လွတ်ရက်စေ့အကျဉ်းသားတွေထဲ နိုင်ငံရေးပြစ်မှုနဲ့ထောင်ဒဏ် ချခံခဲ့ရသူတချို့ လွတ်ရက်စေ့လို့ လွတ်ခဲ့ပါတယ်။ အကျဉ်းသား ၂၅ ဦးလွတ်တာမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းချခံထားရသူ အမျိုးသား ၁၈ ဦး အမျိုးသမီး ၁ ဦး ပေါင်း ၁၉ ဦး လွှတ်မြောက်လာတယ်လို့ အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးသူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။

“ယောက်ကျားလေး ၁၈ ယောက်က နိုင်ငံရေးအကျဉ်းသား၊ နောက် မိန်းကလေး တယောက်သူလည်း နိုင်ငံရေးအကျဉ်းသားပဲ။ ၁၉ ယောက်အမှုတွဲပေါ့။ ၁၉ ယောက်စလုံး တနေ့တည်း အဖမ်းခံရတယ်။အမှုတခုတည်းနဲ့ ဆွဲခံထိခဲ့တာပါ။ သူတို့ကို ၅၀၅-ကနဲ့ ၁၄၅ တို့နဲ့ဆွဲတယ်။ ထောင် ၂ နှစ်ချခဲ့တယ်။ ဒီနေ့လွတ်တာက စုစုပေါင်း ၂၅ ဦး။ ဒီထဲမှာ ယောက်ကျားလေး ၁၈ ဦးကနိုင်ငံရေး အကျဉ်းသားပါ။ နောက် မိန်းကလေး လွတ်တဲ့ ၄ ယောက်မှာ တယောက်က နိုင်ငံရေးအမှုနဲ့လွတ်တာပေါ့။ ဒီတော့ဒီနေ့ လွတ်တဲ့နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်ပါ။”

မြိတ်အကျဉ်းထောင်က လွတ်မြောက်လာသူ အများစုဟာ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ လူစုလူဝေးဖြစ်စေမှု ပုဒ်မ ၁၄၅ ၊ စတဲ့ အမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) စာရင်းအရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ကစလို့ ဒီနှစ် ဩဂုတ် ၃၁ ရက်ထိ ဖမ်းဆီးခံခဲ့ရသူ တသောင်းခွဲကျော်ရှိပြီး ပြစ်ဒဏ်စီရင်ခံထားရသူအပါအဝင် လက်ရှိ ထိန်းသိမ်းခံနေရသူ တသောင်း ၂ ထောင် ကျော်ရှိပါတယ်။ ပြန်လည်လွတ်မြောက်လာသူ ၃,၀၇၅ ယောက်ရှိပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်ချုပ်ရေး ဆန့်ကျင် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူပေါင်းကတော့ ၂,၂၀၀ ကျော်ရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( AAPP) ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတယ်ဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။

XS
SM
MD
LG