သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက် ဆည်တောရွာ ဖမ်းဆီးခံ ရွာသားတချို့ ပြန်လွတ်


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘုရားကုန်းကျေးရွာပြမြေပုံ (Crd: MIMU)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘုရားကုန်းကျေးရွာပြမြေပုံ (Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ဝက်လက်မြို့အရှေ့ခြမ်းကို မြန်မာစစ်တပ်က လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း PDF အဖွဲ့ဝင်တချို့ ထပ်မံကျဆုံးကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆည်တောရွာက ဖမ်းဆီးထားတဲ့ ရွာသားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးခံထားရတဲ့ ရွာသား ၁၅ ယောက်လောက်တော့ ကျန်နေသေးတယ်လို့ ပြောပါတယ်။ ဝက်လက်မြို့အရှေ့ခြမ်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း ဘုရားလေးကုန်း ကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို အောက်တိုဘာ ၈ ရက်နေ့ကတည်းက မြန်မာစစ်တပ်က လေကြောင်းကရော ကုန်းကြောင်းကပါ တိုက်ခိုက်နေတာပါ။ ဆည်တောရွာ က ဒေသခံ ၅၀ နီးပါးကို စစ်တပ်က ဖမ်းဆီးခံခဲ့ရပေမယ့် တော်တော်များများကို ပြန်လွှတ်ပေးလိုက်ပြီး ၁၅ ယောက်လောက်တော့ ဆက်အဖမ်းခံနေရဆဲပဲလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။

“၁၁ ရက်နေ့မှာ နောက်ကြောင်းပြန်ခေါက်တယ်။ ပြန်ခေါက်ပြီးတော့ သူတို့ ဒူဒင်တောင်ကနေ ခွာသွားတယ်။ ခွာသွားပြီးတော့ အဲ့မှာ လမ်းလျှောက်လို့ အဆင်မပြေတဲ့ အမျိုးသမီး ၄ ဦးလောက်ကို သူတို့ထားခဲ့ပြီးတော့ အမျိုးသမီး၊ အမျိုးသား ၁၅ ဦးခန့်လောက်ရှိမယ်ဗျ အဲ့ဒါကို စစ်ကြောင်းထဲမှာ ခေါ်သွားတယ်။”

မြန်မာစစ်တပ်စစ်ကြောင်း ဒူဒင်တောင်အနီးကထွက်သွားပြီး ဘုရားလေးကုန်းကျေး ရွာအနားမှာ ကင်းပုန်းဝပ်နေတဲ့ PDF တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတဲ့အကြောင်းနဲ့ အကျအဆုံးရှိတဲ့အကြောင်းလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

''သူတို့ တပ်စွဲသွားခဲ့တဲ့ ဒူဒင်တောင်ပေါ့နော်၊ အဲဒီကိုသွားပြီး ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါပေ့ါနော်၊ လောလောဆယ် အလောင်း ၃ လောင်း (PDF) ထပ်တွေ့တယ်။ အခုသူတို့ (စကစ) လမ်းလျှောက်ပြီး ဆက်ထွက်သွားတယ်၊ အင်အားက ၈၀ ကျော်ပဲ ရှိတာ။ အဲ့ဒါကိုမှသူတို့က နေရာခွဲ အဖွဲ့တွေ အများကြီးခွဲပြီးတော့မှ အခု ရောက်သွားတာက ဝက်လက်မြို့နယ်အရှေ့ခြမ်း မင်းကုန်းရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်ဗျ။”

ထိခိုက်ကျဆုံးတဲ့အရေအတွက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးသလို VOA အနေနဲ့ သီးခြားအတည်ပြုခက် မရသေးပါဘူး။ ဝက်လက်အရှေ့ခြမ်းတိုက်ပွဲတွေအတွင်း ဒီရက်ပိုင်း PDF တပ်ဖွဲ့ဝင် တချို့ သေဆုံးနေတဲ့ပုံတွေ လူမှုကွန်ယက်တွေမှာလည်း ပျံ့နှံ့နေပါတယ်။

တိုက်ပွဲတွေကြောင့် စစ်တပ်က လေကြာင်းတိုက်ခိုက်ခဲ့တဲ့ နေရာနဲ့အနီးဝန်းကျင်က ကျေးရွာ ၁၅ ရွာထက်မနည်း ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ဒီဒေသ ကျေးရွာတွေမှာ PDF တပ်ဖွဲ့တွေ ခြေကုတ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်နေတယ်လို့ မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား အပြန်အလှန်စွပ်စွဲချက်တွေ ထွက်နေပါတယ်။ မြစ်ကမ်းတလျောက်နဲ့ မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲနဲ့ တခြားဝေးတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]









XS
SM
MD
LG