သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Internet Explorer Browser ကို အနားေပးလိုက္ၿပီ


Microsoft Goodbye Explorer

[[Zawgyi/Unicode]]

အင္တာနက္ကြန္ယက္ စသုံးစဥ္တုန္းက လူသုံးမ်ားခဲ့တဲ့ Internet Explorer IE browser ကို ၂၇ ႏွစ္နီးပါးအၾကာမွာ Microsoft ကုမၸဏီ အၿပီးတိုင္ အနားေပးလိုက္ပါၿပီ။

အင္တာနက္မွာ ကိုယ္ဝင္ၾကည့္ခ်င္တဲ့ အင္တာနက္စာမ်က္ႏွာကို လိပ္စာ႐ိုက္ထည့္ သြားၾကည့္ႏိုင္ဖို႔ Microsoft ကုမၸဏီက ၁၉၉၅ ခုႏွစ္မွာ စတင္ မိတ္ဆက္ခဲ့တဲ့ Internet Explorer browser ကို ၂၀၂၂ ဇြန္လ ၁၅ ရက္ မေန႔က ေနာက္ဆုံး ရပ္နားလိုက္ပါတယ္။ ဒီလို အနားေပးမယ့္အေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ကတည္းက Microsoft ကုမၸဏီက ေၾကညာခဲ့ၿပီး IE အစား ၂၀၁၅ မွာ မိတ္ဆက္ခဲ့တဲ့ Microsoft Edge browser ကို ေျပာင္းသုံးၾကဖို႔ အႀကံျပဳထားပါတယ္။

Microsoft ရဲ႕Windows operating system ျ ေတြကို အဆင့္ျမႇင့္ update လုပ္လိုက္ရင္ Internet Explorer ျပန္ပါလာေတာ့မွ မဟုတ္ဘဲ သုံးမရျဖစ္သြားမွာမို႔ Brower အသစ္နဲ႔ အစားထိုးဖို႔ ႀကိဳအသိေပးထားပါတယ္။ အင္တာနက္ကြန္ယက္ စေပၚစဥ္တုန္းက Internet Explorer browser ကိုပဲ အင္တာနက္သုံးသူေတြ အားထားခဲ့ရတဲ့အတြက္ ၂၀၀၀ ျပည့္ႏွစ္ေတြတုန္းကဆိုရင္ အသုံးျပဳသူ ၉၀% ေက်ာ္ရွိခဲ့ပါတယ္။

အခုေတာ့ သူ႔ထက္ ျမန္ဆန္၊ စြမ္းေဆာင္ရည္ေကာင္းတဲ့ browser ေတြေပၚလာတဲ့အခါမွာ IE ကို သုံးသူ ပို နည္းနည္းလာၿပီး လက္တေလာမွာေတာ့ Google Chrome web browser က ကမာၻမွာ လူသုံးအမ်ားဆုံးနဲ႔ Apple ရဲ႕ Safari browser က ဒုတိယလူသုံးအမ်ားဆုံး ျဖစ္လာပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ေတြမွာ ေမြးသူေတြအတြက္ေတာ့ Internet Explorer က အင္တာနက္စသုံးစ ငယ္ဘဝကို ေအာက္ေမ့ဖြယ္ရာ ျဖစ္ေနၿပီး ေတာင္ကိုရီးယားက software engineer တေယာက္ဆိုရင္ Internet Explorer ေခါင္းခ်ရာ အုတ္ဂူတခု ေအာက္ေမ့ဖြယ္ ဖန္တီးထားပါတယ္။

Internet Explorer Browser ကို အနားေပးလိုက္ၿပီ
please wait

No media source currently available

0:00 0:01:30 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

Internet Explorer Browser ကို အနားပေးလိုက်ပြီ

အင်တာနက်ကွန်ယက် စသုံးစဉ်တုန်းက လူသုံးများခဲ့တဲ့ Internet Explorer IE browser ကို ၂၇ နှစ်နီးပါးအကြာမှာ Microsoft ကုမ္ပဏီ အပြီးတိုင် အနားပေးလိုက်ပါပြီ။

အင်တာနက်မှာ ကိုယ်ဝင်ကြည့်ချင်တဲ့ အင်တာနက်စာမျက်နှာကို လိပ်စာရိုက်ထည့် သွားကြည့်နိုင်ဖို့ Microsoft ကုမ္ပဏီက ၁၉၉၅ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Internet Explorer browser ကို ၂၀၂၂ ဇွန်လ ၁၅ ရက် မနေ့က နောက်ဆုံး ရပ်နားလိုက်ပါတယ်။ ဒီလို အနားပေးမယ့်အကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက Microsoft ကုမ္ပဏီက ကြေညာခဲ့ပြီး IE အစား ၂၀၁၅ မှာ မိတ်ဆက်ခဲ့တဲ့ Microsoft Edge browser ကို ပြောင်းသုံးကြဖို့ အကြံပြုထားပါတယ်။

Microsoft ရဲ့ Windows operating system ျ တွေကို အဆင့်မြှင့် update လုပ်လိုက်ရင် Internet Explorer ပြန်ပါလာတော့မှ မဟုတ်ဘဲ သုံးမရဖြစ်သွားမှာမို့ Brower အသစ်နဲ့ အစားထိုးဖို့ ကြိုအသိပေးထားပါတယ်။ အင်တာနက်ကွန်ယက် စပေါ်စဉ်တုန်းက Internet Explorer browser ကိုပဲ အင်တာနက်သုံးသူတွေ အားထားခဲ့ရတဲ့အတွက် ၂၀၀၀ ပြည့်နှစ်တွေတုန်းကဆိုရင် အသုံးပြုသူ ၉၀% ကျော်ရှိခဲ့ပါတယ်။

အခုတော့ သူ့ထက် မြန်ဆန်၊ စွမ်းဆောင်ရည်ကောင်းတဲ့ browser တွေပေါ်လာတဲ့အခါမှာ IE ကို သုံးသူ ပို နည်းနည်းလာပြီး လက်တလောမှာတော့ Google Chrome web browser က ကမ္ဘာမှာ လူသုံးအများဆုံးနဲ့ Apple ရဲ့ Safari browser က ဒုတိယလူသုံးအများဆုံး ဖြစ်လာပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ မွေးသူတွေအတွက်တော့ Internet Explorer က အင်တာနက်စသုံးစ ငယ်ဘဝကို အောက်မေ့ဖွယ်ရာ ဖြစ်နေပြီး တောင်ကိုရီးယားက software engineer တယောက်ဆိုရင် Internet Explorer ခေါင်းချရာ အုတ်ဂူတခု အောက်မေ့ဖွယ် ဖန်တီးထားပါတယ်။

===============

XS
SM
MD
LG