သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် လေးစားဖို့ စစ်ကောင်စီကို IFJ တောင်းဆို  


မေလ ၃ ရက်၊ ၂၀၂၂ ခု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အစီရင်ခံစာ။
မေလ ၃ ရက်၊ ၂၀၂၂ ခု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အစီရင်ခံစာ။

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းလုပ်ငန်းလုပ်ကိုင်နေသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တာတွေကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် IFJ က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်ဆန္ဒပြပွဲတခုမှာပါဝင်ခဲ့တဲ့ ဆန္ဒပြလူငယ်တဦးနဲ့ အလွတ်တန်းဓာတ်ပုံ သတင်းထောက်တဦးကို စစ်ကောင်စီက ဒီလအစောပိုင်းက အကြမ်းဖက် အင်အားသုံး ဖမ်းဆီးတာရှိခဲ့သလို သြဂုတ်လ ၂၅ ရက်၊ မနေ့တုန်းကတော့ အလွတ်တန်း ဓာတ်ပုံသတင်းထောက်ဟောင်းတဦးဖြစ်တဲ့ ကိုဇော်ဇော်ကို ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ IFJ အဖွဲ့က ပြောပါတယ်။ ဓာတ်ပုံ သတင်းထောက်ဟောင်း ကိုဇော်ဇော်ဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း သတင်းထောက် အလုပ် ဆက်မလုပ်ဘဲ နေ နေတဲ့အချိန် ဒီနှစ် ဧပြီလထဲ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ တပ်မတော်ပြိုကွဲအောင် စည်းရုံးလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ သူ့ကို အရေးယူခံခဲ့ရတယ်လို့ ထောက်ပြပြီး မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း သတင်းမီဒီယာသမားတွေရဲ့ လုံခြုံရေး ပိုပြီး ခြိမ်းခြောက်ခံလာ နေရတယ်လို့ IFJ အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ သတင်းထောက်တွေ၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူတွေကို ခြိမ်းခြောက်တာ၊ အကြမ်းဖက် နှိမ်နင်းတာ၊ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုမို လုပ်လာနေတယ်လို့ ဆိုပြီး စစ်ကောင်စီအနေနဲ့ သတင်းလွတ်လပ် ခွင့်နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အားလုံးပြန်လွတ်ပေးဖို့ နိုင်ငံပေါင်း ၁၄၀ က သတင်းသမား ၆ သိန်းကျော် ပါဝင်တဲ့ နိုင်ငံတကာ သတင်းသမားများ အဖွဲ့ချုပ် IFJ က တောင်းဆိုပါတယ်။

ပြည်တွင်း ပြည်ပ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမား ၁၀၀ ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[Unicode]






XS
SM
MD
LG