သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ ျပည္တြင္းေရးဝင္မစြက္မူအတိုင္း ရပ္တည္မည္” တ႐ုတ္တုံ႔ျပန္


(ဝဲမွယာ) ေသဒဏ္စီရင္ၿပီးစီးေၾကာင္း ဇူလိုင္လ ၂၅ရက္ေန႔ သတင္းထုတ္ျပန္ခဲ့ေသာ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္

[[Zawgyi/Unicode]]


ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားသူ ၄ ေယာက္ ႀကိဳးေပး သတ္ျဖတ္ခံရတာနဲ႔ ပတ္သက္ၿပီး တ႐ုတ္ကို ႏိုင္ငံတကာက ဖိအားေပး ေျပာဆိုေနတာေတြရွိေပမယ့္ တ႐ုတ္ ႏိုင္ငံျခားေရးဌာနကေတာ့ သူတို႔အေနနဲ႔ တျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးရာ ကိစၥေတြကို ဝင္ၿပီးမစြက္ဖက္ဘူးဆိုတဲ့ မူအတိုင္းပဲ ရပ္တည္တယ္ဆိုၿပီး တုံ႔ျပန္ခဲ့ပါတယ္။ တ႐ုတ္ရဲ႕ တုံ႔ျပန္မႈနဲ႔ပတ္သက္လို႔ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ေရရွည္အက်ိဳးကိုၾကည့္ၿပီး မတူကြဲျပားမႈေတြကို အေျခခံဖြဲ႔စည္းပုံနဲ႔ ဥပေဒေတြရဲ႕ စည္းေဘာင္ေတြထဲမွာပဲ ကိုင္တြယ္ေျဖရွင္းသင့္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက ဇူလိုင္ ၂၆ ရက္ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္ပသတင္းမီဒီယာေတြကို ေျပာလိုက္တာပါ။ တ႐ုတ္အေနနဲ႔ တျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးကိစၥမွာ ဝင္ၿပီး မစြက္ဖက္ဘူးဆိုတဲ့မူကိုပဲ ဆက္ၿပီးက်င့္သုံးေနတယ္ လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ မစၥတာ Zhao Lijian က ဒီသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။ ျမန္မာ့ႏိုင္ငံေရးလႈပ္ရွားသူ ေလးဦးကို စစ္ေကာင္စီက ႀကိဳးေပးသတ္ျဖတ္ခဲ့ၿပီးေနာက္ တ႐ုတ္အေနနဲ႔ ျမန္မာအေပၚမွာ သူ႔ဩဇာသုံး ေဆာင္႐ြက္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာဆိုခဲ့တဲ့အေပၚ သတင္းမီဒီယာေတြေမးျမန္းတာကို တ႐ုတ္ႏိုင္ငံျခားေရးေျပာခြင့္ရသူက တုံ႔ျပန္ခဲ့တာပါ။

တ႐ုတ္အစိုးရအေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံဥေပေဒေအာက္မွာပဲ ျမန္မာ့အေရးကိစၥေတြကို ေျဖရွင္းေဆာင္႐ြက္ေစခ်င္ပုံရတယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာလွေက်ာ္ေဇာက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔အေနနဲ႔က ဗမာျပည္အေရးကိစၥကို ဗမာျပည္ရဲ႕ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံေအာက္မွာ ပါဝင္တဲ့ သက္ဆိုင္သူေတြအားလုံး စုံစုံညီညီနဲ႔ မ်က္ႏွာစုံညီေဆြးေႏြးၿပီးေတာ့ ေအးေအးခ်မ္းခ်မ္း ေဆြးေႏြးေျဖရွင္းဖို႔ကို လိုလားပါတယ္-တဲ့။ (Zhao Kijian က) အဲလိုေျပာတယ္ဗ်။ ေတာက္ေလွ်ာက္လည္း သူ ဒီလိုပဲေျပာေနတာပဲ။ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံေအာက္မွာ အားလုံးပါဝင္ေဆြးေႏြးၾကဖို႔ဆိုၿပီး ေျပာေနတာပဲေလ။ (တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး) ဝမ္ယိလည္း ဒီလိုပဲေျပာေနတာပဲ။ ဒီ ၂၀၀၈ ဖြဲ႔စည္းပုံကိုပဲ ရည္ၫႊန္းပုံရပါတယ္။"

အခု ဇူလိုင္လ ၃ ရက္က ပုဂံၿမိဳ႕မွာလုပ္တဲ့ မဲေခါင္-လန္ခ်န္း အစည္းအေဝးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ တက္ေရာက္ခဲ့ပါတယ္။ ဒါက စစ္ေကာင္စီအာဏာသိမ္းၿပီး သူ႔ရဲ႕ ပထမဆုံးျမန္မာျပည္ခရီးစဥ္လည္း ျဖစ္ပါတယ္။ ဒီပြဲမွာ မစၥတာဝမ္ယိဟာ အာဆီယံရဲ႕ လက္ရွိအထူးသံတမန္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး ပရတ္ေဆာ့ခြန္နဲ႔ သူေတြဆုံခဲ့ၿပီး ျမန္မာ့အေရးေဆြးေႏြးပါတယ္။ အဲဒီမွာေတာ့ တ႐ုတ္အေနနဲ႔ အာဆီယံရဲ႕ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ကို လက္ခံၿပီး၊ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈျပန္စဖို႔ ရင္ၾကားေစ့ေရးလုပ္ငန္းေတြလုပ္ႏိုင္ဖို႔ အာဆီယံနဲ႔ ပူးတြဲေဆာင္႐ြက္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံေရးျပႆနာေျဖရွင္းေရးမွာ တ႐ုတ္အေနနဲ႔ သူခ်ည္းမဟုတ္ဘဲ အာဆီယံရဲ႕ခ်ဥ္းကပ္မႈကိုပိုၿပီး အေလးထားတဲ့သေဘာေတြ႕ရတယ္လို႔ ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္းကလည္း ယူဆပါတယ္။

"အခု အာဆီယံကဆုံးျဖတ္ထားတဲ့ five-point consensus ကို အေကာင္အထည္ ေဖာ္တဲ့ကိစၥမ်ိဳးေပါ့ေနာ္ အဲဒါမ်ိဳးမွာ သူဝင္ၿပီးေတာ့ မွန္တယ္၊ အဲဒီအတိုင္းျဖစ္သင့္တယ္ ဆိုတာအျပင္ ေနာက္ၿပီး ျပည္တြင္းမွာဆိုရင္ အားလုံးပါဝင္တဲ့ ေ႐ြးေကာက္ ပြဲ အေျခခံဥပေဒ၊ ဥပေဒေတြနဲ႔အညီ လုပ္ၿပီးေတာ့ ျပည္သူလူထုအားလုံးရဲ႕ ဆႏၵအတိုင္း ဆုံးျဖတ္တာကို လက္ခံသင့္တယ္ဆိုတာ ဒါ သူ ပါသင့္ပါထိုက္တဲ့၊ ေျပာသင့္ေျပာထိုက္တဲ့အတိုင္း ေျပာတာပဲေလ။ အေသးစိတ္ေတြေတာ့ သူကေျပာေလ့မရွိဘူး။"

စစ္ေကာင္စီဟာ အာဏာၿမဲဖို႔အတြက္ အတိုင္းအဆမရွိ ဘာမဆိုလုပ္သြားမယ္ဆိုတာကို ျပေနၿပီး ႏိုင္ငံတကာကဒါကို ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္ဖို႔ အခ်ိန္တန္ၿပီလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Tom Andrews က ဗြီအိုေအကိုေျပာခဲ့ပါတယ္။ ကုလအတြင္းအေရးမႉးခ်ဳပ္ကလည္း စစ္ေကာင္စီရဲ႕ ေသဒဏ္စီရင္မႈကို ျပစ္တစ္ရႈတ္ခ်ထားပါတယ္။

ဒါ့အျပင္ မေလးရွား၊ စကၤာပူ၊ ေတာင္ကိုရီးယားကလည္း ဒီမိုကေရစီ တက္ႂကြလႈပ္ရွားသူ ၄ ေယာက္ကို သတ္ျဖတ္ခဲ့တဲ့အေပၚ ေဝဖန္ရႈတ္ခ်ထားပါတယ္။ ဒါက လူသားမ်ိဳးႏြယ္တရပ္လုံးအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈျဖစ္သလို အာဆီယံဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ကိုလည္း ျပက္ရယ္ျပဳလိုက္တာလို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ဇူလိုင္၂၆ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

“ပြည်တွင်းရေးဝင်မစွက်မူအတိုင်း ရပ်တည်မည်” တရုတ်တုံ့ပြန်


မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ယောက် ကြိုးပေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရုတ်ကို နိုင်ငံတကာက ဖိအားပေး ပြောဆိုနေတာတွေရှိပေမယ့် တရုတ် နိုင်ငံခြားရေးဌာနကတော့ သူတို့အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေကို ဝင်ပြီးမစွက်ဖက်ဘူးဆိုတဲ့ မူအတိုင်းပဲ ရပ်တည်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေရှည်အကျိုးကိုကြည့်ပြီး မတူကွဲပြားမှုတွေကို အခြေခံဖွဲ့စည်းပုံနဲ့ ဥပဒေတွေရဲ့ စည်းဘောင်တွေထဲမှာပဲ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၆ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ပသတင်းမီဒီယာတွေကို ပြောလိုက်တာပါ။ တရုတ်အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စမှာ ဝင်ပြီး မစွက်ဖက်ဘူးဆိုတဲ့မူကိုပဲ ဆက်ပြီးကျင့်သုံးနေတယ် လို့လည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ မစ္စတာ Zhao Lijian က ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့ပြီးနောက် တရုတ်အနေနဲ့ မြန်မာအပေါ်မှာ သူ့ဩဇာသုံး ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုခဲ့တဲ့အပေါ် သတင်းမီဒီယာတွေမေးမြန်းတာကို တရုတ်နိုင်ငံခြားရေးပြောခွင့်ရသူက တုံ့ပြန်ခဲ့တာပါ။

တရုတ်အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပေဒေအောက်မှာပဲ မြန်မာ့အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်စေချင်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဗမာပြည်အရေးကိစ္စကို ဗမာပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာ ပါဝင်တဲ့ သက်ဆိုင်သူတွေအားလုံး စုံစုံညီညီနဲ့ မျက်နှာစုံညီဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း ဆွေးနွေးဖြေရှင်းဖို့ကို လိုလားပါတယ်-တဲ့။ (Zhao Kijian က) အဲလိုပြောတယ်ဗျ။ တောက်လျှောက်လည်း သူ ဒီလိုပဲပြောနေတာပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာ အားလုံးပါဝင်ဆွေးနွေးကြဖို့ဆိုပြီး ပြောနေတာပဲလေ။ (တရုတ်နိုင်ငံခြားရေးဝန်ကြီး) ဝမ်ယိလည်း ဒီလိုပဲပြောနေတာပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ ရည်ညွှန်းပုံရပါတယ်။"

အခု ဇူလိုင်လ ၃ ရက်က ပုဂံမြို့မှာလုပ်တဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ခဲ့ပါတယ်။ ဒါက စစ်ကောင်စီအာဏာသိမ်းပြီး သူ့ရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီပွဲမှာ မစ္စတာဝမ်ယိဟာ အာဆီယံရဲ့ လက်ရှိအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်နဲ့ သူတွေဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးပါတယ်။ အဲဒီမှာတော့ တရုတ်အနေနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ကို လက်ခံပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပြန်စဖို့ ရင်ကြားစေ့ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ အာဆီယံနဲ့ ပူးတွဲဆောင်ရွက်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေးပြဿနာဖြေရှင်းရေးမှာ တရုတ်အနေနဲ့ သူချည်းမဟုတ်ဘဲ အာဆီယံရဲ့ချဉ်းကပ်မှုကိုပိုပြီး အလေးထားတဲ့သဘောတွေ့ရတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းကလည်း ယူဆပါတယ်။

"အခု အာဆီယံကဆုံးဖြတ်ထားတဲ့ five-point consensus ကို အကောင်အထည် ဖော်တဲ့ကိစ္စမျိုးပေါ့နော် အဲဒါမျိုးမှာ သူဝင်ပြီးတော့ မှန်တယ်၊ အဲဒီအတိုင်းဖြစ်သင့်တယ် ဆိုတာအပြင် နောက်ပြီး ပြည်တွင်းမှာဆိုရင် အားလုံးပါဝင်တဲ့ ရွေးကောက် ပွဲ အခြေခံဥပဒေ၊ ဥပဒေတွေနဲ့အညီ လုပ်ပြီးတော့ ပြည်သူလူထုအားလုံးရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်တာကို လက်ခံသင့်တယ်ဆိုတာ ဒါ သူ ပါသင့်ပါထိုက်တဲ့၊ ပြောသင့်ပြောထိုက်တဲ့အတိုင်း ပြောတာပဲလေ။ အသေးစိတ်တွေတော့ သူကပြောလေ့မရှိဘူး။"

စစ်ကောင်စီဟာ အာဏာမြဲဖို့အတွက် အတိုင်းအဆမရှိ ဘာမဆိုလုပ်သွားမယ်ဆိုတာကို ပြနေပြီး နိုင်ငံတကာကဒါကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောခဲ့ပါတယ်။ ကုလအတွင်းအရေးမှူးချုပ်ကလည်း စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ပြစ်တစ်ရှုတ်ချထားပါတယ်။

ဒါ့အပြင် မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အပေါ် ဝေဖန်ရှုတ်ချထားပါတယ်။ ဒါက လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်သလို အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း ပြက်ရယ်ပြုလိုက်တာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇူလိုင်၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG