သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိုးဘိုေထာင္အတြင္း ေသဒဏ္အမိန္႔ခ်မွတ္ခံထားရသူေတြ က်န္းမာေရးစစ္ေဆး


မႏၱေလး အိုးဘုိအက်ဥ္းေထာင္ (ဓာတ္ပံု- အိုးဘိုေထာင္ ဖဘ)

[[Zawgyi/Unicode]]

မႏၲေလးတိုင္း အိုးဘိုေထာင္အတြင္း ေသဒဏ္အမိန္႔ ခ်မွတ္ခံထားရသူ ႏွစ္ဒါဇင္ေလာက္ကို ေထာင္အာဏာပိုင္ေတြက က်န္းမာေရး စစ္ေဆးတာေတြ လုပ္ေနတဲ့အတြက္ ထပ္ၿပီးကြပ္မ်က္မွာကို ႏိုင္ငံေရးအက်ဥ္းသား ေစာင့္ၾကည့္သူေတြ စိုးရိမ္ေနပါတယ္။ ေသဒဏ္အမိန္႔ ခ်မွတ္ခံထားရသူေတြကို ဥပေဒအတိုင္း ဆက္လုပ္ေဆာင္ရြက္မယ္လို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားတာေၾကာင့္ေရာ၊ မၾကာေသးခင္က ႏိုင္ငံေရးအရ ထင္ရွားသူေတြကို ကြပ္မ်က္ခဲ့တာေၾကာင့္ပါ အခု က်န္းမာေရးစစ္ေဆးခံရတဲ့ ေသဒဏ္က်အက်ဥ္းသားေတြအတြက္ စိုးရိမ္စရာျဖစ္လာတာပါ။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

၈၈ မ်ဳိးဆက္ ေခါင္းေဆာင္ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုျဖဳိးေဇယ်ာေသာ္နဲ႔အတူ အရပ္သားေတြျဖစ္ၾကတဲ့ ကိုလွမ်ဳိးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကို ကြပ္မ်က္ခဲ့တာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေဝဖန္ျပစ္တင္ေနခ်ိန္မွာပဲ အိုးဘိုေထာင္ထဲက ေသဒဏ္အမိန္႔ ခ်မွတ္ခံထားရသူ အက်ဥ္းသားေတြကို က်န္းမာေရးစစ္ေဆးတဲ့ သတင္းထြက္လာတာပါ။ အိုးဘိုေထာင္တြင္း သတင္းရပ္ကြက္နဲ႔ နီးစပ္တဲ့ အမည္မေဖၚလိုသူတဦးက VOA ကို အခုလို ေျပာပါတယ္။

“ႀကိဳးေပးမယ့္ ၂၄ ေယာက္၊ အဲဒီ ႀကိဳးေပးမယ့္ ၂၄ ေယာက္ကို အတိုင္းေတြ ဘာေတြ တိုင္းၿပီး က်န္းမာေရး လာစစ္တယ္ဆိုတဲ့ သတင္းရထားတယ္။”


ဒါနဲ႔ပတ္သက္လို႔ အိုးဘိုေထာင္အာဏာပိုင္ေတြကို ဆက္သြယ္ေပမယ့္ တစုံတရာ တုံ႔ျပန္ေျပာဆိုတာ မရွိပါဘူး။ အမည္မေဖၚလိုသူ အက်ဥ္းဦးစီးဌာနရဲ႕ တာဝန္ရွိသူတဦးကေတာ့ ႀကိဳးမိန္႔ေပး စီရင္မႈေတြနဲ႔ပတ္သက္လို႔ ပုံမွန္လုပ္ထုံးလုပ္နည္းအတိုင္း ေဆာင္ရြက္ေနတာလို႔ ေျပာပါတယ္။

“ခုၾကားတဲ့တိုင္းေတာ့ မဟုတ္ဘူးခင္ဗ်။ ပုံမွန္လုပ္ရတဲ့လုပ္ထုံးလုပ္နည္းတိုင္း လုပ္ေနပါတယ္။ က်ေနာ္တို႔က ဥပေဒ အမိန္႔ လုပ္ထုံးလုပ္နည္းတိုင္းလုပ္ရတာပါ။လုပ္ငန္းစဥ္ေတြအတိုင္း ေဆာင္႐ြက္ေနပါတယ္။ လုပ္ငန္းစဥ္ေတြၿပီးသြားရင္ ၿပီးသြားတဲ့အတိုင္းေဆာင္႐ြက္ပါမယ္။”

အက်ဥ္းေထာင္ေတြရဲ႕သေဘာသဘာဝအရ ေသဒဏ္က်ခံရသူေတြကို က်န္းမာေရးစစ္ေဆးမႈေတြ လစဥ္ေဆာင္႐ြက္ေပးတာမ်ိဳး လုပ္ေလ့လုပ္ထရွိတယ္လို႔ အက်ဥ္းသားေစာင့္ေရွာက္ေရးအဖြဲ႔က ေျပာပါတယ္။ အခုေဆးစစ္တာက ဘယ္လိုပုံစံနဲ႔ စစ္ေဆးလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရပါဘူး။

စစ္ေကာင္စီဘက္က ကိုဗစ္စည္းကမ္းခ်က္ကို အေၾကာင္းျပၿပီး ျပစ္ဒဏ္က်ခံရသူေတြကို မိသားစုနဲ႔ေတြ႕ဆုံခြင့္မေပးတာေတြေၾကာင့္ ေထာင္တြင္းအေျခအေနေတြကို
တိတိက်က် သိဖို႔ခက္ခဲလ်က္ရွိပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားေတြကို ကူညီေဆာင္ရြက္ေပးေနသူ ဦးထြန္းၾကည္ကေတာ့
စစ္ေကာင္စီရဲ႕လုပ္ရပ္ဟာ ဥပေဒမဲ့လုပ္ရပ္တခုျဖစ္ေနတာမို႔ အက်ဥ္းက်ခံေနရတဲ့ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕အသက္လုံၿခဳံေရး အထူးစိုးရိမ္စရာျဖစ္ေနတယ္လို႔ေဝဖန္ေျပာဆိုလိုက္ပါတယ္။

“ေသဒဏ္ေပးကတည္းကိုက အက်ဥ္း႐ုံး စစ္ခု႐ုံးကေန စစ္တာေလ။ ဘယ္ေရွ႕ေနမွ လိုက္ခြင့္မရဘူး။ တည္ဆဲဥပေဒေကာ၊ အက်ဥ္းေထာင္ဥပေဒေကာ၊
အက်ဥ္းေထာင္လက္စြဲဥပေဒေကာ၊ ႏိုင္ငံတကာဥပေဒေတြေကာ ဘာတခုမွကိုက္ညီတာ မရွိခဲ့ဘူး။ ေသဒဏ္ေပးခံထားရတဲ့ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ အသက္ အႏၲရာယ္ကိုအလြန္စိုးရိမ္တယ္။ လူမသိသူမသိ အညတရ လူေတြကို ဘယ္လိုမ်ားလုပ္ေနမလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနတယ္။”

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ စာရင္းေတြအရ ျမန္မာႏိ္ုငံအက်ဥ္းေထာင္ေတြထဲမွာ အခုအခ်ိန္မွာ ေသဒဏ္အမိန္႔ ခ်မွတ္ခံထားရသူ ၇၀ ေက်ာ္ ရွိေနဆဲျဖစ္ပါတယ္။ ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ အပါအဝင္ ၄ ဦးကို ႀကိဳးမိန္႔ေပးကြပ္မ်က္ခဲ့တာဟာ ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၃၀ ေလာက္အတြင္း ပထမဆုံး ျဖစ္တယ္လို႔ ဥပေဒပညာရွင္ေတြက ေျပာပါတယ္။ ၁၉၈၉ ခုႏွစ္ မတ္လ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ႀကိဳးေပးကြပ္မ်က္တာျဖစ္ၿပီး ႏိုင္ငံေရးအတိုက္ အခံေတြနဲ႔ ပတ္သက္လို႔ ၁၉၇၆ ခုႏွစ္တုန္းက ေက်ာင္းသားေခါင္းေဆာင္ဆလိုင္းတင္ေမာင္ဦးနဲ႔ ၁၉၇၇ ခုႏွစ္မွာ ဗိုလ္ႀကီးအုန္းေက်ာ္ျမင့္တို႔ကို ႀကိဳးေပး ကြပ္မ်က္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အိုးဘိုထောင်အတွင်း သေဒဏ်အမိန့်ချမှတ်ခံထားရသူတွေ ကျန်းမာရေးစစ်ဆေး

မန္တလေးတိုင်း အိုးဘိုထောင်အတွင်း သေဒဏ်အမိန့် ချမှတ်ခံထားရသူ နှစ်ဒါဇင်လောက်ကို ထောင်အာဏာပိုင်တွေက ကျန်းမာရေး စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ထပ်ပြီးကွပ်မျက်မှာကို နိုင်ငံရေးအကျဉ်းသား စောင့်ကြည့်သူတွေ စိုးရိမ်နေပါတယ်။ သေဒဏ်အမိန့် ချမှတ်ခံထားရသူတွေကို ဥပဒေအတိုင်း ဆက်လုပ်ဆောင်ရွက်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားတာကြောင့်ရော၊ မကြာသေးခင်က နိုင်ငံရေးအရ ထင်ရှားသူတွေကို ကွပ်မျက်ခဲ့တာကြောင့်ပါ အခု ကျန်းမာရေးစစ်ဆေးခံရတဲ့ သေဒဏ်ကျအကျဉ်းသားတွေအတွက် စိုးရိမ်စရာဖြစ်လာတာပါ။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့အတူ အရပ်သားတွေဖြစ်ကြတဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေချိန်မှာပဲ အိုးဘိုထောင်ထဲက သေဒဏ်အမိန့် ချမှတ်ခံထားရသူ အကျဉ်းသားတွေကို ကျန်းမာရေးစစ်ဆေးတဲ့ သတင်းထွက်လာတာပါ။ အိုးဘိုထောင်တွင်း သတင်းရပ်ကွက်နဲ့ နီးစပ်တဲ့ အမည်မဖေါ်လိုသူတဦးက VOA ကို အခုလို ပြောပါတယ်။

“ကြိုးပေးမယ့် ၂၄ ယောက်၊ အဲဒီ ကြိုးပေးမယ့် ၂၄ ယောက်ကို အတိုင်းတွေ ဘာတွေ တိုင်းပြီး ကျန်းမာရေး လာစစ်တယ်ဆိုတဲ့ သတင်းရထားတယ်။”


ဒါနဲ့ပတ်သက်လို့ အိုးဘိုထောင်အာဏာပိုင်တွေကို ဆက်သွယ်ပေမယ့် တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။ အမည်မဖေါ်လိုသူ အကျဉ်းဦးစီးဌာနရဲ့ တာဝန်ရှိသူတဦးကတော့ ကြိုးမိန့်ပေး စီရင်မှုတွေနဲ့ပတ်သက်လို့ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတာလို့ ပြောပါတယ်။

“ခုကြားတဲ့တိုင်းတော့ မဟုတ်ဘူးခင်ဗျ။ ပုံမှန်လုပ်ရတဲ့လုပ်ထုံးလုပ်နည်းတိုင်း လုပ်နေပါတယ်။ ကျနော်တို့က ဥပဒေ အမိန့် လုပ်ထုံးလုပ်နည်းတိုင်းလုပ်ရတာပါ။လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်နေပါတယ်။ လုပ်ငန်းစဉ်တွေပြီးသွားရင် ပြီးသွားတဲ့အတိုင်းဆောင်ရွက်ပါမယ်။”

အကျဉ်းထောင်တွေရဲ့သဘောသဘာဝအရ သေဒဏ်ကျခံရသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လစဉ်ဆောင်ရွက်ပေးတာမျိုး လုပ်လေ့လုပ်ထရှိတယ်လို့ အကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ အခုဆေးစစ်တာက ဘယ်လိုပုံစံနဲ့ စစ်ဆေးလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

စစ်ကောင်စီဘက်က ကိုဗစ်စည်းကမ်းချက်ကို အကြောင်းပြပြီး ပြစ်ဒဏ်ကျခံရသူတွေကို မိသားစုနဲ့တွေ့ဆုံခွင့်မပေးတာတွေကြောင့် ထောင်တွင်းအခြေအနေတွေကို
တိတိကျကျ သိဖို့ခက်ခဲလျက်ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းကြည်ကတော့
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ဥပဒေမဲ့လုပ်ရပ်တခုဖြစ်နေတာမို့ အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်လုံခြုံရေး အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ဝေဖန်ပြောဆိုလိုက်ပါတယ်။

“သေဒဏ်ပေးကတည်းကိုက အကျဉ်းရုံး စစ်ခုရုံးကနေ စစ်တာလေ။ ဘယ်ရှေ့နေမှ လိုက်ခွင့်မရဘူး။ တည်ဆဲဥပဒေကော၊ အကျဉ်းထောင်ဥပဒေကော၊
အကျဉ်းထောင်လက်စွဲဥပဒေကော၊ နိုင်ငံတကာဥပဒေတွေကော ဘာတခုမှကိုက်ညီတာ မရှိခဲ့ဘူး။ သေဒဏ်ပေးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက် အန္တရာယ်ကိုအလွန်စိုးရိမ်တယ်။ လူမသိသူမသိ အညတရ လူတွေကို ဘယ်လိုများလုပ်နေမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ မြန်မာနိုငံအကျဉ်းထောင်တွေထဲမှာ အခုအချိန်မှာ သေဒဏ်အမိန့် ချမှတ်ခံထားရသူ ၇၀ ကျော် ရှိနေဆဲဖြစ်ပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို ကြိုးမိန့်ပေးကွပ်မျက်ခဲ့တာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံး ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ ၁၉၈၉ ခုနှစ် မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် ကြိုးပေးကွပ်မျက်တာဖြစ်ပြီး နိုင်ငံရေးအတိုက် အခံတွေနဲ့ ပတ်သက်လို့ ၁၉၇၆ ခုနှစ်တုန်းက ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးနဲ့ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို ကြိုးပေး ကွပ်မျက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG