သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ခ်မွတ္မႈေတြ ႐ုပ္သိမ္းဖို႔ စစ္ေကာင္စီကို လူ႔အခြင့္အေရးအဖြဲ႔ေတြ တိုက္တြန္း  


ျမန္မာအေပၚ အေမရိကန္ရဲ႕ ရပ္တည္ခ်က္ ျပတ္ျပတ္သားသား တင္ျပဖို႔ HRW ေတာင္းဆို

[[Zawgyi/Unicode]]

ေက်ာင္းသားလူငယ္ ၇ ဦး အပါအဝင္ အက်ဥ္းသား ၁၀ ဦးကို စစ္ေကာင္စီက မၾကာေသးခင္က ေသဒဏ္ခ်မွတ္အျပစ္ေပးခဲ့တာကို ျပန္လည္ ႐ုပ္သိမ္းေပးဖို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔နဲ႔ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္းတို႔က ေတာင္းဆိုလိုက္ၾကပါတယ္။

ဒါ့အျပင္ ျမန္မာစစ္တပ္အေနနဲ႔ ႏိုင္ငံအတြင္း ေသဒဏ္ေပးတာကို အၿပီးတိုင္ ႐ုပ္သိမ္းေရးအတြက္ ရည္႐ြယ္ၿပီး လက္ရွိမွာ ေသဒဏ္အျပစ္ေပးတာေတြကို တရားဝင္ဆိုင္းငံ့ထားဖို႔လည္း HRW က ဒီဇင္ဘာ ၅ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာအသိုင္းဝိုင္းက အျပင္းအထန္ ေတာင္းဆိုေနတဲ့ၾကားက ဇူလိုင္လအတြင္း ကိုဂ်င္မီနဲ႔ကိုၿဖိဳးေဇယ်ာေသာ္အပါအဝင္ လူ ၄ ဦးကို ကြပ္မ်က္အၿပီးမွာ ဒဂုံတကၠသိုလ္ေက်ာင္းသား ၇ ဦးအပါအဝင္ အက်ဥ္းသား ၁၀ ဦးကို စစ္ေကာင္စီက မၾကာေသးခင္ကပဲ ထပ္မံ ေသဒဏ္အျပစ္ေပးလိုက္တာ ျဖစ္ပါတယ္။ ဒီ အမႈေတြအားလုံးကို ႏိုင္ငံတကာသတ္မွတ္ထားတဲ့ စံခ်ိန္စံၫြန္းေတြနဲ႔အညီ ၾကားနာစစ္ေဆးျခင္းမရွိဘဲ စီရင္ခ်က္ခ်ခဲ့တာလို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒဂုံတကၠသိုလ္ေက်ာင္းသားေတြကို ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာ စစ္ခုံ႐ုံးကေန ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ တံခါးပိတ္ စီရင္ခ်က္ခ်ခဲ့တာပါ။ သူတို႔ဟာ အရင္ စစ္တပ္အရာရွိေဟာင္းတဦးျဖစ္သူကို ေနအိမ္မွာ သြားေရာက္လုပ္ႀကံသတ္ျဖတ္မႈနဲ႔ စြဲခ်က္တင္ၿပီး အခုလို ေသဒဏ္အျပစ္ေပးခံရတာပါ။ အျပစ္ေပးခံရတဲ့ ဒဂုံတကၠသိုလ္ ေက်ာင္းသား ၇ ဦးစလုံးဟာ အသက္ ၂၅ ႏွစ္ေအာက္ လူငယ္ေတြျဖစ္ၿပီး မနက္ျဖန္ ဒီဇင္ဘာလ ၇ ရက္ေန႔မွာ ကြပ္မ်က္မယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က မႏွစ္ ေဖေဖာ္ဝါရီလလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း အခုခ်ိန္ထိ ေသဒဏ္အျပစ္ေပးခံရသူ ၁၃၀ ရွိသြားၿပီလို႔ ကုလသမဂၢက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

သေဒဏ်ချမှတ်မှုတွေ ရုပ်သိမ်းဖို့ စစ်ကောင်စီကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

ကျောင်းသားလူငယ် ၇ ဦး အပါအဝင် အကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက မကြာသေးခင်က သေဒဏ်ချမှတ်အပြစ်ပေးခဲ့တာကို ပြန်လည် ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းတို့က တောင်းဆိုလိုက်ကြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံအတွင်း သေဒဏ်ပေးတာကို အပြီးတိုင် ရုပ်သိမ်းရေးအတွက် ရည်ရွယ်ပြီး လက်ရှိမှာ သေဒဏ်အပြစ်ပေးတာတွေကို တရားဝင်ဆိုင်းငံ့ထားဖို့လည်း HRW က ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းဝိုင်းက အပြင်းအထန် တောင်းဆိုနေတဲ့ကြားက ဇူလိုင်လအတွင်း ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အပါအဝင် လူ ၄ ဦးကို ကွပ်မျက်အပြီးမှာ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် အကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက မကြာသေးခင်ကပဲ ထပ်မံ သေဒဏ်အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီ အမှုတွေအားလုံးကို နိုင်ငံတကာသတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီ ကြားနာစစ်ဆေးခြင်းမရှိဘဲ စီရင်ချက်ချခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ခုံရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ တံခါးပိတ် စီရင်ချက်ချခဲ့တာပါ။ သူတို့ဟာ အရင် စစ်တပ်အရာရှိဟောင်းတဦးဖြစ်သူကို နေအိမ်မှာ သွားရောက်လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ပြီး အခုလို သေဒဏ်အပြစ်ပေးခံရတာပါ။ အပြစ်ပေးခံရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးစလုံးဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မနှစ် ဖေဖော်ဝါရီလလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အခုချိန်ထိ သေဒဏ်အပြစ်ပေးခံရသူ ၁၃၀ ရှိသွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG