သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ခ်ခံရသူ လူငယ္ေတြ အယူခံတက္ဖို႔ ခက္ခဲ 


အင္းစိန္အက်ဥ္းေထာင္ဗူးဝျမင္ကြင္း။ (၂၇ ဇြန္ ၂၀၁၆)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၃၀ ရက္ေန႔က ဒဂုံတကၠသိုလ္ေက်ာင္းသား ၇ ဦးကို စစ္ခုံ႐ုံးကေန ေသဒဏ္ အျပစ္ခ်မွတ္ခဲ့သလိုပဲ ေျမာက္ဒဂုံၿမိဳ႕နယ္ စစ္ခုံ႐ုံးကေန ေနာက္ထပ္ လူငယ္ ၃ ဦးကိုလည္း အဲဒီေန႔မွာ ေသဒဏ္အျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ စဲြခ်က္အေပၚ တရားေရးအရ ေခ်ပခုခံခြင့္မရခဲ့သလို အခုအခ်ိန္အထိ အက်ဥ္းသားတဦးရဲ႕အခြင့္အေရးလည္း တခုမွမရရွိဘူးလို႔ သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ဆက္သြယ္ေမးျမန္းခ်က္ကို မစုျမတ္မြန္က ေျပာျပမွာပါ။

စစ္အာဏာသိမ္းဆန႔္က်င္တဲ့ဆႏၵျပမႈေတြကို စစ္ေကာင္စီက အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္နင္းၿပီးတဲ့ေနာက္ပိုင္း ရန္ကုန္တိုင္း ေျမာက္ဒဂုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးအသတ္ခံခဲ့ရတဲ့ကိစၥနဲ႔ပတ္သက္လို႔ အဲဒီ လူငယ္ ၃ ဦး ဖမ္းဆီးတရားစြဲခံခဲ့ရတာပါ။ ဒါေပမယ့္သူတို႔ဟာ ေရွ႕ေန ေရွ႕ရပ္နဲ႔ ခုခံေလွ်ာက္ထားခြင့္မရဘဲ စစ္ခုံ႐ုံးကေန ေသဒဏ္အမိန္႔ခ်လိုက္ျဖစ္တယ္လို႔ ေသဒဏ္ခ်ခံရသူ လူငယ္မိသားစုနဲ႔ နီးစပ္သူတေယာက္က ဗြီအိုေအကို ေျပာပါတယ္။

“ပံုမွန္အားျဖင့္ တရားစီရင္ေရးလုပ္ထံုးလုပ္နည္းမွာ ေရွ႕ေနေခၚခြင့္ေပးရမယ္။ ခုခံေခ်ပခြင့္ေပးရမယ္။ တရား႐ံုးအဆင့္ဆင့္နဲ႔ဆုိင္တဲ့လုပ္ထံုးလုပ္နည္းေတြရွိတယ္။ အဲဒီလုပ္ထံုးလုပ္နည္းေတြကို ဘာတခုမွမသိရဘဲနဲ႔၊ ဘာေရွ႕ေနမွ ေခၚခြင့္မရဘဲနဲ႔ သူ႔ကိုေသဒဏ္ခ်လိုက္တယ္ဆိုမွပဲ သိရတဲ့အေျခအေနျဖစ္တာေပါ့ေနာ္။ ဒီကိစၥႀကီးက ေတာ္ေတာ္ကို အဆင္မေျပတဲ့ကိစၥေပါ့။”

အဲဒီလူငယ္ ၃ ေယာက္ကို ပုဒ္မ ၅၀၅ နဲ႔ အေစာပိုင္းက တရားစြဲခဲ့တာပါ။ အဲဒီတုန္းကေတာ့ မိသားစုဝင္တခ်ိဳ႕က တရားခံျပသက္ေသအေနနဲ႔ တရား႐ုံးမွာ ထြက္ဆိုခဲ့တာေၾကာင့္ မိသားစုနဲ႔ သူတို႔ေတြ႕ခြင့္ရတာမ်ိဳးရွိခဲ့ပါတယ္။ စစ္ခုံ႐ုံးကေန လူသတ္မႈနဲ႔တရားစြဲခဲ့ၿပီးေနာက္ စစ္ခုံ႐ုံးစစ္ေဆးစဥ္ ကာလတေလွ်ာက္လုံးမွာေတာ့ မိသားစုေတြဘက္က သူတို႔နဲ႔ အဆက္အသြယ္မရသလို စြပ္စြဲခံရသူေတြဘက္က ဘာတခုမွ ခုခံေခ်ပခြင့္မရွိခဲ့ဘူးလို႔ မိသားစုအသိုင္းအဝိုင္းေတြက ေျပာပါတယ္။ ေသဒဏ္ခ်မွတ္လိုက္တာကိုေတာင္မွ မိသားစုကို အသိေပးတာမဟုတ္ဘဲ မိသားစုက ကိုယ္တိုင္ စုံစမ္းသိရွိရတာလို႔ ေျပာပါတယ္။

“သူတို႔ဘက္က အေၾကာင္းၾကားမလာဘူးဗ်။ ကိုယ့္ဖာသာကိုယ္လုိက္ၿပီးေတာ့ စံုစမ္းရတာေပါ့ေလ။ က်ေနာ္တို႔က အမွန္တကယ္ေတာ့ တခုခုနဲ႔သိရေအာင္ေတာ့ ႀကိဳးစားၾကည့္ေနတာေပါ့ေနာ္။ ႀကိဳးစားၾကည့္ေနတဲ့အခ်ိန္မွာ (ေသဒဏ္) ခ်သြားတယ္ဆိုတဲ့အေျခအေနကို သိလိုက္တယ္။ က်ေနာ္တို႔က သိခြင့္ရမယ္ဆိုရင္ေတာ္ေသးတယ္။”

ေသဒဏ္က်ခံသူေတြဟာ တရား႐ုံးလုပ္ထုံးလုပ္နည္းအရ တရားေရးရာဘက္ကျဖစ္ျဖစ္၊ မိသားစုဝင္ေတြဘက္ကျဖစ္ျဖစ္ အယူခံတက္တာ၊ အသနားခံစာတင္ျပတာေတြ လုပ္ပိုင္ခြင့္ရွိတယ္လို႔ ဥပေဒေတြမွာ အတိအလင္းေဖာ္ျပထားေပမယ့္ လက္ရွိ အေျခအေနအရ မိသားစုဝင္ေတြအေနနဲ႔ အခုလိုအသနားခံစာတင္ျပႏိုင္ဖို႔ေတာင္ အခက္အခဲေတြရွိေနပါတယ္။

“က်ေနာ္တို႔ ေလာေလာဆယ္စံုစမ္းသေလာက္ေတာ့ အယူခံတက္ဖို႔လုပ္ထားတယ္။ အယူခံက က်ေနာ္တို႔ မိသားစုဝင္ေတြလည္း ဘာမွလုပ္လို႔မရဘူးဆိုတဲ့အေျခအေနမ်ဳိး သိရတယ္။ တရားေရးအသိုင္းအဝုိင္းကေန သိရတယ္။ အသနားခံစာကေတာ့ အခု ျဖစ္တဲ့ျဖစ္စဥ္မွာပါတဲ့ မိဘေတြေပါင္းၿပီးေတာ့ တင္ထားတယ္ေပါ့ေနာ္။ အသနားခံစာတင္တယ္ဆိုတာကလည္း က်ေနာ္တို႔က စာတုိက္ကေနပို႔ရတဲ့အဆင့္ေလာက္ပဲ။ အမွန္ကေတာ့ ဘာဆက္လုပ္ရမယ္မွန္းမသိတဲ့ အေျခအေနေပ့ါေနာ္။ စာတိုက္ကေနပို႔တယ္ဆို ေရာက္လားမေရာက္လား မေသခ်ာဘူး။”

မိသားစုဝင္ေတြဘက္ကေတာ့ အခုလို စစ္ခုံ႐ုံးက ေသဒဏ္ခ်တဲ့အမႈေတြမွာ ဘာကိုမွ ေမွ်ာ္လင့္ အားကိုးစရာမရွိဘူးလို႔ ေျပာပါတယ္။ ဆိုးသြမ္းတဲ့လူငယ္ေတြမဟုတ္ဘဲ ပရဟိတလုပ္ငန္းေတြမွာ စိတ္ဝင္တစားကူညီေဆာင္႐ြက္ခဲ့တဲ့ လူငယ္ေတြျဖစ္တာေၾကာင့္ ဒီအမႈမွာ ႏိုင္ငံတကာအကူအညီေပးဖို႔ေတာင္းဆိုခ်င္တယ္လို႔ ေသဒဏ္ခ်ခံရသူ လူငယ္ရဲ႕ေဆြမ်ိဳးသားခ်င္းက အခုလိုေျပာပါတယ္။

“လူသိမ်ားသည္ျဖစ္ေစ၊ လူသိနည္းသည္ျဖစ္ေစေပါ့ေလ- ေသဒဏ္က်တယ္ဆိုတာက အတူတူပါပဲ။ ဘယ္သူ႔မဆိုအတြက္ အဆင္မေျပတဲ့အရာႀကီးေပါ့ဗ်ာ။ ျပစ္မႈနဲ႔ျပစ္ဒဏ္မမွ်ဘူးလို႔ ယူဆတယ္။ က်ေနာ္တို႔ တရားခံုကိုလည္း မေရာက္ဘူးေလ။ သိလည္းမသိရတဲ့အခါက်ေတာ့ ဘာေတြျဖစ္လို႔ ဘာေတြျဖစ္ထားမွန္းလည္းမသိရတဲ့အခါက်ေတာ့ ဒီအေျဖကိုလက္ခံဖို႔ ေတာ္ေတာ္ခက္ခဲတာေပါ့။ ဆိုးသြမ္းေနတဲ့လူေတြမဟုတ္ဘူးဗ်ာ။ သူတို႔ဟာနဲ႔သူတို႔ အရင္တုန္းကဆိုရင္ ပရဟိတလုပ္ငန္းေတြလုပ္ေနတာ။ လိမ္လိမ္မာမာနဲ႔ ေကာင္းေကာင္းမြန္မြန္ ကိုယ့္စီးပြါးကိုယ္လုပ္ေနတဲ့သူေတြေလ။ အဲဒါမ်ဳိးကို အဲလိုမ်ဳိးႀကီးခ်ပစ္လိုက္တဲ့အခါက်ေတာ့ မခံခ်ိမခံသာ ဆိုတာထက္ ဘယ္လိုေျပာရမွန္းမသိဘူးဗ်ာ။ ဒီကိစၥနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာကိုလည္း အကူအညီေတာင္းခ်င္တယ္။ ဒါကို ရပ္တန္းကရပ္ေပးဖို႔၊ ေနာက္ဆက္မျဖစ္ဖို႔ က်ေနာ္တို႔ တခုခုေတာ့လုပ္မွျဖစ္ေတာ့မယ္လို႔ က်ေနာ္ ေျပာခ်င္တယ္။”

စစ္ခုံ႐ုံးက ေသဒဏ္ခ်ခဲ့တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိေသးပါဘူး။ ဒီလူငယ္ ၃ ဦးအျပင္ အျခားေသဒဏ္ခ်မွတ္ခံရသူ ေက်ာင္းသား ၇ ဦးကို မၾကာခင္ ေသဒဏ္ကြပ္မ်က္စီရင္မယ္လို႔ သတင္းေတြျပန႔္ေနပါတယ္။ ဒါေပမယ့္ ဥပေဒအရဆိုရင္ ရက္ေပါင္း ၃၀ အတြင္း တရား႐ုံးခ်ဳပ္မွာ အယူခံခြင့္ရွိသလို ေနာက္တဆင့္ ႏိုင္ငံအႀကီးအကဲကိုလည္း အယူခံခြင့္ရွိပါေသးတယ္။

လုပ္ထုံးလုပ္နည္းအရဆိုရင္ေတာ့ ဒီအဆင့္ေတြမွာ ပယ္ခံရၿပီးမွ ေသဒဏ္စီရင္ဖို႔ အက်ဥ္းဦးစီးက စီစဥ္ရတာပါ။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ႏိုဝင္ ဘာ ၃၀ ရက္ ထုတ္ျပန္ခ်က္အရ ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းခ်ိန္ကေန ၂၀၂၂ ႏိုဝင္ဘာ ၃၀ ရက္ေန႔အထိ ႏိုင္ငံတဝန္း ဖမ္းဆီးခံရသူ စုစုေပါင္း ၁၇,၀၀၀ နီးပါးရွိခဲ့ၿပီး အဲဒီအထဲက ၁၄,၀၀၀ နီးပါး အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းခ်ခံထားရပါတယ္။

စစ္တပ္ကအာဏသိမ္းၿပီးေနာက္ ေသဒဏ္ အျပစ္ခ်မွတ္ခံထားရသူ ၁၃၀ ေက်ာ္ရွိတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။ အခုႏွစ္ ဇူလိုင္လအတြင္းကေတာ့ ထင္ရွားတဲ့ဒီမိုကေရစီေရးလႈပ္ရွားသူ ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္အပါအဝင္ ေလးဦးကို စစ္ေကာင္စီက ေသဒဏ္ကြပ္မ်က္ခဲ့တာေၾကင့္ ႏိုင္ငံတကာက စစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ေဝဖန္ကန႔္ကြက္ခဲ့ၾကပါတယ္။

ေသဒဏ္ခ်ခံရသူ လူငယ္ေတြ အယူခံတက္ဖို႔ ခက္ခဲ.mp3
please wait

No media source currently available

0:00 0:04:53 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

သေဒဏ်ချခံရသူ လူငယ်တွေ အယူခံတက်ဖို့ ခက်ခဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ခုံရုံးကနေ သေဒဏ် အပြစ်ချမှတ်ခဲ့သလိုပဲ မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးကနေ နောက်ထပ် လူငယ် ၃ ဦးကိုလည်း အဲဒီနေ့မှာ သေဒဏ်အပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ စွဲချက်အပေါ် တရားရေးအရ ချေပခုခံခွင့်မရခဲ့သလို အခုအချိန်အထိ အကျဉ်းသားတဦးရဲ့အခွင့်အရေးလည်း တခုမှမရရှိဘူးလို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က ဆက်သွယ်မေးမြန်းချက်ကို မစုမြတ်မွန်က ပြောပြမှာပါ။

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းပြီးတဲ့နောက်ပိုင်း ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးအသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အဲဒီ လူငယ် ၃ ဦး ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။ ဒါပေမယ့်သူတို့ဟာ ရှေ့နေ ရှေ့ရပ်နဲ့ ခုခံလျှောက်ထားခွင့်မရဘဲ စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချလိုက်ဖြစ်တယ်လို့ သေဒဏ်ချခံရသူ လူငယ်မိသားစုနဲ့ နီးစပ်သူတယောက်က ဗွီအိုအေကို ပြောပါတယ်။

“ပုံမှန်အားဖြင့် တရားစီရင်ရေးလုပ်ထုံးလုပ်နည်းမှာ ရှေ့နေခေါ်ခွင့်ပေးရမယ်။ ခုခံချေပခွင့်ပေးရမယ်။ တရားရုံးအဆင့်ဆင့်နဲ့ဆိုင်တဲ့လုပ်ထုံးလုပ်နည်းတွေရှိတယ်။ အဲဒီလုပ်ထုံးလုပ်နည်းတွေကို ဘာတခုမှမသိရဘဲနဲ့၊ ဘာရှေ့နေမှ ခေါ်ခွင့်မရဘဲနဲ့ သူ့ကိုသေဒဏ်ချလိုက်တယ်ဆိုမှပဲ သိရတဲ့အခြေအနေဖြစ်တာပေါ့နော်။ ဒီကိစ္စကြီးက တော်တော်ကို အဆင်မပြေတဲ့ကိစ္စပေါ့။”

အဲဒီလူငယ် ၃ ယောက်ကို ပုဒ်မ ၅၀၅ နဲ့ အစောပိုင်းက တရားစွဲခဲ့တာပါ။ အဲဒီတုန်းကတော့ မိသားစုဝင်တချို့က တရားခံပြသက်သေအနေနဲ့ တရားရုံးမှာ ထွက်ဆိုခဲ့တာကြောင့် မိသားစုနဲ့ သူတို့တွေ့ခွင့်ရတာမျိုးရှိခဲ့ပါတယ်။ စစ်ခုံရုံးကနေ လူသတ်မှုနဲ့တရားစွဲခဲ့ပြီးနောက် စစ်ခုံရုံးစစ်ဆေးစဉ် ကာလတလျှောက်လုံးမှာတော့ မိသားစုတွေဘက်က သူတို့နဲ့ အဆက်အသွယ်မရသလို စွပ်စွဲခံရသူတွေဘက်က ဘာတခုမှ ခုခံချေပခွင့်မရှိခဲ့ဘူးလို့ မိသားစုအသိုင်းအဝိုင်းတွေက ပြောပါတယ်။ သေဒဏ်ချမှတ်လိုက်တာကိုတောင်မှ မိသားစုကို အသိပေးတာမဟုတ်ဘဲ မိသားစုက ကိုယ်တိုင် စုံစမ်းသိရှိရတာလို့ ပြောပါတယ်။

“သူတို့ဘက်က အကြောင်းကြားမလာဘူးဗျ။ ကိုယ့်ဖာသာကိုယ်လိုက်ပြီးတော့ စုံစမ်းရတာပေါ့လေ။ ကျနော်တို့က အမှန်တကယ်တော့ တခုခုနဲ့သိရအောင်တော့ ကြိုးစားကြည့်နေတာပေါ့နော်။ ကြိုးစားကြည့်နေတဲ့အချိန်မှာ (သေဒဏ်) ချသွားတယ်ဆိုတဲ့အခြေအနေကို သိလိုက်တယ်။ ကျနော်တို့က သိခွင့်ရမယ်ဆိုရင်တော်သေးတယ်။”

သေဒဏ်ကျခံသူတွေဟာ တရားရုံးလုပ်ထုံးလုပ်နည်းအရ တရားရေးရာဘက်ကဖြစ်ဖြစ်၊ မိသားစုဝင်တွေဘက်ကဖြစ်ဖြစ် အယူခံတက်တာ၊ အသနားခံစာတင်ပြတာတွေ လုပ်ပိုင်ခွင့်ရှိတယ်လို့ ဥပဒေတွေမှာ အတိအလင်းဖော်ပြထားပေမယ့် လက်ရှိ အခြေအနေအရ မိသားစုဝင်တွေအနေနဲ့ အခုလိုအသနားခံစာတင်ပြနိုင်ဖို့တောင် အခက်အခဲတွေရှိနေပါတယ်။

“ကျနော်တို့ လောလောဆယ်စုံစမ်းသလောက်တော့ အယူခံတက်ဖို့လုပ်ထားတယ်။ အယူခံက ကျနော်တို့ မိသားစုဝင်တွေလည်း ဘာမှလုပ်လို့မရဘူးဆိုတဲ့အခြေအနေမျိုး သိရတယ်။ တရားရေးအသိုင်းအဝိုင်းကနေ သိရတယ်။ အသနားခံစာကတော့ အခု ဖြစ်တဲ့ဖြစ်စဉ်မှာပါတဲ့ မိဘတွေပေါင်းပြီးတော့ တင်ထားတယ်ပေါ့နော်။ အသနားခံစာတင်တယ်ဆိုတာကလည်း ကျနော်တို့က စာတိုက်ကနေပို့ရတဲ့အဆင့်လောက်ပဲ။ အမှန်ကတော့ ဘာဆက်လုပ်ရမယ်မှန်းမသိတဲ့ အခြေအနေပေ့ါနော်။ စာတိုက်ကနေပို့တယ်ဆို ရောက်လားမရောက်လား မသေချာဘူး။”

မိသားစုဝင်တွေဘက်ကတော့ အခုလို စစ်ခုံရုံးက သေဒဏ်ချတဲ့အမှုတွေမှာ ဘာကိုမှ မျှော်လင့် အားကိုးစရာမရှိဘူးလို့ ပြောပါတယ်။ ဆိုးသွမ်းတဲ့လူငယ်တွေမဟုတ်ဘဲ ပရဟိတလုပ်ငန်းတွေမှာ စိတ်ဝင်တစားကူညီဆောင်ရွက်ခဲ့တဲ့ လူငယ်တွေဖြစ်တာကြောင့် ဒီအမှုမှာ နိုင်ငံတကာအကူအညီပေးဖို့တောင်းဆိုချင်တယ်လို့ သေဒဏ်ချခံရသူ လူငယ်ရဲ့ဆွေမျိုးသားချင်းက အခုလိုပြောပါတယ်။

“လူသိများသည်ဖြစ်စေ၊ လူသိနည်းသည်ဖြစ်စေပေါ့လေ- သေဒဏ်ကျတယ်ဆိုတာက အတူတူပါပဲ။ ဘယ်သူ့မဆိုအတွက် အဆင်မပြေတဲ့အရာကြီးပေါ့ဗျာ။ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှဘူးလို့ ယူဆတယ်။ ကျနော်တို့ တရားခုံကိုလည်း မရောက်ဘူးလေ။ သိလည်းမသိရတဲ့အခါကျတော့ ဘာတွေဖြစ်လို့ ဘာတွေဖြစ်ထားမှန်းလည်းမသိရတဲ့အခါကျတော့ ဒီအဖြေကိုလက်ခံဖို့ တော်တော်ခက်ခဲတာပေါ့။ ဆိုးသွမ်းနေတဲ့လူတွေမဟုတ်ဘူးဗျာ။ သူတို့ဟာနဲ့သူတို့ အရင်တုန်းကဆိုရင် ပရဟိတလုပ်ငန်းတွေလုပ်နေတာ။ လိမ်လိမ်မာမာနဲ့ ကောင်းကောင်းမွန်မွန် ကိုယ့်စီးပွါးကိုယ်လုပ်နေတဲ့သူတွေလေ။ အဲဒါမျိုးကို အဲလိုမျိုးကြီးချပစ်လိုက်တဲ့အခါကျတော့ မခံချိမခံသာ ဆိုတာထက် ဘယ်လိုပြောရမှန်းမသိဘူးဗျာ။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာကိုလည်း အကူအညီတောင်းချင်တယ်။ ဒါကို ရပ်တန်းကရပ်ပေးဖို့၊ နောက်ဆက်မဖြစ်ဖို့ ကျနော်တို့ တခုခုတော့လုပ်မှဖြစ်တော့မယ်လို့ ကျနော် ပြောချင်တယ်။”

စစ်ခုံရုံးက သေဒဏ်ချခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ ဒီလူငယ် ၃ ဦးအပြင် အခြားသေဒဏ်ချမှတ်ခံရသူ ကျောင်းသား ၇ ဦးကို မကြာခင် သေဒဏ်ကွပ်မျက်စီရင်မယ်လို့ သတင်းတွေပြန့်နေပါတယ်။ ဒါပေမယ့် ဥပဒေအရဆိုရင် ရက်ပေါင်း ၃၀ အတွင်း တရားရုံးချုပ်မှာ အယူခံခွင့်ရှိသလို နောက်တဆင့် နိုင်ငံအကြီးအကဲကိုလည်း အယူခံခွင့်ရှိပါသေးတယ်။

လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ ဒီအဆင့်တွေမှာ ပယ်ခံရပြီးမှ သေဒဏ်စီရင်ဖို့ အကျဉ်းဦးစီးက စီစဉ်ရတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင် ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇,၀၀၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲက ၁၄,၀၀၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရပါတယ်။

စစ်တပ်ကအာဏသိမ်းပြီးနောက် သေဒဏ် အပြစ်ချမှတ်ခံထားရသူ ၁၃၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အခုနှစ် ဇူလိုင်လအတွင်းကတော့ ထင်ရှားတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဇေယျာသော်အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ခဲ့တာကြေင့် နိုင်ငံတကာက စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

XS
SM
MD
LG