သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်ခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် သမ္မတဘိုင်ဒန် ဝေဖန်


[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အတွင်း အပြင်မှာ pistol သေနတ်ကို ဖုံးပြီး သွယ်ခွင့်ရှိမယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရမယ်၊ လိုင်စင်လျှောက်ရမယ်ဆိုတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး အမေရိကန် တရားရုံးချုပ် မနေ့က ပယ်ချလိုက်ပါတယ်။ ဒါကြောင့် သမ္မတ Joe Biden အပါအဝင် သေနတ်ကိုင်ဆောင်မှု တင်းကြပ်ရေး ထောက်ခံသူတွေ တရားရုံးချုပ်အမိန့်ကို ဝေဖန်ကန့်ကွက်ကြပါတယ်။

“ဒီဆုံးဖြတ်ချက်က ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ပါ။ တကယ်လိုအပ်တဲ့အတိုင်း မှန်မှန် ကန်ကန် စဉ်းစားစားဆုံးဖြတ်တယ်လို့ ကျနော် မထင်ပါဘူး။ ဒီအပေါ် စိတ်ပျက်မိပါတယ်” လို့ အမေရိကန် သမ္မတ Joe Biden ပြောပါတယ်။

နေအိမ်ပြင်ပ လူတွေ သေနတ်ကိုင်ဆောင်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက အကာအကွယ် ပေးထားတဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေး ဖြစ်တဲအ့ကြောင်းတရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။ ဒီလို ဆုံးဖြတ်လိုက်တဲ့အတွက် အများပြည်သူရှေ့မှာ အကြောင်းပြချက်မရှိဘဲ သေနတ်ကို ကိုယ်နဲ့တပါတည်းသယ်ဆောင်တာကို တားမြစ်ထားတဲ့ တခြားပြည်နယ်တွေရဲ့ ကန့်သတ်ချက် အမိန့်တွေအပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်တင်းကြပ်ရေး ကြိုးပမ်းနေတဲ့ တခြား ပြည်နယ်တွေနဲ့ ဒေသဆိုင်ရာတွေရဲ့ ကြိုးပမ်းချက်တွေလည်း အရာမထင်ဖြစ်သွားနိုင်ပါတယ်ဆိုပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ကြိုးပမ်းသူတွေ စိုးရိမ်နေကြပါတယ်။

သေနတ်ကိုင် အကြမ်းဖက်မှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူအများအပြားသေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းအကြား သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အခြေအတင် ပြောဆိုနေချိန်မှာပဲ အခု တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် အငြင်းပွားမှုတွေ တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







============

XS
SM
MD
LG