သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ စီးပြားေရး၊ ႏိုင္ငံေရးပဋိပကၡ ေျပလည္ဖို႔ မလြယ္ကူေသး


သီရိလကၤာဝန္ႀကီးခ်ဳပ္ေဟာင္း၊ အခုလက္ရွိ သမၼတ Ranil Wickremesingh ရဲ႕႐ံုးခန္းကို ဆႏၵျပသူေတြ ဝင္ေရာက္စီးနင္းၿပီး သမၼတ Gotabaya Rajapaksa ထြက္ေျပးၿပီးတဲ့ေနာက္ သူ႔ကို ရာထူးကႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုၾကစဥ္။ (ဇူလိုင္ ၁၃၊ ၂၀၂၂)


[[Zawgyi/Unicode]]

သီရိလကၤာဝန္ႀကီးခ်ဳပ္ေဟာင္း Ranil Wickremesinghe ဟာ တိုင္းျပည္ရဲ႕ သမၼတသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုလိုက္ၿပီး IMF ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႔ထံက ေဒၚလာ ဘီလီယံနဲ႔ခ်ီတဲ့ ေခ်းေငြရရွိႏိုင္ေရးအတြက္ ပါတီေပါင္းစုံပါဝင္တဲ့ အစိုးရဝန္ႀကီးအဖြဲ႔ကို ဖြဲ႔စည္းမယ့္အေၾကာင္း ကတိျပဳလိုက္ပါတယ္။

ဇူလိုင္လ ၉ ရက္ေန႔မွာ ေထာင္ေပါင္းမ်ားစြာပါ၀င္တဲ့ ဆႏၵျပလူအုပ္ႀကီးက ၿမိဳ႕ေတာ္ ကိုလံဘိုမွာရွိတဲ့ သမၼတအိမ္ေတာ္ကို ဝင္စီးၿပီး သမၼတ Gotabaya Rajapaksa စကၤာပူႏိုင္ငံကို ထြက္ေျပးသြားခဲ့ၿပီးေနာက္ Wickremesinghe ကို သမၼတသစ္အျဖစ္ ေရြးခ်ယ္ တင္ေျမွာက္လိ္ုက္ၾကတာပါ။ ဆႏၵျပလူအုပ္ႀကီးဟာ သမၼတအိမ္ေတာ္ အတြင္းက ေရကူးကန္မွာ ေရခ်ဳိးတာ၊ ပစ္ကနစ္ထြက္သလို လြတ္လပ္စြာ စားေသာက္ အပန္းေျဖတာေတြ လုပ္ခဲ့ၾကပါတယ္။

အခု တက္လာတဲ့ သမၼတသစ္ Wickremesinghe ဟာလည္း သမၼတေဟာင္းနဲ႔ နီးစပ္လြန္းသူျဖစ္တာေၾကာင့္ ဆႏၵျပသူ ျပည္သူအမ်ားစုက သိပ္မလိုလားၾကပါဘူး။ သမၼတေဟာင္း Gotabaya Rajapaksa လက္ေအာက္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္တဲ့အျပင္ အစိုးရအဖြဲ႔သစ္မွာ ပါတီေပါင္းစုံက လူေတြပါဝင္ေအာင္ လုပ္ေဆာင္မယ္လို႔ ကတိျပဳထားတဲ့ၾကားက အခု အစိုးရအဖြဲ႔သစ္မွာလည္း အရင္ သမၼတေဟာင္းအေပၚ သစၥာရွိသူ လူေဟာင္းအေတာ္မ်ားမ်ားကို ေရြးခ်ယ္ ခန္႔အပ္ေနတယ္လို႔ ဆိုပါတယ္။

Rajapaksa မိသားစုက သီရိလကၤာႏိုင္ငံကို ၁၇ ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့တာမွာ တိုင္းျပည္က အေႂကြး ေဒၚလာ ၅၁ ဘီလီယံတင္ေနတာေၾကာင့္ ေဒဝါလီခံလိုက္ရတဲ့အျပင္ ႏိုင္ငံျခားအရံေငြကလည္း လက္ရွိမွာ ၁.၇ ဘီလီယံသာ ရွိတယ္လို႔ ဆိုပါတယ္။

အစိုးရအေနနဲ႔ အေႂကြးဆပ္ဖို႔နဲ႔ ႏွစ္ကုန္တဲ့အထိ အစိုးရယႏၲရားလည္ပတ္ေနႏိုင္ေရးအတြက္ ေဒၚလာ ၇ ဘီလီယံ အေရးေပၚ လိုအပ္ေနတယ္လို႔ သီရိလကၤာ ဗဟိုဘဏ္က ေျပာထားပါတယ္။

တိုင္းျပည္ အခုလို အေျခအေနမ်ဳိးနဲ႔ ရင္ဆိုင္ရမယ္ဆိုတာ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္ ကတည္းက ႀကိဳတင္ ခန္႔မွန္းႏိုင္ခဲ့ေပမယ့္ သမၼတ Rajapaksa က အဲဒီ ခန္႔မွန္းခ်က္ေတြကို ဂ႐ုမစိုက္ခဲ့ဘူးလို႔ စကၤာပူအမ်ဳိးသားတကၠသိုလ္ အေရွ႕ေတာင္အာရွ ေလ့လာေရးဌာနက အႀကီးတန္း သုေတသီ Ganeshan Wignarjara က ေျပာပါတယ္။ အခုႏွစ္ ဧၿပီလမွာ သမၼတ Rajapaksa က IMF ထံက ေငြေခ်းဖို႔ လုပ္တဲ့အခ်ိန္မွာေတာ့ အဖတ္ဆည္လို႔မရေအာင္ အရမ္း ေနာက္က်ေနၿပီလို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

သီရိလင်္ကာ စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခ ပြေလည်ဖို့ မလွယ်ကူသေး

သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe ဟာ တိုင်းပြည်ရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ထံက ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ချေးငွေရရှိနိုင်ရေးအတွက် ပါတီပေါင်းစုံပါဝင်တဲ့ အစိုးရဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာ ထောင်ပေါင်းများစွာပါဝင်တဲ့ ဆန္ဒပြလူအုပ်ကြီးက မြို့တော် ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်ကို ဝင်စီးပြီး သမ္မတ Gotabaya Rajapaksa စင်္ကာပူနိုင်ငံကို ထွက်ပြေးသွားခဲ့ပြီးနောက် Wickremesinghe ကို သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်ကြတာပါ။ ဆန္ဒပြလူအုပ်ကြီးဟာ သမ္မတအိမ်တော် အတွင်းက ရေကူးကန်မှာ ရေချိုးတာ၊ ပစ်ကနစ်ထွက်သလို လွတ်လပ်စွာ စားသောက် အပန်းဖြေတာတွေ လုပ်ခဲ့ကြပါတယ်။

အခု တက်လာတဲ့ သမ္မတသစ် Wickremesinghe ဟာလည်း သမ္မတဟောင်းနဲ့ နီးစပ်လွန်းသူဖြစ်တာကြောင့် ဆန္ဒပြသူ ပြည်သူအများစုက သိပ်မလိုလားကြပါဘူး။ သမ္မတဟောင်း Gotabaya Rajapaksa လက်အောက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တဲ့အပြင် အစိုးရအဖွဲ့သစ်မှာ ပါတီပေါင်းစုံက လူတွေပါဝင်အောင် လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ကြားက အခု အစိုးရအဖွဲ့သစ်မှာလည်း အရင် သမ္မတဟောင်းအပေါ် သစ္စာရှိသူ လူဟောင်းအတော်များများကို ရွေးချယ် ခန့်အပ်နေတယ်လို့ ဆိုပါတယ်။

Rajapaksa မိသားစုက သီရိလင်္ကာနိုင်ငံကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့တာမှာ တိုင်းပြည်က အကြွေး ဒေါ်လာ ၅၁ ဘီလီယံတင်နေတာကြောင့် ဒေဝါလီခံလိုက်ရတဲ့အပြင် နိုင်ငံခြားအရံငွေကလည်း လက်ရှိမှာ ၁.၇ ဘီလီယံသာ ရှိတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အကြွေးဆပ်ဖို့နဲ့ နှစ်ကုန်တဲ့အထိ အစိုးရယန္တရားလည်ပတ်နေနိုင်ရေးအတွက် ဒေါ်လာ ၇ ဘီလီယံ အရေးပေါ် လိုအပ်နေတယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ပြောထားပါတယ်။

တိုင်းပြည် အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ လွန်ခဲ့တဲ့ ၄ နှစ်လောက် ကတည်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့ပေမယ့် သမ္မတ Rajapaksa က အဲဒီ ခန့်မှန်းချက်တွေကို ဂရုမစိုက်ခဲ့ဘူးလို့ စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနက အကြီးတန်း သုတေသီ Ganeshan Wignarjara က ပြောပါတယ်။ အခုနှစ် ဧပြီလမှာ သမ္မတ Rajapaksa က IMF ထံက ငွေချေးဖို့ လုပ်တဲ့အချိန်မှာတော့ အဖတ်ဆည်လို့မရအောင် အရမ်း နောက်ကျနေပြီလို့ ဆိုပါတယ်။

XS
SM
MD
LG