သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားပျက်ကပ်ဆိုက်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် ဝန်ခံ


သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe (June 11, 2022.)
သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe (June 11, 2022.)

[[Zawgyi/Unicode]]

သီရိလင်္ကာ ဝန်ကြီးချုပ်က ငွေကြေးအကြပ်အတည်း အချိန်မီ မဖြေရှင်းနိုင်ခဲ့လို့ အခု စီးပွားပျက်ကပ် လုံးဝဆိုက်သွားပြီလို့ ဝန်ခံလိုက်ပါတယ်။

ဝန်ကြီးချုပ် Ranil Wickremesinghe က ကြွေးမြီဒဏ်ကြီးသွားတဲ့ သီရိလင်္ကာစီးပွားရေးဟာ အဖတ်ပြန်ဆယ်မရအောင် ဆိုးဝါးလွန်းသွားပြီလို့ လွှတ်တော်မှာ ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံခြားငွေပြတ်တာကစပြီး စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အစားအစာ ပြတ်တောက် တာ လတွေနဲ့ချီ ခံစားခဲ့ရပြီး အခုတော့ စက်သုံးဆီတောင် မတင်သွင်းနိုင်တော့ဘူး၊ အခုလိုမဖြစ်အောင် အစပိုင်းထဲက စဖြေရှင်းခဲ့သင့်တာလို့ ဝန်ကြီးချုပ် Wickremesinghe က ဆိုပါတယ်။

နိုင်ငံခြားကြွေးပိပြီး ကိုဗစ်ကြောင့် နိုင်ငံခြားခရီးသွားဝင်ငွေဆုံးရှုံးကာ၊ ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ခံပါခံလာရတဲ့ ဒီစီးပွားရေးပြန်ကုစားဖို့ ဝန်ကြီးချုပ် Wickremesinghe အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်လည်း တွဲယူထားရပါတယ်။

ဝန်ကြီးချုပ်ကပဲ အခုဆို နိုင်ငံပိုင် စက်သုံးဆီ ကုမ္ပဏီ Ceylon မှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကြွေးတင်နေပြီး ဆီထပ်မသွင်းနိုင်တော့ဘူး၊ ငွေသားလည်း ထပ်မချေးနိုင်တော့ဘူး၊ စီးပွားရေးက အောက်ဆုံးအဆင့်ထိ ဆက်ထိုးကျဖို့မြင်နေရပြီလို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် အခုလို နိုင်ငံခြား ကြွေးမြီပြဿနာကြီးကြောင့် ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ စက်သုံးဆီ မထောက်ပံ့ပေးနိုင်တော့ဘူးလို့လည်း သီရိလင်္ကာ ဝန်ကြီးချုပ်က ဆက်ပြောခဲ့ပါတယ်။

သီရိလင်္ကာဘက်က နိုင်ငံခြား ကြွေးမြီ ၇ ဘီလီယျံကို ဒီနှစ် ပြန်မပေးဘဲ ဆိုင်းငံ့ခဲ့တာကြောင့် IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ကယ်ဆယ်ရေးအကူအညီညှိုနိုင်းဖို့ ဆိုင်းငံထားချိန်၊ အိန္ဒိယဘက်က ဒေါ်လာ ၄ ဘီလျံချေးပေးခဲ့ပေမယ့် ရေရှည်မရနိုင်ဘူးလို့လည်း ဝန်ကြီးချုပ် Wickremesinghe က ဆိုပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]









================

XS
SM
MD
LG