သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လွည္းကူးၿမိဳ႕နယ္အတြင္း ႐ိုဟင္ဂ်ာလို႔ ယူဆရသူ ၁၃ ဦးရဲ႕ ႐ုပ္အေလာင္းေတြ ေတြ႕ရွိ 


(ဓာတ္ပံု-Burma Human Rights Network)

[[Zawgyi/Unicode]]

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးခ႐ိုင္ လွည္းကူးၿမိဳ႕နယ္ထဲမွာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြလို႔ယူဆရသူ ၁၃ ဦး ရဲ႕႐ုပ္အေလာင္းေတြကို ေတြ႕ခဲ့ရတယ္လို႔ ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။ အမ်ိဳးသား ၁၃ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ေတြ႕ရတယ္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ေပမယ့္ ဘယ္သူဘယ္ဝါရယ္လို႔ ေဖာ္ျပမထားပါဘူး။ ဒီအေၾကာင္း ရန္ကုန္ ေမးျမန္းစုံစမ္းထားတာကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ဒီကေန႔မနက္ပိုင္း လွည္းကူးခ႐ိုင္ လွည္းကူးၿမိဳ႕နယ္အနီးက ဘာလားေက်း႐ြာအုပ္စု ေငြနံ႔သာေက်း႐ြာနဲ႔ အမွတ္ ၇ လမ္းမႀကီးနဲ႔ ဆက္သြယ္ထားတဲ့ တပင္ေ႐ႊထီးကားလမ္းေဘးနားမွာ အဲဒီ႐ုပ္အေလာင္းေတြကို ေတြ႕ရွိခဲ့ရတာျဖစ္တယ္လို႔ ကိုယ္တိုင္ေတြ႕ျမင္ခဲ့တဲ့ ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္တဦးက VOA ကို အတည္ျပဳပါတယ္။ ႐ုပ္အေလာင္းေတြရဲ႕ သြင္ျပင္အေနအထားအရ လူကုန္ကူးခံရသူ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြလို႔ ယူဆၾကတဲ့အေၾကာင္း အဲဒီ ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္က ေျပာပါတယ္။ လုံၿခဳံေရးေၾကာင့္ သူ႔အမည္ကိုေတာ့ ထုတ္ေဖာ္မေျပာဖို႔ ေမတၱာရပ္ခံထားပါတယ္။

“က်ေနာ္မနက္ကတည္းက အဲဒီကိုေရာက္တယ္၊ လိုက္သြားလိုက္တယ္။ အဲဒီထဲမွာ ၁၄ ႏွစ္၊ ၁၅ ႏွစ္ ၂ ေယာက္ပါတယ္။ က်န္တာေတြက ၂၀၊ ၂၅ အဲဝန္းက်င္ေလာက္ပဲ ရွိမယ္။ ဒီကေလးေတြက ႐ိုဟင္ဂ်ာကေလးေတြဆိုတာ ၁၀၀ နဲ႔ ၁၀ ရာခိုင္ႏႈန္းေသခ်ာတယ္။ က်ေနာ္တို႔ေသခ်ာသိတယ္၊ ေလ့လာလိုက္တယ္။ ဒီကေလးေတြ မွာ ႐ိုက္ရာေတြ ဒဏ္ရာေတြပါတယ္။ ေနာက္ေက်ာမွာ ေရေႏြးပူေလာင္းခံထားရတာမ်ိဳး ပါတယ္။ ႐ိုက္ထားတဲ့ မ်က္ခုံးအေပၚမွာ ကြဲရာေတြပါတယ္။ လက္ေတြ ေျခေထာက္ေတြ အနာတရျဖစ္ေနတာေတြ ပါတယ္။ အဲမွာ နင္းလိုက္တဲ့အရာေတြေတြ႕တယ္။ နင္းလိုက္တဲ့ အရာဆိုတာက ပြဲစားေတြ ဘြတ္ဖိနပ္အရာလား၊ ဘယ္သူ႔ ဘြတ္ဖိနပ္အရာလဲ က်ေနာ္မသဲကြဲဘူး။ ဘြတ္ဖိနပ္အရာေတာ့ေတြ႕တယ္။”

စြန႔္ပစ္ထားတဲ့ အေနထားနဲ႔ေတြ႕ရၿပီး အနီးအနားမွာ တာေပၚလင္ မိုးကာစ၊ ေရသန႔္ဗူးအခြံေတြ ေတြ႔ရွိတယ္လို႔ ႐ုပ္အေလာင္းေတြကိုေတြ႕ျမင္ခဲ့တဲ့ ကူညီကယ္ဆယ္သူကေျပာပါတယ္။ ဘာေၾကာင့္ေသဆုံးသြားတယ္၊ ဘယ္သူေတြ စြန႔္ပစ္သြားတယ္ဆိုတာကိုေတာ့ စုံစမ္းေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ုပ္အေလာင္းေတြကိုေတာ့ ရင္ခြဲ႐ုံပို႔ကာ စစ္ေဆးမႈေတြလုပ္ေနတယ္လို႔ သိရပါတယ္။

“ခဏေနေတာ့လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာတယ္။ ရန္ကုန္ေဆး႐ံုႀကီးကို ပို႔တယ္။ ေဆးစစ္ခ်က္ေတြ လုပ္တယ္။ ၁ နာရီခြဲေလာက္မွာ ရင္ခြဲ႐ုံကို ပို႔တယ္။ ရင္ခြဲ႐ုံကေန က်ေနာ္တို႔ ၃ နာရီျပန္လာေတာ့ အေလာင္း ၃ ေလာင္း ရင္ခြဲၿပီးၿပီ။ အတည္ျပဳၿပီးေတာ့က်ေနာ္တို႔ျပန္လာတယ္။ မနက္ျဖန္ ၄ နာရီေလာက္မွာ ပိုင္ရွင္မဲ့အေလာင္းအေနနဲ႔ ျမွဳပ္ႏွံေပးဖို႔ သူတို႔စီစဥ္ေပးမယ္ မနက္ျဖန္ ညေန ၄ နာရီမွာ ပိုင္ရွင္မဲ့အေနနဲ႔ေပးမယ္။ အဲဒီက် က်ေနာ္တို႔ ျမွဳပ္ႏွံခြင့္ရမယ္။”

ဒီလူေတြဟာ ရခိုင္ေဒသကလာတဲ့သူေတြျဖစ္ႏိုင္တယ္လို႔ သူကမွန္းဆပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ ႐ိုဟင္ဂ်ာေတြဟာ ေဒသကူးခြင့္မရွိတာမို႔ လူကုန္ကူးေတြကတဆင့္ ရန္ကုန္နဲ႔ တျခားျပည္ပႏိုင္ငံေတြကို တရားမဝင္ထြက္ခြာဖို႔ ႀကိဳးစားၾကရာမွာ မၾကာခဏဆိုသလို ဖမ္းဆီးခံရတာေတြရွိပါတယ္။

ဖမ္းဆီးမႈေတြနဲ႔ ႀကဳံေနၾကရေပမယ့္ ရပ္တန႔္သြားျခင္းမရွိဘဲ ပုံသ႑န္မ်ိဳးစုံနဲ႔ ဒုကၡသည္စခန္းေတြကေန ထြက္ခြာသြားလာမႈေတြက ရွိေနဆဲျဖစ္တယ္လို႔ မြတ္ဆလင္အသိုင္းအဝိုင္းကေျပာပါတယ္။ ရခိုင္ေဒသတြင္းမွာ သူတို႔ကို ခရီးသြားလာခြင့္ပိတ္ပင္တာ၊ ကန႔္သတ္ထားတာေတြေၾကာင့္လည္း ဒါေတြက လူကုန္ကူးသူရဲ႕ မ်က္စိက်စရာ အေျခအေနတခုျဖစ္ေနတယ္လို႔ သူကေျပာပါတယ္။

“က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ ၂၀၁၂ ကတည္းက လူမ်ိဳးေရးပဋိပကၡေၾကာင့္ IDP စခန္းေတြ ဖြင့္ထားတယ္။ ဒီေန႔ထိ အဲစခန္းေတြဖ်က္ၿပီး မိမိေနရပ္ကိုျပန္မပို႔ထားဘူး။ IDP မဟုတ္ဘဲ ႐ြာနဲ႔ေနသူေတြရွိတယ္။ တိုင္းရင္းသားျဖစ္ထားသူေတြကို ဒီေန႔ထိ ႏိုင္ငံသားအခြင့္အေရးမေပးထားဘူး။ ေက်ာင္းေနခြင့္၊ ေဆးကုခြင့္မရဘူး။ အလုပ္ လုပ္ခြင့္မရွိဘူး။ အဲဒီတြက္ေၾကာင့္ ထြက္ေျပးလာတာတပိုင္းရွိသလို ေနာက္တခုက လူေမွာင္ခိုေတြရဲ႕ဆြဲေဆာင္မႈနဲ႔ ပါလာတာရွိတယ္။ လူေမွာင္ခိုပြဲစားေတြကိစၥက ႏိုင္ငံေရးပေရာဂပါတယ္လို႔ သုံးသပ္တယ္။ ၂၀၂၁ အာဏာသိမ္းၿပီးခ်ိန္မွာ လူ ၂ ေယာက္ ၃ ေယာက္ေတာင္ သြားလာဖို႔မလြယ္၊ စစ္ေဆးမႈမ်ားေနခ်ိန္မွာ ရခိုင္ ျပည္နယ္ကေန လူအုပ္ႀကီးက ဘယ္လို လာလို႔ရလဲ။ လုံၿခဳံေရးယူထားတဲ့ အစိုးရအဖြဲ႕ေတြရွိတယ္၊ ULA/AA လို လုံၿခဳံေရး ယူထားသူေတြရွိတယ္။ ဒီအဖြဲ႕အစည္းေတြက ဘယ္လိုျဖစ္လို႔ မတားဆီးလဲ။ အဲဒါကို ေမးခြန္းေမးခြန္းေမး စရာရွိတယ္။ ဒါမွမဟုတ္ သူတို႔က မတားဆီးတာလား၊ ဒီလိုမ်ိဳး သံသယ ရွိလာတယ္။”

စစ္ေကာင္စီဘက္ကေတာ့ ႐ုပ္အေလာင္း ၁၃ ေလာင္းေတြ႔တာမွန္ေၾကာင္းထုတ္ျပန္ထားေပမယ့္ ႐ုပ္အေလာင္းေတြဟာ ဘယ္သူေတြျဖစ္တယ္ဆိုတာကိုေတာ့ ေဖာ္ျပထားတာမရွိခဲ့ပါဘူး။ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျဖစ္စဥ္မွန္ေပၚေပါက္ေရး ေသမႈေသခင္းဖြင့္ၿပီး စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ပဲ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

ႏိုဝင္ဘာလ ၂၇ ရက္မွာလည္း ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္ ေညာင္ႏွစ္ပင္ စက္မႈဇုန္ (၁) အနီးမွာ မြတ္ဆလင္ ၆၈ ဦး ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီအျပင္ ႏိုဝင္ဘာလ ၂၈ ရက္နဲ႔ ၂၉ ရက္ေတြမွာ မြတ္ဆလင္ သုံးဦး ထပ္မံဖမ္းဆီးခံခဲ့ရတာမို႔ လွည္းကူးၿမိဳ႕နယ္မွာ သုံးရက္အတြင္း စုစုေပါင္း မြတ္စလင္ ၇၁ ဦးဖမ္းဆီးခဲ့တယ္လို႔ စစ္ေကာင္စီက ဒီဇင္ဘာလ ၄ ရက္မေန႔က ထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

လှည်းကူးမြို့နယ်အတွင်း ရိုဟင်ဂျာလို့ ယူဆရသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်ထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ယူဆရသူ ၁၃ ဦး ရဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ အမျိုးသား ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ ဖော်ပြမထားပါဘူး။ ဒီအကြောင်း ရန်ကုန် မေးမြန်းစုံစမ်းထားတာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဒီကနေ့မနက်ပိုင်း လှည်းကူးခရိုင် လှည်းကူးမြို့နယ်အနီးက ဘာလားကျေးရွာအုပ်စု ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့ တပင်ရွှေထီးကားလမ်းဘေးနားမှာ အဲဒီရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက VOA ကို အတည်ပြုပါတယ်။ ရုပ်အလောင်းတွေရဲ့ သွင်ပြင်အနေအထားအရ လူကုန်ကူးခံရသူ ရိုဟင်ဂျာမွတ်ဆလင်တွေလို့ ယူဆကြတဲ့အကြောင်း အဲဒီ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ လုံခြုံရေးကြောင့် သူ့အမည်ကိုတော့ ထုတ်ဖော်မပြောဖို့ မေတ္တာရပ်ခံထားပါတယ်။

“ကျနော်မနက်ကတည်းက အဲဒီကိုရောက်တယ်၊ လိုက်သွားလိုက်တယ်။ အဲဒီထဲမှာ ၁၄ နှစ်၊ ၁၅ နှစ် ၂ ယောက်ပါတယ်။ ကျန်တာတွေက ၂၀၊ ၂၅ အဲဝန်းကျင်လောက်ပဲ ရှိမယ်။ ဒီကလေးတွေက ရိုဟင်ဂျာကလေးတွေဆိုတာ ၁၀၀ နဲ့ ၁၀ ရာခိုင်နှုန်းသေချာတယ်။ ကျနော်တို့သေချာသိတယ်၊ လေ့လာလိုက်တယ်။ ဒီကလေးတွေ မှာ ရိုက်ရာတွေ ဒဏ်ရာတွေပါတယ်။ နောက်ကျောမှာ ရေနွေးပူလောင်းခံထားရတာမျိုး ပါတယ်။ ရိုက်ထားတဲ့ မျက်ခုံးအပေါ်မှာ ကွဲရာတွေပါတယ်။ လက်တွေ ခြေထောက်တွေ အနာတရဖြစ်နေတာတွေ ပါတယ်။ အဲမှာ နင်းလိုက်တဲ့အရာတွေတွေ့တယ်။ နင်းလိုက်တဲ့ အရာဆိုတာက ပွဲစားတွေ ဘွတ်ဖိနပ်အရာလား၊ ဘယ်သူ့ ဘွတ်ဖိနပ်အရာလဲ ကျနော်မသဲကွဲဘူး။ ဘွတ်ဖိနပ်အရာတော့တွေ့တယ်။”

စွန့်ပစ်ထားတဲ့ အနေထားနဲ့တွေ့ရပြီး အနီးအနားမှာ တာပေါ်လင် မိုးကာစ၊ ရေသန့်ဗူးအခွံတွေ တွေ့ရှိတယ်လို့ ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့တဲ့ ကူညီကယ်ဆယ်သူကပြောပါတယ်။ ဘာကြောင့်သေဆုံးသွားတယ်၊ ဘယ်သူတွေ စွန့်ပစ်သွားတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲရုံပို့ကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

“ခဏနေတော့လုံခြုံရေးအဖွဲ့တွေရောက်လာတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့တယ်။ ဆေးစစ်ချက်တွေ လုပ်တယ်။ ၁ နာရီခွဲလောက်မှာ ရင်ခွဲရုံကို ပို့တယ်။ ရင်ခွဲရုံကနေ ကျနော်တို့ ၃ နာရီပြန်လာတော့ အလောင်း ၃ လောင်း ရင်ခွဲပြီးပြီ။ အတည်ပြုပြီးတော့ကျနော်တို့ပြန်လာတယ်။ မနက်ဖြန် ၄ နာရီလောက်မှာ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ မြှုပ်နှံပေးဖို့ သူတို့စီစဉ်ပေးမယ် မနက်ဖြန် ညနေ ၄ နာရီမှာ ပိုင်ရှင်မဲ့အနေနဲ့ပေးမယ်။ အဲဒီကျ ကျနော်တို့ မြှုပ်နှံခွင့်ရမယ်။”

ဒီလူတွေဟာ ရခိုင်ဒေသကလာတဲ့သူတွေဖြစ်နိုင်တယ်လို့ သူကမှန်းဆပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ဒေသကူးခွင့်မရှိတာမို့ လူကုန်ကူးတွေကတဆင့် ရန်ကုန်နဲ့ တခြားပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာဖို့ ကြိုးစားကြရာမှာ မကြာခဏဆိုသလို ဖမ်းဆီးခံရတာတွေရှိပါတယ်။

ဖမ်းဆီးမှုတွေနဲ့ ကြုံနေကြရပေမယ့် ရပ်တန့်သွားခြင်းမရှိဘဲ ပုံသဏ္ဍန်မျိုးစုံနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းကပြောပါတယ်။ ရခိုင်ဒေသတွင်းမှာ သူတို့ကို ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ကန့်သတ်ထားတာတွေကြောင့်လည်း ဒါတွေက လူကုန်ကူးသူရဲ့ မျက်စိကျစရာ အခြေအနေတခုဖြစ်နေတယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကတည်းက လူမျိုးရေးပဋိပက္ခကြောင့် IDP စခန်းတွေ ဖွင့်ထားတယ်။ ဒီနေ့ထိ အဲစခန်းတွေဖျက်ပြီး မိမိနေရပ်ကိုပြန်မပို့ထားဘူး။ IDP မဟုတ်ဘဲ ရွာနဲ့နေသူတွေရှိတယ်။ တိုင်းရင်းသားဖြစ်ထားသူတွေကို ဒီနေ့ထိ နိုင်ငံသားအခွင့်အရေးမပေးထားဘူး။ ကျောင်းနေခွင့်၊ ဆေးကုခွင့်မရဘူး။ အလုပ် လုပ်ခွင့်မရှိဘူး။ အဲဒီတွက်ကြောင့် ထွက်ပြေးလာတာတပိုင်းရှိသလို နောက်တခုက လူမှောင်ခိုတွေရဲ့ဆွဲဆောင်မှုနဲ့ ပါလာတာရှိတယ်။ လူမှောင်ခိုပွဲစားတွေကိစ္စက နိုင်ငံရေးပရောဂပါတယ်လို့ သုံးသပ်တယ်။ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာ လူ ၂ ယောက် ၃ ယောက်တောင် သွားလာဖို့မလွယ်၊ စစ်ဆေးမှုများနေချိန်မှာ ရခိုင် ပြည်နယ်ကနေ လူအုပ်ကြီးက ဘယ်လို လာလို့ရလဲ။ လုံခြုံရေးယူထားတဲ့ အစိုးရအဖွဲ့တွေရှိတယ်၊ ULA/AA လို လုံခြုံရေး ယူထားသူတွေရှိတယ်။ ဒီအဖွဲ့အစည်းတွေက ဘယ်လိုဖြစ်လို့ မတားဆီးလဲ။ အဲဒါကို မေးခွန်းမေးခွန်းမေး စရာရှိတယ်။ ဒါမှမဟုတ် သူတို့က မတားဆီးတာလား၊ ဒီလိုမျိုး သံသယ ရှိလာတယ်။”

စစ်ကောင်စီဘက်ကတော့ ရုပ်အလောင်း ၁၃ လောင်းတွေ့တာမှန်ကြောင်းထုတ်ပြန်ထားပေမယ့် ရုပ်အလောင်းတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိခဲ့ပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ပဲ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်မှာလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ မွတ်ဆလင် ၆၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအပြင် နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မွတ်ဆလင် သုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရတာမို့ လှည်းကူးမြို့နယ်မှာ သုံးရက်အတွင်း စုစုပေါင်း မွတ်စလင် ၇၁ ဦးဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်မနေ့က ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG