သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရး တရားမွ်တမႈရဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြ အေလးေပးေျပာၾကား


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံ ရခိုင္ေဒသကေန ႐ိုဟင္ဂ်ာေတြ အစုအၿပဳံလိုက္ ထြက္ေျပးၾကရတဲ့ျဖစ္ရပ္ ၅ ႏွစ္ေျမာက္မွာ ႐ိုဟင္ဂ်ာေတြအတြက္ တရားမွ်တမႈရရွိေစေရး ေဆာင္႐ြက္ရမယ္လို႔ ကုလသမဂၢအႀကီးအကဲေတြက ေျပာဆိုလိုက္ၾကပါတယ္။

႐ိုဟင္ဂ်ာေတြ ထြက္ေျပးခဲ့ၾကရတဲ့ ငါးႏွစ္ေျမာက္ကာလကို အမွတ္ရၿပီး ႏိုင္ငံတကာရာဇဝတ္မႈေတြမွာ က်ဴးလြန္သူေတြကို အေရးယူရမယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က သူ႔ ကိုယ္ပိုင္ တြစ္တာအေကာင့္ကေန ေရးပါတယ္။

လူ႔အခြင့္အေရးဆိုင္ရာ ကုလ မဟာမင္းႀကီး Michelle Bachelet ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ျမန္မာျပည္သူေတြကို အၾကမ္းဖက္တဲ့ စစ္တပ္လုပ္ရပ္ေတြကို ဟန႔္တားႏိုင္ေရး ႏိုင္ငံတကာက ဖိအားေတြ တိုးျမႇင့္ဖို႔ တိုက္တြန္းခဲ့သလို ျမန္မာႏိုင္ငံတြင္း အရပ္ဘက္အုပ္ခ်ဳပ္ေရး ျပန္ေပၚလာဖို႔နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေရးယူသြားဖို႔ကိုလည္း ေျပာထားပါတယ္။

႐ိုဟင္ဂ်ာအေရးအပါအဝင္ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေထာက္အထားျပဳစုေနတဲ့ IIMM ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာလြတ္လပ္ေသာစုံစမ္းစစ္ေဆးမႈယႏၲရားရဲ႕ အႀကီးအကဲ Nicholas Koumjian ရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ႐ိုဟင္ဂ်ာေတြ လုံၿခဳံေဘးကင္းစြာနဲ႔ သိကၡာရွိရွိ ေနရပ္ျပန္ဖို႔ဆိုရင္ တရားမွ်တမႈရရွိေရးဟာ အေရးႀကီးတဲ့ ေျခလွမ္းျဖစ္တယ္လို႔ ေျပာထားပါတယ္။ ႐ိုဟင္ဂ်ာေတြေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြကို အခုအခ်ိန္အထိ အေရးမယူႏိုင္ေသးပဲ၊ IIMM အေနနဲ႔ ဒီလိုအေရးယူႏိုင္ဖို႔ အေထာက္အထားေတြ ရယူ စုေဆာင္း ေဆာင္႐ြက္ေနတယ္လို႔ Nicholas Koumjian က ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြ အစုအၿပဳံလိုက္ထြက္ေျပးၾကရတဲ့ျဖစ္စဥ္အေျခအေနႀကီးကို ေမ့ထားလို႔မရဘူးလို႔ ကုလ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noreen Heyzer ကလည္း ေၾကညာခ်က္ထုတ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လူသားခ်င္းစာနာကူညီမႈလုပ္ငန္း လူ႔အခြင့္အေရးနဲ႔ လုံၿခဳံေရးအေျခအေနေတြဟာ ဆိုးဆိုးဝါးဝါးျဖစ္လာၿပီး ဒီအက်ပ္အတည္းအေပၚ ႏိုင္ငံတကာအဝန္းအဝိုင္းအေနနဲ႔ ျပည့္စုံ ခိုင္မာၿပီး အားလုံးပါဝင္တဲ့ အေျဖထုတ္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔
ကုလသမဂၢ အတြင္းေရးမ်ဳးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noreen Heyzer က ေျပာပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံကူညီေနတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံကို ခ်ီးက်ဴးလိုက္ၿပီး ဒီ ဝန္ထုပ္ဝန္ပိုးကို ႏိုင္ငံတကာနဲ႔ ေဒသတြင္းက မွ်ခံကူညီၾကဖို႔လိုတယ္လို႔လည္း သတိေပးပါတယ္။ ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ဘဂၤလားေဒ့ရ္ွႏိုင္ငံကိုသြားေရာက္ၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေတြ႕ဆုံခဲ့တာပါ။

ျမန္မာႏိုင္ငံ ရခိုင္ေဒသမွာ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းစစ္ဆင္ေရးေတြေၾကာင့္ ႐ိုဟင္ဂ်ာအေျမာက္အမ်ားေသဆုံးခဲ့ရသလို သိန္းနဲ႔ခ်ီၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွႏိုင္ငံကို တိမ္းေရွာင္ခဲ့ရပါတယ္။ ႐ိုဟင္ဂ်ာအစြန္းေရာက္လက္နက္ကိုင္အဖြဲ႕ေတြက လုံၿခဳံေရးတပ္ေတြကို တိုက္ခိုက္တာေၾကာင့္ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ခဲ့ရတာလို႔ ျမန္မာစစ္တပ္က တု႔ံျပန္ထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကို စီစစ္ၿပီး လက္ခံသြားမယ္လို႔ ျမန္မာစစ္ေခါင္းေဆာင္က ေျပာထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က Genocide လူမ်ိဳးသုဥ္းသတ္ျဖတ္မႈက်ဴးလြန္တယ္လို႔ သတ္မွတ္ထားတဲ့ အေမရိကန္အစိုးရကလည္း ႐ိုဟင္ဂ်ာေတြနဲ႔ ျမန္မာျပည္သူတရပ္လံုးအေပၚ စစ္တပ္ရဲ႕က်ဴးလြန္မႈေတြကို တာဝန္ခံတာဝန္ယူမႈရွိေစဖို႔၊ တရားမွ်တမႈရေစဖို႔ ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

႐ိုဟင္ဂ်ာအေရးကို အေလးထား ေဆာင္ရြက္ေနေၾကာင္း ရခိုင္ျပည္နယ္ထဲ စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းမႈေတြအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ထြက္ေျပး ခိုလႈံရတာ ၅ ႏွစ္ ေျမာက္အထိမ္းအမွတ္နဲ႔ ေနာက္ဆက္တြဲၾကံဳေနရတဲ့ အခက္ခဲေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး၊ ၿဗိတိန္အာရွေရးရာဝန္ႀကီးတို႔အျပင္ အီးယူဥေရာပသမဂၢနဲ႔ မဟာမိတ္ႏိုင္ငံေတြ ပူးတြဲၿပီး ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကပါတယ္။

႐ိုဟင္ဂ်ာေတြ တရားမွ်တမႈရဖို႔နဲ႔ ေဘးကင္းလံုျခံဳၿပီး ေနရပ္ျပန္ႏိုင္ေအာင္ ႏိုင္ငံတကာက ဝိုင္းဝန္းလုပ္ေဆာင္ေပးဖို႔ ဥေရာပသမဂၢ၊ ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝး၊ UK နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ထုတ္ျပန္ခ်က္မွာ တိုက္တြန္း ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရိုဟင်ဂျာအရေး တရားမျှတမှုရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အလေးပေးပြောကြား

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့ဖြစ်ရပ် ၅ နှစ်မြောက်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂအကြီးအကဲတွေက ပြောဆိုလိုက်ကြပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြရတဲ့ ငါးနှစ်မြောက်ကာလကို အမှတ်ရပြီး နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သူ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ ရေးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီး Michelle Bachelet ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူတွေကို အကြမ်းဖက်တဲ့ စစ်တပ်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေး နိုင်ငံတကာက ဖိအားတွေ တိုးမြှင့်ဖို့ တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံတွင်း အရပ်ဘက်အုပ်ချုပ်ရေး ပြန်ပေါ်လာဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူသွားဖို့ကိုလည်း ပြောထားပါတယ်။

ရိုဟင်ဂျာအရေးအပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အထားပြုစုနေတဲ့ IIMM ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားရဲ့ အကြီးအကဲ Nicholas Koumjian ရဲ့ ထုတ်ပြန်ချက်မှာလည်း ရိုဟင်ဂျာတွေ လုံခြုံဘေးကင်းစွာနဲ့ သိက္ခာရှိရှိ နေရပ်ပြန်ဖို့ဆိုရင် တရားမျှတမှုရရှိရေးဟာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောထားပါတယ်။ ရိုဟင်ဂျာတွေပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အခုအချိန်အထိ အရေးမယူနိုင်သေးပဲ၊ IIMM အနေနဲ့ ဒီလိုအရေးယူနိုင်ဖို့ အထောက်အထားတွေ ရယူ စုဆောင်း ဆောင်ရွက်နေတယ်လို့ Nicholas Koumjian က ပြောပါတယ်။

ရိုဟင်ဂျာတွေ အစုအပြုံလိုက်ထွက်ပြေးကြရတဲ့ဖြစ်စဉ်အခြေအနေကြီးကို မေ့ထားလို့မရဘူးလို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noreen Heyzer ကလည်း ကြေညာချက်ထုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာကူညီမှုလုပ်ငန်း လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ ဆိုးဆိုးဝါးဝါးဖြစ်လာပြီး ဒီအကျပ်အတည်းအပေါ် နိုင်ငံတကာအဝန်းအဝိုင်းအနေနဲ့ ပြည့်စုံ ခိုင်မာပြီး အားလုံးပါဝင်တဲ့ အဖြေထုတ်နိုင်ဖို့ အရေးကြီးတယ်လို့
ကုလသမဂ္ဂ အတွင်းရေးမျုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noreen Heyzer က ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံကူညီနေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ချီးကျူးလိုက်ပြီး ဒီ ဝန်ထုပ်ဝန်ပိုးကို နိုင်ငံတကာနဲ့ ဒေသတွင်းက မျှခံကူညီကြဖို့လိုတယ်လို့လည်း သတိပေးပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုသွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာအမြောက်အများသေဆုံးခဲ့ရသလို သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင်ခဲ့ရပါတယ်။ ရိုဟင်ဂျာအစွန်းရောက်လက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေးတပ်တွေကို တိုက်ခိုက်တာကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရတာလို့ မြန်မာစစ်တပ်က တုံ့ပြန်ထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို စီစစ်ပြီး လက်ခံသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင်က ပြောထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က Genocide လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ အမေရိကန်အစိုးရကလည်း ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတရပ်လုံးအပေါ် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို တာဝန်ခံတာဝန်ယူမှုရှိစေဖို့၊ တရားမျှတမှုရစေဖို့ ဆက်လက် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ရိုဟင်ဂျာအရေးကို အလေးထား ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ ၇ သိန်းကျော်ထွက်ပြေး ခိုလှုံရတာ ၅ နှစ် မြောက်အထိမ်းအမှတ်နဲ့ နောက်ဆက်တွဲကြုံနေရတဲ့ အခက်ခဲတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန်အာရှရေးရာဝန်ကြီးတို့အပြင် အီးယူဥရောပသမဂ္ဂနဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့နဲ့ ဘေးကင်းလုံခြုံပြီး နေရပ်ပြန်နိုင်အောင် နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ UK နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။

XS
SM
MD
LG