သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၂၀၀ ကျော်နဲ့စက်လှေပျက် ဖူးခက်နားမျောနေ 


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ စက်လှေပျက်ပြီး အစာပြတ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ (ဒီဇင်ဘာ ၇၊ ၂၀၂၂)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ စက်လှေပျက်ပြီး အစာပြတ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ (ဒီဇင်ဘာ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နဲ့အနီးဆုံးပင်လယ်ပြင်မှာ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစင်းပျက်လို့ ထိုင်းအာဏာပိုင်တွေ ကယ်ဆယ်ကူညီခဲ့ရပါတယ်။ လိုက်ပါလာသူတွေမှာ အစာရေစာပြတ်လပ်ပြီး ထိုင်းအခြေစိုက် ရိုဟင်ဂျာအဖွဲ့တခုကို အကူအညီတောင်းခံလာရာကနေ ထိုင်းတာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားပေးခဲ့တာလို့သိရပါတယ်။ လှေပေါ်မှာ အစာရေစာပြတ်ပြီး သေဆုံးသူ ၁၈ ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းက ရိုဟင်ဂျာအမျိုးသမီးနဲ့ ခလေးငယ်အများစုအပါအဝင် လူ၂၀၀ ကျော် လိုက်ပါလာတဲ့ လှေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက ထွက်ခွါလာတာဖြစ်ပြီး ပင်လယ်ထဲမျောနေတာ ရက်အတော်ကြာပြီလို့ဆိုပါတယ် ။

အဲဒီနောက် လှေပေါ်ပါလာတဲ့သူတွေ အစာရေစာပြတ်သွားခဲ့ပြီး ကနဦးသတင်းအရ လှေပေါ်ပါ လာသူ ၁၈ ဦးသေဆုံးခဲ့ရကြောင်း နောက်ပိုင်းမှာလည်း ဒီထက်မက သေဆုံးတယ်လို့သိရှိရကြောင်း Rphingya Thailand အဖွဲ့ ဥက္ကဋ္ဌ နိုင်ဆာရစ်အာလီက အခုလိုပြောပါတယ်။

“ကျနော်တို့ကို မနေ့က ဘင်္ဂလားဒေ့ရှ်ကနေ သူတို့အမျိုးတွေက ဖုန်းဆက်လာတယ်။ ဒီလူတွေက ထိုင်းကိုရောက်နေပြီ၊ စားစရာမရှိဘူး၊ စက်လှေပျက်တယ်၊ ရေတွေဘာတွေသောက်ဖို့မရှိဘူး၊ လူတွေသေနေပြီ၊ ခင်ဗျားတို့ထိုင်းကလူတွေကူညီပါလို့ပြောတယ်။ မနက် ၈ နာရီလောက်က ဆက်လာတာပါ။ အခုဆို ၃၀ လောက် သေသွားပြီလို့ ကြားတယ်။ မနေ့ကတော့ ၁၈ ယောက်၊ မနေ့ည ၁ နာရီခွဲလောက်က သူတို့အမျိုးတွေဆက်လာတာတော့ သေတာ ၃၀ လောက်ရှိပြီလို့ပြောတယ်။”

သေဆုံးမှုအရေအတွက်နဲ့ပတ်သက်လို့တော့ အတိအကျမသိရသေးပါဘူး။ အကူညီပေးရေးအဖွဲ့တွေကတော့ ဆက်သွယ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီသူတွေရှိတဲ့ ပင်လယ်ပြင်ထဲကို အကူညီပေးနေသူတွေ ရောက်ရှိသွားပြီဆိုတဲ့သတင်းတွေတော့ မရသေးပါဘူး။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကနေ ဘယ်နိုင်ငံရောက်ရောက်ဆိုပြီး ထွက်လာကြပုံရတယ်လို့လည်း ပြောပါတယ်။

“သူတို့က ဒုက္ခည်စခန်းမှာနေတယ်ဆိုတော့ ဘယ်ကိုသွားချင်တယ်ဆိုတာမရှိဘူူး။ ဘယ်ကိုပဲရောက်ရောက် ဘယ်နိုင်ငံပဲဖြစ်ဖြစ် သွားချင်တာပေါ့။ သူတို့သဘောကလေ။”

ထိုင်းသတင်းတွေမှာဖေါ်ပြနေတာကတော့ ထိုင်းနိုင်ငံ UNHCR နဲ့ဖူးခက်ဒေသအာဏာပိုင်တွေက လှေစီးပြေး ရိုဟင်ဂျာဒုကသည်တွေကို အကူညီပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ပင်လယ်ပြင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ မျောနေတာ ၁၀ ရက်ကျော်ကြာပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက် နေ့ကတော့ ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦး အစာရေစာပြတ်ပြီး ထပ်မံသေဆုံးသွားကြောင်း လှေပေါ်က လူ၆၀ လောက်ကလည်း အားအင်ကုန်ခမ်းနေပြီး ဖျားနာနေကြတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ပင်လယ်ပြင်မှာ အခုလို ရိုဟင်ဂျာဒုက္ခသည်တွေ မကြာခဏဖမ်းမိနေပြီး တချို့လည်း ရာသီဥတုဆိုးပြီး ပင်လယ်ပြင်အတွင်း လှေမှောက် သေဆုံးတဲ့ဖြစ်ရပ်တွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]










XS
SM
MD
LG