သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမှာတိုက်ပွဲဖြစ်၊ မြို့နယ် စုပေါင်းရုံး မီးလောင်


ချင်းပြည်နယ်၊ ဟားခါးမြို့ (Crd: MIMU)
ချင်းပြည်နယ်၊ ဟားခါးမြို့ (Crd: MIMU)


[[Zawgyi/Unicode]]

ချင်းပြည်နယ် ဟားခါးမြို့မှာ မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခု ဒီနေ့ မနက်ကတိုက်ပွဲဖြစ်ပြီး ဟားခါးမြို့နယ်က မြို့နယ် စုပေါင်းရုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီ တိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းဆိုတာ တိတိကျကျ မသိရသေးသလို မီးရှို့ဖျက်ဆီးမှုတွေရှိတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဟားခါးမြို့အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း တင်ပြပေးထားပါတယ်။

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာရှိတဲ့ မြို့နယ်စုပေါင်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁ နာရီကျော် က စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိခဲ့ပြီး မြို့ နယ် စုပေါင်းရုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဟားခါးမြို့ခံတဦးက ပြောပါတယ်။

“ရုံးကတော့ တော်တော်လေးကို လောင်သွားတယ်။ သန်းခေါင်ဆိုတော့ ကျနော်တို့လည်းထွက်မကြည့်ဘူး။ မနက် ၄ နာရီလောက်မှာ တက်လာတဲ့ဟာက မီးလောင်တဲ့ဟာတက်လာတာပေါ့။ သွားကြည့်လိုက်တော့ ဟုတ်တယ်လောင်တယ်။ အရှေ့ဘက်အခြမ်းတော့ တော်တော်လောင်တယ်။”

မြို့နယ်စုပေါင်းရုံးမှာ လဝက၊ စည်ပင်၊ ပညာရေး၊ အကောက်ခွန်စတဲ့ ဌာနဆိုင်ရာရုံးတွေ စိုက်တဲ့နေရာဖြစ်ပြီး လုံခြုံရေး တင်းကြပ်ထားတဲ့နေရာလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလိုတိုက်ပွဲတွေ ဖြစ်ပြီး အဆောက်အဦး မီးလောင်တဲ့အပေါ် ဒေသခံတွေမှာလည်း စိုးရိမ်စိတ်ရှိနေတယ်လို့လည်း ဟားခါးဒေသခံက ဆက်ပြောပါတယ်။

“ထန်တလန်လည်း မီးလောင်ခဲ့တယ်ဆိုတော့ ကျနော်တို့လည်း အဲ့လိုမီးလောင်မလားလို့ စိုးရိမ်နေကြတယ်။ ထူးထူးခြားခြားတော့ သိပ်မရှိဘူး။ ပုံမှန်လူတွေကတော့ သွားလာနေကြပါတယ်။”

စစ်ကောင်စီ ပြန်ကြားရေးကတော့ အကြမ်းဖက်လိုလားသူတွေက စုပေါင်းရုံးကို လက်နက်ငယ်တွေနဲ့ လာရောက် ပစ်ခတ်တာဖြစ်ပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းနဲ့ မြို့နယ် စည်ပင်ရုံးခန်းတွေကို မီးပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ viber ကတဆင့် သတင်းထောက်တွေကို ပြန်ဖြေထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ညပိုင်းမှာလည်း တီးတိန်မြို့ လဝက ရုံးနဲ့ သမဝဝါယမဦးစီးဌာနရုံးကို လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့တဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ် တဖွဲ့ဖြစ်တဲ့ PDF Zoland အဖွဲ့ကတော့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှု မရှိအောင် အငြင်သာဆုံးလုပ်ဆောင်သွားမယ့်အကြောင်းနဲ့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ အခြေအနေနဲ့ လှုပ်ရှားနေချိန်ဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်မှု မရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]









XS
SM
MD
LG