သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တရုတ်စစ်တပ် ပိုအန္တရာယ်ရှိလာ (ကန် ပူးတွဲစစ်ဦးချုပ်များဥက္ကဋ္ဌ)


အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley (ယာ) နဲ့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Andika Perkasa (ဝဲ) နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲ။ (ဂျူလိုင် ၂၄၊ ၂၀၂၂)
အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley (ယာ) နဲ့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Andika Perkasa (ဝဲ) နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲ။ (ဂျူလိုင် ၂၄၊ ၂၀၂၂)


[[Zawgyi/Unicode]]

တရုတ်စစ်တပ်က လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အရေးပါပါ ပိုပြီး ရန်မူ၊ ပိုပြီး အန္တရာယ်ရှိလာတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး Mark Milley ဟာ အင်ဒိုပစိဖိတ်ဒေသကို ခရီးလှည့်နေစဉ် အင်ဒိုနီးရှားမှာ တနင်္ဂနွေက ခရီးတထောက်ဝင်ရင်း ခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒေသတွင်း အမေရိကန်နဲ့ မိတ်ဘက်တွေက ထောက်လှမ်းခဲ့ရာမှာ တရုတ် လေယာဉ်တွေနဲ့ သင်္ဘောတွေရဲ့လှုပ်ရှားမှုက ၅ နှစ်တာကာလမှာ အရေးပါပါ ပိုများလာခဲ့ပြီး အန္တရာယ်ရှိတဲ့တုံ့ပြန်မှုတွေကလည်း အချိုးညီညီများလာခဲ့တယ် လို့ သူကဆိုပါတယ်။

တရုတ်ရဲ့လှုပ်ရှားမှုတွေကို ပြန်လည် ဟန်ချက်ချိန်နိုင်ဖို့ ပစိဖိတ်ဒေသ နိုင်ငံတွေ နဲ့ ဆက်ဆံရေး ကို ပိုမိုခိုင်မာအောင် အမေရိကန်က ၂ ဆတိုး အားထုတ်လာချိန် မှာ ဗိုလ်ချုပ်ကြီး Mark Milley ရဲ့ ခုလို ပြောကြားချက် ထွက်ပေါ်လာခဲ့တာပါ။ တရုတ်ရဲ့ ခြိမ်းခြောက်လိုတဲ့ ခြေလှမ်းတွေက များလာနေပြီး အမေရိကန်ရဲ့ရေရှည် လုံခြုံရေးကို မူလဘူတ စိန်ခေါ်နေတယ်လို့ သမ္မတ ဘိုင်ဒန်ရဲ့အစိုးရက မြင်ပါတယ်။

ဗိုလ်ချုပ်ကြီး Mark Milley ရဲ့ ခရီးစဉ်က တရုတ်ရဲ့ ခြိမ်းခြောက်မှုအပေါ် အဓိက ထားပြီး ဒီအပတ် Australia နိုင်ငံ Sydney မြို့ မှာ ကျင်းပမယ့် အင်ဒိုပစိဖိတ် ဒေသ ကာကွယ်ရေးတာဝန်ရှိသူခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ တရုတ်ရဲ့ စစ်တပ်ကြီးထွားလာမှုနဲ့ လွတ်လပ်၊ ပွင့်လင်း၊ ငြိမ်းချမ်းတဲ့ ပစိဖိတ်ဒေသအဖြစ် ထိန်းထားရေးကိစ္စတွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============


[[Unicode]]

လှနျခဲ့တဲ့ ၅ နှဈအတှငျး တရုတျစဈတပျ ပိုအန်တရာယျရှိလာ (ကနျ ပူးတှဲစဈဦးခြုပျမြားဥက်ကဋ်ဌ)





XS
SM
MD
LG