သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန် ဗဟိုအကျဉ်းထောင် ပစ်ခတ် တိုက်ခိုက်ခံရ


အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

[[Zawgyi/Unicode]]


ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဩဂုတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်းက လက်နက်ကြီးနဲ့လို့ယူဆရတဲ့ ပစ်ခတ်ခံရမှုကြောင့် အဆောက်အဦးနဲ့ လူထိခိုက်မှုတချို့ရှိတယ်လို့သိရပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်ရဲ့ ဝန်ထမ်းအိမ်ယာအတွင်းကို ထိမှန်တာဖြစ်ပြီး လူ ထိခိုက်ဒဏ်ရာရမှု ရှိပုံရတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

“အစကတော့ မနက်တုန်းကထုတာတော့ ဗုံးနဲ့ထုတယ်သိရတာ။ ၄ လုံး ပြောတယ်၊ ၅ လုံးပြောတယ်။ ခု အထူးတရားရုံးကိုသွားတဲ့အခါကျတော့ ၇၉ လို အဝေးပစ်လက်နက်နဲ့ပစ်တယ်၊ အတွင်းပိုင်းထိရောက်တယ်။ ဝန်ထမ်းလိုင်းတွေထိ ရောက်တယ်။ အဆောက်အဦးတွေ ပျက်တယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာ မသိဘူး။ ပြောတဲ့သူကလည်း မပြောဘူး။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ အထဲမှာေ ဆးကုနေတာတော့ အကြမ်းဖျင်းသိတယ်။ ဘယ်နှစ်ယောက်ထိလဲ၊ ဘယ်လောက်ထိခိုက်လဲတော့ မသိဘူး။”

ပေါက်ကွဲမှုကြောင့် အနီးတဝိုက်မှာ ဖမ်းဆီးစစ်ဆေးမှုတချို့ရှိပေမယ့် အင်းစိန်ထောင်အပြင်က အထူးတရားရုံးတွေကတော့ ပုံမှန်အတိုင်း ဆက်လက်အလုပ်လုပ်နေခဲ့တယ်လို့ သိရပါတယ်။ အင်းစိန်ထောင်ဝင်းအတွင်းက စွယ်တော်လိုင်း ဝန်ထမ်းအိမ်ယာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပေမယ့် ဘယ်သူ့ လက်ချက်လဲဆိုတာ တိတိကျကျမသိရပါဘူး။ သက်ဆိုင်ရာအကျဉ်းဦးစီးဘက်ကို ဖြစ်စဉ်နဲ့ပတ်သတ်လို့ မေးမြန်းနိုင်ဖို့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားအများစုပါတဲ့ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ တာ၊ နောက် ထောင်တွင်းဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး အခုလအတွင်း အင်းစိန်ထောင်ပတ်ဝန်းကျင်မှာ ပေါက်ကွဲပစ်ခတ်မှုတချို့ရှိခဲ့ပြီး ဒီတကြိမ်မှာတော့ လူထိခိုက်မှုရှိတယ်လို့ ကြားသိရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







XS
SM
MD
LG