သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒဂံုတကၠသိုလ္ေက်ာင္းသား ၇ ေယာက္ ေသဒဏ္ခ်ခံရ 


အင္းစိန္ေထာင္ အဝင္ဝဂိတ္ႏွင့္ ေထာင္ဝန္ထမ္းတခ်ဳိ႕။ ေအာက္တိုဘာ ၁၁၊ ၂၀၁၁။


[[Zawgy/Unicode]]

ဒဂုံတကၠသိုလ္ေက်ာင္းသား ၇ ေယာက္ကို အင္းစိန္ေထာင္တြင္း စစ္ခုံ႐ုံးကေန ႏိုဝင္ဘာလ ၃၀ ရက္ေန႔က ေသဒဏ္အမိန႔္ခ်မွတ္ခဲ့ပါတယ္။ ကမာၻ႔ရတနာဘဏ္ခြဲတခုမွာjဖစ္ခဲ့တဲ့ ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ စြပ္စြဲဖမ္းဆီးခံရသူေတြျဖစ္ပါတယ္။ စစ္ခံုရံုးမွာစစ္ေဆးတာျဖစ္လို႔ သူတို႔အေနနဲ႔ ေရွ႕ေနအမႈလိုက္ခြင့္မရဘဲ စစ္ခံုရံုးမွာပဲ သူတို႔ကို စစ္ေဆးအမိန္႔ခ်ခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ ေတာင္ဒဂုံၿမိဳ႕နယ္မွာ အခုႏွစ္ ဧၿပီလ ၁၈ ရက္ေန႔က ‌ ျဖစ္ပြားခဲ့တဲ့ ကမာၻ႔ရတနာဘဏ္ ဓါးျပတိုက္မႈျဖစ္စဥ္မွာ ပါဝင္ခဲ့သူေတြလို႔ဆိုၿပီး ေက်ာင္းသား ၇ ေယာက္စလုံး ဖမ္းဆီးတရားစြဲ အမိန္႔ခ်ခဲ့ပါတယ္။ သူတို႔ကို ဧၿပီလ ၂၂ ရက္ေန႔မွာ ဖမ္းဆီးခဲ့ၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (က) လူသတ္မႈနဲ႔ စစ္ခုံ႐ုံးတင္ စစ္ေဆးမႈခဲ့တာျဖစ္ပါတယ္။ သူတို႔ေတြကို မေန႔ ႏိုဝင္ဘာ ၃၀ ရက္ေန႔က အင္းစိန္အက်ဥ္းေထာင္၊ စစ္ခုံ႐ုံးကေန ေသဒဏ္ အမိန႔္ခ်မွတ္လိုက္တာျဖစ္တယ္လို႔ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကိုမင္းဟန္ထက္က ဗြီအိုေအ ကိုေျပာပါတယ္။

“သူတို႔ ၇ ေယာက္ကို ၂၀၂၂ ခုႏွစ္ ဧၿပီလကျဖစ္ခဲ့တဲ့ ကမာၻ႔ရတနာဘဏ္ ပစ္ခတ္မႈျဖစ္စဥ္ေပါ့၊ အဲဒီမွာ ဘဏ္မန္ေနဂ်ာ ေသဆုံးခဲ့တဲ့ပစ္ခတ္မႈျဖစ္စဥ္ေပါ့။ အဲဒါနဲ႔ပတ္သက္လို႔ ဖမ္းဆီးအေရးယူတယ္ လို႔ က်ေနာ္တို႔သိရပါတယ္။ က်ေနာ္တို႔ ဒဂုံတကၠသိုလ္မွာဆိုရင္ေတာ့ ေသဒဏ္ခ်မွတ္ခံရတာ ဒီ ၇ ေယာက္ရယ္၊ အေစာပိုင္းဘက္က ေသဒဏ္ခ်မွတ္ခံထားရတဲ့ တေယာက္ရယ္ဆို စုစုေပါင္း ၈ ေယာက္ရွိပါတယ္။ သူတို႔ကိုခ်မွတ္ထားတဲ့ ေသဒဏ္နဲ႔ပတ္သက္လို႔ကေတာ့ သူတို႔မိသားစုဝင္ေတြကေတာ့ ႏိုင္ငံတကာအစိုးရေတြ၊ ႏိုင္ငံတကာအဖြဲ႔အစည္းေတြအေနနဲ႔ ဒီလိုမ်ိဳး ဖမ္းဆီးသတ္ျဖတ္ တာေတြကို ပိုၿပီး အာ႐ုံစိုက္တားဆီးဖို႔၊ ဖိအားေပးတာေတြလုပ္ဖို႔ ဆႏၵရွိပါတယ္။”

စစ္ခုံ႐ုံးမွာ စစ္ေဆးတဲ့အမႈျဖစ္လို႔ ေရွ႕ေနေခၚခြင့္မရခဲ့သလို ဖမ္းဆီးခံရခ်ိန္ကေနစၿပီး လက္ရွိ ေသဒဏ္ေပးခံရခ်ိန္အထိ ဘယ္မိသားစုဝင္ေတြနဲ႔မွ ေတြ႔ခြင့္မရခဲ့ဘူးလို႔ မိသားစုနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကတဆင့္ သိရပါတယ္။ ေသဒဏ္ခ်မွတ္ခံရတဲ့ ေက်ာင္းသားေတြကေတာ့ ကိုခန႔္ဇင္ဝင္း၊ ကိုသူရေမာင္ေမာင္၊ ကိုေဇာ္လင္းႏိုင္၊ ကိုသီဟထက္ေဇာ္၊ ကိုဟိန္းထက္၊ ကိုသက္ပိုင္ဦး၊ ကိုခန႔္လင္းေမာင္ေမာင္တို႔ျဖစ္ပါတယ္။ သူတို႔အားလုံးဟာ စစ္တပ္ကအာဏာသိမ္းမႈကို ဆန႔္က်င္တဲ့လႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္ခဲ့သူေတြျဖစ္ပါတယ္။ ခုလို သူတို႔ကို ေသဒဏ္ခ်မွတ္လိုက္တဲ့အေပၚ သမဂၢအေနနဲ႔ ျပင္းျပင္းထန္ထန္ကန႔္ကြက္တယ္လို႔ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ ဥကၠ႒ ကေျပာပါတယ္။

“စစ္ေကာင္စီဘက္က တရားမဲ့သတ္ျဖတ္မႈေတြက စဥ္ဆက္မျပတ္လုပ္ေနခဲ့တာပါပဲ။ အရင္တုန္းကလည္း လမ္းမေတြေပၚမွာေရာ စစ္ေၾကာေရးစခန္းေတြ၊ အက်ဥ္းေထာင္ေတြထဲမွာေကာ အမ်ားအျပား သတ္ျဖတ္ခံခဲ့ရတာပါပဲ။ ခုခ်ိန္က်ေတာ့ သူတို႔ေတြက တရား႐ုံးေတြကိုအသုံးခ်ၿပီးေတာ့ ဥပေဒနဲ႔အညီေပါ့ဗ်ာ သူတို႔အေျပာေပါ့။ ေနာက္ၿပီးေတာ့ ဒါ လုပ္ထုံးလုပ္နည္းအရ ဒီလိုမ်ိဳး ေသဒဏ္ခ်ပါတယ္ဆိုၿပီး ပုပ္သိုးေဆြးေျမ့ေနတဲ့ တရားဥပေဒေတြ၊ တရား႐ုံးေတြဘက္ကေန ခုတုံးလုပ္ၿပီး လူသတ္ဖို႔ႀကိဳးစားတဲ့ကိစၥပါ။ ဒီကိစၥကို ဘယ္နည္းနဲ႔ပဲ သူတို႔သည္ လူသတ္သည္ျဖစ္ေစ၊ ဘယ္နည္းနဲ႔ မဆို လူထုကိုဖိႏွိပ္တာျဖစ္ေစ က်ေနာ္တို႔ျပင္းထန္စြာဆန႔္က်င္ပါတယ္။ ဒီလိုျဖစ္ရပ္ေတြထပ္မျဖစ္ဖို႔အတြက္ဆိုရင္ စစ္အာဏာရွင္စနစ္ကို အၿပီးတိုင္တိုက္ဖ်က္ဖို႔လိုပါတယ္။ အဲဒါအတြက္ကို ဆက္အရွိန္ျမင့္ဖို႔ရွိပါလိမ့္မယ္။ တဘက္မွာေတာ့ ႏိုင္ငံတကာဘက္က အခုလို တရားမဲ့လူသတ္မႈေတြကိုေတာ့ ပိုၿပီးအာ႐ုံစိုက္ဖို႔ လိုပါတယ္၊ ပိုၿပီးအာ႐ုံစိုက္သင့္တယ္လို႔‌ ေျပာခ်င္ပါတယ္။”

သူတို႔ကို စစ္ခုံ႐ုံးက ဒီလို အမိန႔္ခ်လိုက္တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသးပါဘူး။ သူတို႔ကို မၾကာခင္မွာပဲ ေသဒဏ္စီရင္မယ္ဆိုၿပီး လူမႈကြန္ယက္ေတြမွာ သတင္းျပန႔္ေနေပမယ့္လည္း ဒါကိုေတာ့ VOA က သီးျခားအတည္မျပဳႏိုင္ပါဘူး။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ ႏိုဝင္ဘာ ၃၀ ရက္ ထုတ္ျပန္ခ်က္အရ ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းခ်ိန္ကေန ၂၀၂၂ ႏိုဝင္ဘာ ၃၀ ရက္ေန႔ အထိ ႏိုင္ငံတဝန္း ဖမ္းဆီးခံရသူ စုစုေပါင္း ၁၇,၀၀၀ နီးပါးရွိခဲ့ၿပီး အဲဒီအထဲက ၁၄,၀၀၀ နီးပါး အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းခ်ခံထားရပါတယ္။ ေသဒဏ္က်ခံထားရတဲ့ အက်ဥ္းသား အေယာက္ ၉၀ ထက္မနည္းရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒဂုံတကၠသိုလ္ေက်ာင္းသား ၇ ေယာက္ ေသဒဏ္ခ်ခံရ.mp3
please wait

No media source currently available

0:00 0:04:07 0:00
တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက် သေဒဏ်ချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ နိုဝင်ဘာလ ၃၀ ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ ကမ္ဘာ့ရတနာဘဏ်ခွဲတခုမှာjဖစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ စစ်ခုံရုံးမှာစစ်ဆေးတာဖြစ်လို့ သူတို့အနေနဲ့ ရှေ့နေအမှုလိုက်ခွင့်မရဘဲ စစ်ခုံရုံးမှာပဲ သူတို့ကို စစ်ဆေးအမိန့်ချခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ တောင်ဒဂုံမြို့နယ်မှာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့က ‌ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေလို့ဆိုပြီး ကျောင်းသား ၇ ယောက်စလုံး ဖမ်းဆီးတရားစွဲ အမိန့်ချခဲ့ပါတယ်။ သူတို့ကို ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ (က) လူသတ်မှုနဲ့ စစ်ခုံရုံးတင် စစ်ဆေးမှုခဲ့တာဖြစ်ပါတယ်။ သူတို့တွေကို မနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးကနေ သေဒဏ် အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဗွီအိုအေ ကိုပြောပါတယ်။

“သူတို့ ၇ ယောက်ကို ၂၀၂၂ ခုနှစ် ဧပြီလကဖြစ်ခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ် ပစ်ခတ်မှုဖြစ်စဉ်ပေါ့၊ အဲဒီမှာ ဘဏ်မန်နေဂျာ သေဆုံးခဲ့တဲ့ပစ်ခတ်မှုဖြစ်စဉ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူတယ် လို့ ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒဂုံတက္ကသိုလ်မှာဆိုရင်တော့ သေဒဏ်ချမှတ်ခံရတာ ဒီ ၇ ယောက်ရယ်၊ အစောပိုင်းဘက်က သေဒဏ်ချမှတ်ခံထားရတဲ့ တယောက်ရယ်ဆို စုစုပေါင်း ၈ ယောက်ရှိပါတယ်။ သူတို့ကိုချမှတ်ထားတဲ့ သေဒဏ်နဲ့ပတ်သက်လို့ကတော့ သူတို့မိသားစုဝင်တွေကတော့ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီလိုမျိုး ဖမ်းဆီးသတ်ဖြတ် တာတွေကို ပိုပြီး အာရုံစိုက်တားဆီးဖို့၊ ဖိအားပေးတာတွေလုပ်ဖို့ ဆန္ဒရှိပါတယ်။”

စစ်ခုံရုံးမှာ စစ်ဆေးတဲ့အမှုဖြစ်လို့ ရှေ့နေခေါ်ခွင့်မရခဲ့သလို ဖမ်းဆီးခံရချိန်ကနေစပြီး လက်ရှိ သေဒဏ်ပေးခံရချိန်အထိ ဘယ်မိသားစုဝင်တွေနဲ့မှ တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားတွေကတော့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပါတယ်။ သူတို့အားလုံးဟာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ခုလို သူတို့ကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် သမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကပြောပါတယ်။

“စစ်ကောင်စီဘက်က တရားမဲ့သတ်ဖြတ်မှုတွေက စဉ်ဆက်မပြတ်လုပ်နေခဲ့တာပါပဲ။ အရင်တုန်းကလည်း လမ်းမတွေပေါ်မှာရော စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေထဲမှာကော အများအပြား သတ်ဖြတ်ခံခဲ့ရတာပါပဲ။ ခုချိန်ကျတော့ သူတို့တွေက တရားရုံးတွေကိုအသုံးချပြီးတော့ ဥပဒေနဲ့အညီပေါ့ဗျာ သူတို့အပြောပေါ့။ နောက်ပြီးတော့ ဒါ လုပ်ထုံးလုပ်နည်းအရ ဒီလိုမျိုး သေဒဏ်ချပါတယ်ဆိုပြီး ပုပ်သိုးဆွေးမြေ့နေတဲ့ တရားဥပဒေတွေ၊ တရားရုံးတွေဘက်ကနေ ခုတုံးလုပ်ပြီး လူသတ်ဖို့ကြိုးစားတဲ့ကိစ္စပါ။ ဒီကိစ္စကို ဘယ်နည်းနဲ့ပဲ သူတို့သည် လူသတ်သည်ဖြစ်စေ၊ ဘယ်နည်းနဲ့ မဆို လူထုကိုဖိနှိပ်တာဖြစ်စေ ကျနော်တို့ပြင်းထန်စွာဆန့်ကျင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်ဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်ဖို့လိုပါတယ်။ အဲဒါအတွက်ကို ဆက်အရှိန်မြင့်ဖို့ရှိပါလိမ့်မယ်။ တဘက်မှာတော့ နိုင်ငံတကာဘက်က အခုလို တရားမဲ့လူသတ်မှုတွေကိုတော့ ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်၊ ပိုပြီးအာရုံစိုက်သင့်တယ်လို့‌ ပြောချင်ပါတယ်။”

သူတို့ကို စစ်ခုံရုံးက ဒီလို အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။ သူတို့ကို မကြာခင်မှာပဲ သေဒဏ်စီရင်မယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ သတင်းပြန့်နေပေမယ့်လည်း ဒါကိုတော့ VOA က သီးခြားအတည်မပြုနိုင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၃၀ ရက်နေ့ အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇,၀၀၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲက ၁၄,၀၀၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရပါတယ်။ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသား အယောက် ၉၀ ထက်မနည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG