သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ငလျင် ၅၆ ယောက်ထက်မနည်း သေဆုံး


အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက်ပိုင်းက ငလျင်ဒဏ်သင့်သူတွေကို ဆေးရုံအပြင်ဘက်မှာကုသပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက်ပိုင်းက ငလျင်ဒဏ်သင့်သူတွေကို ဆေးရုံအပြင်ဘက်မှာကုသပေးနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီနေ့ တနင်္လာနေ့က မြေငလျင်လှုပ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၅၆ ယောက် သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ အနောက် ဂျာဗား အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အဦး ဒါဇင်ချီ ပျက်စီးခဲ့ရတယ်လို့ တမျိုးသားလုံးဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဌာနရဲ့အကြီးအကဲကလည်းဆိုပါတယ်။ လူတော်တော်များများ အပျက်အစီးတွေကြားမှာ ပိတ်မိနေကြတာကြောင့် သေဆုံးထိခိုက်စာရင်းက ကြာလာတာနဲ့အမျှ များလာနိုင်ခြေရှိတယ်လို့ Ridwan Kamil က ပြောပါတယ်။

အမေရိကန် ဘူမိလေ့လာရေးဌာနရဲ့တိုင်းတာချက်အရ ငလျင်က အနောက်ဂျာဗားကျွန်း Cianjur ကို ဗဟိုပြုလှုပ်ခဲ့ပြီး ပြင်းအား ၅.၆ ရှိတယ်လို့ ဆိုပါတယ်။ ငလျင်လှိုင်းဟာ ကီလိုမီတာ ၇၀ အကွာ ဂျာကာတာမြို့တော်ကိုလည်း ရိုက်ခတ်ခဲ့ပြီး အထပ်မြင့် အဆောက်အဦးတွေကနေ လူတွေကို ရွှေ့ခိုင်းခဲ့ရပါတယ်။

နေရာများစွာက ငလျင်ဒဏ်ခံရပြီး လူ ၇၀၀ ဝန်းကျင်လောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ Cianjur မြို့ရဲ့ အုပ်ချုပ်ရေးမှူး Herman Suherman က ဒေသခံမီဒီယာ Kompas TV ကို ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကဆိုပါတယ်။

ဇန်နဝါရီလတုန်းကလည်း Sulawesi ကျွန်းမှာ ပြင်းအား ၆.၂ ငလျင်လှုပ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အင်ဒိုနီးရှား ငလျင် ၅၆ ယောက်ထက်မနည်း သေဆုံး.mp3
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

===================

[[Unicode]]







XS
SM
MD
LG