သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား လောင်စာသိုလှောင်ကန်မီး  ပျောက်ဆုံးသူတွေ ရှာဖွေဆဲ 


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မီးလောင်ပေါက်ကွဲရာဝန်းကျင်ကို ကြည့်ရှုစစ်ဆေးနေတဲ့ ရဲအရာရှိများ။ (မတ်လ ၃၊ ၂၀၂၃) 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မီးလောင်ပေါက်ကွဲရာဝန်းကျင်ကို ကြည့်ရှုစစ်ဆေးနေတဲ့ ရဲအရာရှိများ။ (မတ်လ ၃၊ ၂၀၂၃) 

{{Zawgyi/Unicode}}

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့လောင်စာဆီသိုလှောင်ကန်ပေါက်ကွဲမီးလောင်ခဲ့တဲ့အတွက် ၁၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက စနေနေ့မှာ ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

သောကြာနေ့ညကပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ မိုးသည်းထန်စွာရွာသွန်းနေစဉ် ပိုက်လိုင်းပေါက်ပြီး လောင်စာဆီတွေယိုဖိတ်ခဲ့ပြီးနောက် လျှပ်စီးလက် မိုးကြိုးပစ်ရာကနေ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ဂျာဗားအနောက်ဘက် ဒေသမန်နေဂျာ Eko Kristiawan ကပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသူ ၁၆ ယောက်ကို ဆက်လက်ရှာဖွေနေပြီး ဒါဏ်ရာရသူ ၄၂ ဦးကို ဆေးရုံတင်ကုသပေးနေပါတယ်။

မြို့တော်ဂျကာတာရဲ့မြောက်ပိုင်း Tanah Merah အရပ်မှာရှိတဲ့ အင်ဒိုနီးရှားအစိုးရပိုင် Pertamia ရေနံကုမ္ပဏီရဲ့ဆီလှောင်ကန် မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီနေရာကနေ အင်ဒိုနီးရှားရဲ့လောင်စာ ၂၅ ရာခိုင်နှုန်းကို ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။

အနီးအနားမှာရှိတဲ့သူတွေရဲ့ပြောဆိုချက်အရ ညဘက်ဓာတ်ဆီနံ့တွေ အပြင်းအထန်ရခဲ့ပြီး လူတချို့အော့အန်ခဲ့ပါတယ်။ အဲဒီနောက်လျှပ်စီးလက် မိုးကြိုး ၂ ကြိမ်လောက်ပစ်ပြီးတဲ့နောက် ပေါက်ကွဲမှုကြီးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပေါက်ကွဲပြီးနောက် မီးတောက်မီးလျှံတွေထွက်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ ကြောက်လန့်တကြားထွက်ပြေးနေတဲ့ ဗွီဒီယိုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}






XS
SM
MD
LG