သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲရလဒ်တွေအရ အောက်လွှတ်တော်မှာ Republican တွေအသာရနေ 


  ဘရုတ်ကလင်း ပြတိုက်မှာ မဲဆန္ဒပေးနေတဲ့ ပြည်သူများ။  
  ဘရုတ်ကလင်း ပြတိုက်မှာ မဲဆန္ဒပေးနေတဲ့ ပြည်သူများ။  

[[Zawgyi/Unicode]]

အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန် သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ ကနဦးရလဒ်တွေမှာ ရီပတ်ပလီကန်ပါတီက အောက်လွှတ်တော်မှာ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ရပြီး အထက်လွှတ်တော် ရလဒ်မှာတော့ သဲသဲကွဲကွဲမရှိသေးပါဘူး။

သမ္မတ Joe Biden ရဲ့ သူ့ ပထမသမ္မတသက်တမ်း မူဝါဒချမှတ်မှုတွေမှာ အရေးပါလာမယ့် ဒီ ရွေးကောက်ပွဲအဖြေရလဒ်အာလုံးကိုတော့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

အထက်လွှတ်တော်နေရာအတွက် အဓိကအပြိုင်အဆိုင်ဖြစ်နေတဲ့ မဲဆန္ဒနယ်တွေမှာတော့ အခု ဗုဒ္ဓဟူးနေ့ ကနဦးရလဒ်တွေမှာ မဲမပြတ်ဖြစ်နေတုန်းပါ။ ခြုံပြီးပြောရရင်တော့ ရီပတ်ကလီကန်ပါတီက ဒီရွေးကောက်ပွဲမှာ အတော်အနိုင်ရလိမ့်မယ်လို့ မျှော်လင့် ထားပေမယ့် ထင်သလောက်တော့ ဖြစ်မလာခဲ့ပါဘူး။

အောက်လွှတ်တော်ကို ရီပတ်ပလီကန်ပါတီကထိန်းချုပ်နိုင်ဖို့ ကိုယ်စားလှယ်အရေအတွက်ရရှိနိုင်ပေမယ့် အမတ်နေရာ ထင်သလောက်အများကြီး မရခဲ့ပါဘူး။ အထက်လွှတ်တော်မှာတော့ နဂိုကတည်းက နှစ်ဘက်ပါတီက တဝက်စီရှိနေပြီး ဒုသမ္မတမဲနဲ့ အထက်လွှတ်တော်မှာ ဒီမိုကရက်က ထိန်းချုပ်ထားတာပါ။ အထက်လွှတ်တော်မှာ ရီပတ်ပလီကန်ကထိန်းချုပ်နိုင်ဖို့ ဆိုရင် နေရာတနေရာ အသာရဖို့လိုပါတယ်။

ဒီ ရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်နေရာ ၄၃၅ နေရာစလုံးနဲ့ အထက်လွှတ်တော်နေရာ ၁၀၀ မှာ ၃၅ နေရာတို့ကို ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]

မဲရလဒျတှအေရ အောကျလှှတျတောျမှာ Republican တှအေသာရနေ


သမ်မတ Joe Biden ရဲ့ သူ့ ပထမသမ်မတသကျတမျး မူဝါဒခမြှတျမှုတှမှော အရေးပါလာမယ့ျ ဒီ ရှေးကောကျပှဲအဖွရေလဒျအာလုံးကိုတော့ စောင့ျဆိုငျးနရေဆဲဖွဈပါတယျ။




XS
SM
MD
LG