သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝန်း သမိုင်းတင်လောက်အောင်အေးတဲ့ အအေးလှိုင်းကြီးဖြတ်နေ 


Winter Storm Pacific Northwest
Winter Storm Pacific Northwest

[[Zawgyi/Unicode]]

အမေရိကန်နိုင်ငံတဝန်း နှစ်ပေါင်း ၃၀ ကျော်အတွင်း တကြိမ်သာဖြစ်လေ့ရှိပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆောင်းရာသီ နှင်းမုန်တိုင်းကြီးတခု နိုင်ငံတဝန်း ဖြတ်သန်း ဝင်ရောက်နေတာမို့ ခရစ္စမတ်ရာသီ ခရီးသွားကြမယ့် အမေရိကန်မိသားစုသန်းပေါင်းများစွာအတွက် အခက်အခဲတွေဖြစ်လိမ့်မယ်လို့ မိုးဇလပညာရှင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြောက်ဝင်ရိုးစွန်းကတိုက်ခတ်လာတဲ့အအေးလှိုင်းကြီးဟာ အမေရိကန်အနောက်မြောက်ပိုင်းကနေ အလယ်ပိုင်းပြည်နယ်တွေကို ဖြတ်ပြီး အရှေ့ပိုင်းအထိကို ဖြတ်သန်းတိုက်ခတ်နေတာမို့ တချို့ပြည်နယ်တွေမှာ နှင်းတွေအထူအထပ်ကျပြီး ရေတွေပါ ခဲတဲ့အထိ အေးနေမယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားပါတယ်။

အအေးလိုင်းနဲ့အတူ တိုက်ခတ်လာမယ့် နှင်းမုန်တိုင်းဟာ အမေရိကန်အနောက်အလယ်ပိုင်းဒေသကနေ အရှေ့ဘက်ခြမ်း ဝါရှင်တန် ဒီစီနဲ့ နယူးယောက်ပြည်နယ်တွေအထိ ဝင်ရောက် တိုက်ခတ်မှာဖြစ်ပါတယ်။ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ဒီကနေ့ အစောပိုင်းမှာ ထုတ်ပြန်တဲ့သတိပေးချက်အရ မုန်တိုင်းဟာ နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

မနက်ဖြန် သောကြာနေ့ရောက်ရင်တော့ တိုက်ခတ်လာတဲ့ အအေးလှိုင်းကြီးဟာ အသက်အန္တရာယ် ဖြစ်စေလောက်တဲ့အထိ အေးလွန်းပြီး တချို့နေရာတွေမှာ အနုတ်လက္ခဏာ ၄၀၊ အနုတ်လက္ခဏာ ၇၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရောက်သွားနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါဟာ ရေခဲစေတဲ့အအေးမှတ်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီ ခရီးသွားလာမှု များချိန်မှာ ခုလို အအေးလှိုင်းကြီးနဲ့ နှင်းမုန်တိုင်းဝင်နေတာကြောင့် ကြာသပတေးနေ့ မနက်အစောပိုင်းအထိ လေယာဉ်ခရီးစဉ် ထောင်နဲ့ချီကိုလည်း ဖျက်သိမ်းထားရပါတယ်။

အမေရိကန်တဝန်း သမိုင်းတင်လောက်အောင်အေးတဲ့ အအေးလှိုင်းကြီးဖြတ်နေ.mp3
please wait

No media source currently available

0:00 0:00:25 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG