သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေရွ႕တီေမာကို အာဆီယံအဖြဲ႔ဝင္အျဖစ္ မူအားျဖင့္လက္ခံ  


[[Zawgyi/Unicode]]

အာဆီယံအသင္းႀကီးရဲ႕အဖြဲ႕ဝင္ ၁၁ ႏိုင္ငံေျမာက္အျဖစ္ အေရွ႕တီေမာကို မူအားျဖင့္ လက္ခံဖို႔ အာဆီယံေခါင္းေဆာင္ေတြ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ယာယီအားျဖင့္ အာဆီယံအဆင့္ျမင့္အစည္းအေဝးတိုင္းမွာ အေရွ႕တီေမာဟာ ေလ့လာသူအျဖစ္ တက္ေရာက္ခြင့္ရပါမယ္။ အဖြဲ႕ဝင္အျပည့္အဝ ျဖစ္ဖို႔ကေတာ့ လုပ္ငန္းစဥ္ေတြေဆာင္႐ြက္ဖို႔ရွိၿပီး ဒီလုပ္ငန္းစဥ္ကို လာမယ့္ႏွစ္ ထိပ္သီးညီလာခံကို တင္ျပရမယ္လို႔ အာဆီယံက ထုတ္ျပန္ပါတယ္။

ဒီဆုံးျဖတ္ခ်က္ကို အေရွ႕တီေမာ သမၼတ Jose Ramos-Horta က ႀကိဳဆိုၿပီး ဒီအတြက္ အာဆီယံႏိုင္ငံေတြနဲ႔ သံတမန္ေရးဆက္ဆံမႈ ပိုက်ယ္ျပန္႔လာမွာျဖစ္သလို ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ အခြင့္ေကာင္း ပိုရလာမယ္လို႔ ေျပာပါတယ္။

အေရွ႕တီေမာဟာ အႏွစ္၂၀ ေက်ာ္ၾကာ အင္ဒိုနီရွားႏိုင္ငံေအာက္မွာေနခဲ့ရၿပီး ကုလသမဂၢႀကီးၾကပ္မႈအရ လူထုဆႏၵခံယူၿပီး ၂၀၀၂ ခုႏွစ္မွာ သီးျခား လြတ္လပ္ေရး ရခဲ့တာပါ။

ဒီကေန႔ အာဆီယံထိပ္သီး ညီလာခံအၿပီးမွာေတာ့ အာဆီယံနဲ႔ ဆက္စပ္အစည္အေဝးေတြ ဆက္လက္က်င္းပပါတယ္။ တ႐ုတ္-အာဆီယံထိပ္သီး ေဆြးေႏြးပြဲ က်င္းပၿပီး တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Kequiang က ေတာင္တ႐ုတ္ပင္လယ္ကိစၥမွာ အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး ႏိုင္ငံတကာဥပေဒေတြကို ကာကြယ္ျမႇင့္တင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ Li က တ႐ုတ္အေနနဲ႔ အာဆီယံနဲ႔ ေတာင္တ႐ုတ္ပင္လယ္ဆိုင္ရာ Code of Conduct (ေခၚ) လိုက္နာရမယ့္ လုပ္ထုံးလုပ္နည္းေတြကို ပူးေပါင္း ေရးဆြဲေနတယ္။ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ စိုးရိမ္ခ်က္ေတြကို ထည့္စဥ္းစားလုပ္ေဆာင္သြားမွာပါလို႔ ကတိေပးေျပာခဲ့ပါတယ္။

အာဆီယံ-ေတာင္ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲကိုလည္း ဒီေန႔ဆက္က်င္းပခဲ့ၿပီး သမၼတ Joe Biden တက္မဲ့ အေမရိကန္နဲ႔ အာဆီယံထိပ္သီးပြဲနဲ႔ ဂ်ပန္-အာဆီယံထိပ္သီးပြဲ ေတြကိုေတာ့ မနက္ျဖန္ ဆက္က်င္းပဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့်လက်ခံ

အာဆီယံအသင်းကြီးရဲ့အဖွဲ့ဝင် ၁၁ နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို မူအားဖြင့် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယာယီအားဖြင့် အာဆီယံအဆင့်မြင့်အစည်းအဝေးတိုင်းမှာ အရှေ့တီမောဟာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရပါမယ်။ အဖွဲ့ဝင်အပြည့်အဝ ဖြစ်ဖို့ကတော့ လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ရှိပြီး ဒီလုပ်ငန်းစဉ်ကို လာမယ့်နှစ် ထိပ်သီးညီလာခံကို တင်ပြရမယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အရှေ့တီမော သမ္မတ Jose Ramos-Horta က ကြိုဆိုပြီး ဒီအတွက် အာဆီယံနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံမှု ပိုကျယ်ပြန့်လာမှာဖြစ်သလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်ကောင်း ပိုရလာမယ်လို့ ပြောပါတယ်။

အရှေ့တီမောဟာ အနှစ်၂၀ ကျော်ကြာ အင်ဒိုနီရှားနိုင်ငံအောက်မှာနေခဲ့ရပြီး ကုလသမဂ္ဂကြီးကြပ်မှုအရ လူထုဆန္ဒခံယူပြီး ၂၀၀၂ ခုနှစ်မှာ သီးခြား လွတ်လပ်ရေး ရခဲ့တာပါ။

ဒီကနေ့ အာဆီယံထိပ်သီး ညီလာခံအပြီးမှာတော့ အာဆီယံနဲ့ ဆက်စပ်အစည်အဝေးတွေ ဆက်လက်ကျင်းပပါတယ်။ တရုတ်-အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြီး တရုတ်ဝန်ကြီးချုပ် Li Kequiang က တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာဥပဒေတွေကို ကာကွယ်မြှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် Li က တရုတ်အနေနဲ့ အာဆီယံနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct (ခေါ်) လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ပူးပေါင်း ရေးဆွဲနေတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေကို ထည့်စဉ်းစားလုပ်ဆောင်သွားမှာပါလို့ ကတိပေးပြောခဲ့ပါတယ်။

အာဆီယံ-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကိုလည်း ဒီနေ့ဆက်ကျင်းပခဲ့ပြီး သမ္မတ Joe Biden တက်မဲ့ အမေရိကန်နဲ့ အာဆီယံထိပ်သီးပွဲနဲ့ ဂျပန်-အာဆီယံထိပ်သီးပွဲ တွေကိုတော့ မနက်ဖြန် ဆက်ကျင်းပဖို့ရှိနေပါတယ်။

XS
SM
MD
LG