သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံစည်းဝေးပွဲမှာ မြန်မာပြည်ကထွက်ပြေးလာသူတွေ ကာကွယ်ပေးရေး ဆွေးနွေးဖို့ HRW တိုက်တွန်း


အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)
အောက်တိုဘာ ၆၊ ၂၀၂၂ က မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ-မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး)

[[Zawgyi/Unicode]]

လာမယ့် နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအ‌ဝေးကျင်းပတဲ့အခါ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာတဲ့သူတွေကို အကာအကွယ်ပေးနိုင်ရေး ကတိကဝတ်ထားလုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch အဖွဲ့ကြီးက အာဆီယံခေါင်းဆောင်တွေနဲ့ ဒေသအတွင်း အစိုးရအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံတဲ့ မြန်မာနိင်ငံသားတွေကို သူတို့လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ကြားကပဲ ဩဂုတ်လနောက်ပိုင်း ပိုတိုးပြီး နေရပ်ပြန်ပို့နေတာကို ထောက်ပြရင်း အာဆီယံခေါင်းဆောင်တွေကို လူ့အခွင့်အရေး အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်တာပါ။

ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရသူ ၂,၀၀၀ ကျော်ရှိပြီး ပြန်ပို့ခံရသူတွေထဲမှာ ခိုလှုံခွင့် တောင်းခံထားသူတွေအပြင် စစ်တပ်က ထွက်ပြေးလာတဲ့ အရာရှိ ၆ ဦးပါဝင်တာကို HRW အဖွဲ့က ထောက်ပြပါတယ်။

နေရပ်ပြန်ရင် နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့တောင်းဆိုတဲ့တချိန်တည်းမှာ ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ဒုက္ခသည်စီစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ပေးဖို့လည်း မလေးရှားအစိုးရကို လူ့အခွင့်အရေးအဖွဲ့ကြီးကတောင်းဆိုပါတယ်။

မြန်မာနိုင်ငံကနေ မလေရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူနဲ့ ဒုက္ခသည် ၁၈၅,၀၀၀ လောက်ရှိပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံဘက်က အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသိန်းလောက်ရှိတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မလေးရှားနိုင်ငံတဝှန်း ထိန်းသိမ်းရေးစခန်း ၂၁ ခုမှာ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၇,၅၀၀ လောက်ရှိပြီး အဖမ်းခံထားရတဲ့ အထဲမှာ ကလေးငယ် ၁,၅၀၀ လောက် ပါဝင်ကြောင်းနဲ့ ထိန်းသိမ်းရေးစခန်းတွေအတွင်း ဆိုးဆိုးဝါးဝါး နေထိုင်ရတဲ့အကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








XS
SM
MD
LG