သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ခ်ဥ္းကပ္မႈပံုစံသစ္ အာဆီယံဝန္ႀကီးေတြ ေဆြးေႏြးႏိုင္ဖြယ္ရွိ 


ASEAN 

[[Zawgyi/Unicode]]

ျမန္မာအတိုက္အခံေတြကို အာဆီယံဘက္က တရားဝင္ အသိအမွတ္ျပဳဆက္ဆံဖို႔နဲ႔ ျမန္မာႏိုင္ငံကို အာဆီယံအဖြဲ႔ဝင္အျဖစ္က ရပ္ဆိုင္းေရးကိစၥေတြကို အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ၾကာသပေတးေန႔ က်င္းပမယ့္ အထူးအစည္းအေဝး အတြင္း ေဆြးေႏြးႏိုင္တဲ့အေၾကာင္း ျမန္မာ့အေရးကြၽမ္းက်င္သူ ထိုင္းသံအရာရွိေဟာင္း Kobsak Chutikul က ထိုင္းႏိုင္ငံ PBS သတင္းဌာနကို ေျပာပါတယ္။

အစည္းအေဝးမွာ ျမန္မာနဲ႔ပတ္သက္တဲ့ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ျပန္လည္သံုးသပ္ဖို႔အျပင္ တျခား ေ႐ြးခ်ယ္စရာ နည္လမ္းေတြကို အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြးဖို႔ရွိပါတယ္။ ဒါ့ေၾကာင့္လည္း ျမန္မာႏိုင္ငံ့အေရး ပိုၿပီး ထိေရာက္တဲ့ခ်ဥ္းကပ္မႈပုံစံ၊ ထိုင္းပညာရွင္ေတြရဲ႕သေဘာထားနဲ႔ သုံးသပ္ခ်က္ေတြကို PBS သတင္းက ေရးသားထားတာပါ။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ တိုင္းရင္းသား လက္လက္နက္ကိုင္ အဖြဲ႔ ေတြကို တိုက္႐ိုက္ ထိေတြ႕ဆက္ဆံဖို႔လိုၿပီး ေတြ႔ဆုံေဆြးေႏြးႏိုင္ေအာင္ တာဝန္အပ္ႏွင္းဖို႔၊ ျဖည့္ဆည္းေပးဖို႔ လိုမယ့္အေၾကာင္း ထိုင္းႏိုင္ငံ Thammasat တကၠသိုလ္၊ အာရွေရးရာ ေလ့လာေရးဌာနက ပါေမာကၡ Dulyapak Preecharush က ေျပာပါတယ္။

ႏိုဝင္ဘာလထဲက်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးဟာ ပဋိပကၡေၾကာင့္ ဒုကၡေရာက္ေနသူေတြကို လူသားခ်င္းစာနာမႈအကူအညီ ေပးႏိုင္ေရး၊ ျမန္မာဒုကၡသည္အေရးကို အဓိကထားဖို႔ လိုမယ္လို႔လည္း သူက ေျပာဆိုပါတယ္။

ႏိုဝင္ဘာ ထိပ္သီးအစည္းအေဝးမတိုင္ခင္ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ျပန္လည္သုံးသပ္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ႀကီးမွဴးၿပီး ၾကာသပေတးေန႔ အစည္းအ‌ေဝး က်င္းပမွာပါ။

ထိုင္းသံအရာရွိေဟာင္း Kobsak Chutikul ကေတာ့ အာဆီယံအေနနဲ႔ ျမန႔္မာ့အေရးမွာ အလွည့္က်ဥကၠ႒ရဲ႕ အထူး ကိုယ္စားလွယ္ခန႔္ထားတာမ်ိဳးထက္ အာဆီယံႏိုင္ငံေတြက မဟုတ္တဲ့သူတေယာက္ကို အၿမဲတမ္းကိုယ္စားလွယ္ခန႔္ထားၿပီး ထိေရာက္ေအာင္ ေဆာင္႐ြက္ဖို႔လိုမယ္လို႔လည္း PBS ႐ုပ္သံမွာ အႀကံျပဳ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာ့အရေး ချဉ်းကပ်မှုပုံစံသစ် အာဆီယံဝန်ကြီးတွေ ဆွေးနွေးနိုင်ဖွယ်ရှိ

မြန်မာအတိုက်အခံတွေကို အာဆီယံဘက်က တရားဝင် အသိအမှတ်ပြုဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းရေးကိစ္စတွေကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကြာသပတေးနေ့ ကျင်းပမယ့် အထူးအစည်းအဝေး အတွင်း ဆွေးနွေးနိုင်တဲ့အကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ထိုင်းသံအရာရှိဟောင်း Kobsak Chutikul က ထိုင်းနိုင်ငံ PBS သတင်းဌာနကို ပြောပါတယ်။

အစည်းအဝေးမှာ မြန်မာနဲ့ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဖို့အပြင် တခြား ရွေးချယ်စရာ နည်လမ်းတွေကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံ့အရေး ပိုပြီး ထိရောက်တဲ့ချဉ်းကပ်မှုပုံစံ၊ ထိုင်းပညာရှင်တွေရဲ့သဘောထားနဲ့ သုံးသပ်ချက်တွေကို PBS သတင်းက ရေးသားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား လက်လက်နက်ကိုင် အဖွဲ့ တွေကို တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့လိုပြီး တွေ့ဆုံဆွေးနွေးနိုင်အောင် တာဝန်အပ်နှင်းဖို့၊ ဖြည့်ဆည်းပေးဖို့ လိုမယ့်အကြောင်း ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်၊ အာရှရေးရာ လေ့လာရေးဌာနက ပါမောက္ခ Dulyapak Preecharush က ပြောပါတယ်။

နိုဝင်ဘာလထဲကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရေး၊ မြန်မာဒုက္ခသည်အရေးကို အဓိကထားဖို့ လိုမယ်လို့လည်း သူက ပြောဆိုပါတယ်။

နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြီးမှူးပြီး ကြာသပတေးနေ့ အစည်းအ‌ဝေး ကျင်းပမှာပါ။

ထိုင်းသံအရာရှိဟောင်း Kobsak Chutikul ကတော့ အာဆီယံအနေနဲ့ မြန့်မာ့အရေးမှာ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်ခန့်ထားတာမျိုးထက် အာဆီယံနိုင်ငံတွေက မဟုတ်တဲ့သူတယောက်ကို အမြဲတမ်းကိုယ်စားလှယ်ခန့်ထားပြီး ထိရောက်အောင် ဆောင်ရွက်ဖို့လိုမယ်လို့လည်း PBS ရုပ်သံမှာ အကြံပြု ပြောဆိုထားပါတယ်။

XS
SM
MD
LG