သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ငလ်င္ ေသဆုံးသူ ၁,၀၀၀ ေက်ာ္ရွိ


Earthquake in Afghanistan

[[Zawgyi/Unicode]]

အာဖဂန္ငလ်င္ ေသဆုံးသူ ၁,၀၀၀ ေက်ာ္ရွိ

အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ဗုဒၶဟူးေန႔ အေစာပိုင္း လႈပ္ခတ္ခဲ့တဲ့ အင္အားျပင္းငလ်င္ေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၁,၀၀၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၆၀၀ ေက်ာ္ရွိတယ္လို႔ တာလီဘန္ အာဏာပိုင္ေတြက ေျပာပါတယ္။ ၿမိဳ႕ေတာ္ ကဘူးလ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကနဦးသတင္းေတြကို ကိုးကားၿပီး တာလီဘန္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဆိုင္ရာ လက္ေထာက္ဝန္ႀကီး Mawlawi Sharafuddin Muslim က ေသဆုံးသူ အေရအတြက္ကို ထုတ္ျပန္လိုက္တာပါ။ အပ်က္အစီးအမ်ားစုက ပါကစၥတန္နယ္စပ္ Paktika အေရွ႕ေတာင္ပိုင္းနဲ႔ Khost ျပည္နယ္ေတြမွာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ျပည္နယ္ၿမိဳ႕ေတာ္ Khost ကေန ၂၇ မိုင္ေလာက္အကြာကို ဗဟိုျပဳၿပီး ဗုဒၶဟူးေန႔အေစာပိုင္းက ျပင္းအား ၆.၁ အဆင့္ရွိတဲ့ ငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း အေမရိကန္ ဘူမိေဗဒ တိုင္းတာေရးဌာန (USGS) ကေျပာပါတယ္။ ဆိုရွယ္မီဒီယာမွာ မွ်ေဝထားတဲ့ ဗြီဒီယိုေတြမွာေတာ့ ၿပိဳက်ေနတဲ့ ေနအိမ္ေတြနဲ႔ အပ်က္အစီးေတြကို ေတြ႕ရပါတယ္။ အပ်က္အစီးေတြေအာက္မွာ ပိတ္မိေနတဲ့သူေတြရွိေနေသးတဲ့ အေၾကာင္းနဲ႔ ကယ္ဆယ္ေရးဆက္လုပ္ေနတယ္လို႔လည္း တာဝန္ရွိသူေတြကေျပာပါတယ္။ အာဖဂန္နစၥတန္မွာ ရွိေနတဲ့ အကူအညီေပးေရးအဖြဲ႕အစည္းအားလုံး ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီၾကဖို႔ အာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။

အာဖဂန္ငလ်င္ ေသဆုံးသူ ၁,၀၀၀ ေက်ာ္ရွိ
please wait

No media source currently available

0:00 0:01:06 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အာဖဂန်ငလျင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ အစောပိုင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁,၀၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၆၀၀ ကျော်ရှိတယ်လို့ တာလီဘန် အာဏာပိုင်တွေက ပြောပါတယ်။ မြို့တော် ကဘူးလ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနဦးသတင်းတွေကို ကိုးကားပြီး တာလီဘန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ လက်ထောက်ဝန်ကြီး Mawlawi Sharafuddin Muslim က သေဆုံးသူ အရေအတွက်ကို ထုတ်ပြန်လိုက်တာပါ။ အပျက်အစီးအများစုက ပါကစ္စတန်နယ်စပ် Paktika အရှေ့တောင်ပိုင်းနဲ့ Khost ပြည်နယ်တွေမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ပြည်နယ်မြို့တော် Khost ကနေ ၂၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) ကပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗွီဒီယိုတွေမှာတော့ ပြိုကျနေတဲ့ နေအိမ်တွေနဲ့ အပျက်အစီးတွေကို တွေ့ရပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့သူတွေရှိနေသေးတဲ့ အကြောင်းနဲ့ ကယ်ဆယ်ရေးဆက်လုပ်နေတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အကူအညီပေးရေးအဖွဲ့အစည်းအားလုံး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

================

XS
SM
MD
LG