သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရမှုအတွက် ဂျပန်ရဲချုပ် နုတ်ထွက် 


ဝန်ကြီးချုပ်ဟောင်း အာဘေးလုပ်ကြံခံရမှု တာဝန်ရှိကြောင်းဝန်ခံပြီး ရာထူးကနုတ်ထွက်ပေးမယ့် အမျိုးသားရဲအေဂျင်စီ အရာရှိချုပ် Itaru Nakamura (Photo by JIJI Press / AFP) / Japan OUT
ဝန်ကြီးချုပ်ဟောင်း အာဘေးလုပ်ကြံခံရမှု တာဝန်ရှိကြောင်းဝန်ခံပြီး ရာထူးကနုတ်ထွက်ပေးမယ့် အမျိုးသားရဲအေဂျင်စီ အရာရှိချုပ် Itaru Nakamura (Photo by JIJI Press / AFP) / Japan OUT

[[Zawgyi/Unicode]]


ပြီးခဲ့တဲ့ဇူလိုင်လက ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ဆက်စပ်ပြီး ဂျပန်ရဲချုပ် ရာထူးက နုတ်ထွက်မယ့်အကြောင်း ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်ရပ်မှာ ဂျပန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲအနေနဲ့ တာဝန်မကျေခဲ့တဲ့အတွက် သူ နုတ်ထွက်ပေးမှာပါလို့ ရဲချုပ်က ဒီနေ့ပြောလိုက်ပါတယ်။ ဒါပေမယ့် ဘယ်နေ့ဆိုတာတော့ ထည့်မပြောခဲ့ပါဘူး။

ဇူလိုင်လ ၈ ရက်နေ့တုန်းက ဝန်ကြီးချုပ်ဟောင်း Abe နိုင်ငံအနောက်ပိုင်း Nara မြို.မှာလုပ်ကြံခံရတာကို မကယ်တင်ခဲ့နိုင်တာအပေါ် ရဲတပ်ဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့အပြီး အမျိုးသားရဲအေဂျင်စီ အရာရှိချုပ် Itaru Nakamura က အခုလို နုတ်ထွက်ဖို့ ကြေညာချက်ထုတ်လိုက်တာပါ။

လုပ်ကြံပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ သေနတ်သမားအနေနဲ့ အနောက်ကနေ အနီးကပ်ပစ်ခွင့်ရသွားအောင် ဝန်ကြီးချုပ် Abe ကို ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ပေးမှု အားနည်းခဲ့တာကို ရဲတပ်ဖွဲ့ အစီရင်ခံစာထဲမှာ ဝန်ခံထားပါတယ်။

ဒီ သေနတ်သမား Tetsuya Yamagami ကိုတော့ ပစ်ခတ်ခဲ့တဲ့ နေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး အခု သူ့ရဲ့ စိတ်ပိုင်းအခြေအနေကို စစ်ဆေးသုံးသပ်နေတာကို နိုဝင်ဘာလအထိ လုပ်သွားဖို့ရှိတယ်လို့လည်း ဒီ အစရင်ခံစာမှာပဲ ဖော်ပြထားပါတယ်။

ဒီသေနတ်သမား Yamagami ကတော့ အခုလို ဝန်ကြီးချုပ်ဟောင်းကို ပစ်မှတ်ထားခဲ့ရတာက သူမုန်းတဲ့ Unification Church ဘုရားကျောင်းကို ဝန်ကြီးချုပ်ဟောင်း Abe သွားတက်ခဲ့တာကြောင့်လို့ ရဲကို ဖြောင့်ချက်ပေးထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abe ရဲ့ မိသားစုကတော့ သူ လုပ်ကြံခံရမူ ၄၉ ရက်မြောက်နေ့အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဘာသာဘုရားကျောင်းမှာ မိသားစု တ်ပြုဆုတောင်းပွဲတခု ဒီနေ့လုပ်ခဲ့ပါသေးတယ်။

ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရမှုအတွက် ဂျပန်ရဲချုပ် နုတ်ထွက်.mp3
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








XS
SM
MD
LG