သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝန္ႀကီးခ်ဳပ္ေဟာင္း အာေဘး လုပ္ႀကံခံရမႈအတြက္ ဂ်ပန္ရဲခ်ဳပ္ ႏုတ္ထြက္ 


ဝန္ႀကီးခ်ဳပ္ေဟာင္း အာေဘးလုပ္ႀကံခံရမႈ တာဝန္ရွိေၾကာင္းဝန္ခံၿပီး ရာထူးကႏုတ္ထြက္ေပးမယ့္ အမ်ိဳးသားရဲေအဂ်င္စီ အရာရွိခ်ဳပ္ Itaru Nakamura (Photo by JIJI Press / AFP) / Japan OUT

[[Zawgyi/Unicode]]


ၿပီးခဲ့တဲ့ဇူလိုင္လက ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတာနဲ႔ ဆက္စပ္ၿပီး ဂ်ပန္ရဲခ်ဳပ္ ရာထူးက ႏုတ္ထြက္မယ့္အေၾကာင္း ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း လုပ္ႀကံ သတ္ျဖတ္ခံခဲ့ရတဲ့ျဖစ္ရပ္မွာ ဂ်ပန္ႏိုင္ငံအမ်ိဳးသားရဲတပ္ဖြဲ႕အႀကီးအကဲအေနနဲ႔ တာဝန္မေက်ခဲ့တဲ့အတြက္ သူ ႏုတ္ထြက္ေပးမွာပါလို႔ ရဲခ်ဳပ္က ဒီေန႔ေျပာလိုက္ပါတယ္။ ဒါေပမယ့္ ဘယ္ေန႔ဆိုတာေတာ့ ထည့္မေျပာခဲ့ပါဘူး။

ဇူလိုင္လ ၈ ရက္ေန႔တုန္းက ဝန္ႀကီးခ်ဳပ္ေဟာင္း Abe ႏိုင္ငံအေနာက္ပိုင္း Nara ၿမိဳ.မွာလုပ္ႀကံခံရတာကို မကယ္တင္ခဲ့ႏိုင္တာအေပၚ ရဲတပ္ဖြဲ႕ အစီရင္ခံစာ ထုတ္ျပန္ခဲ့အၿပီး အမ်ိဳးသားရဲေအဂ်င္စီ အရာရွိခ်ဳပ္ Itaru Nakamura က အခုလို ႏုတ္ထြက္ဖို႔ ေၾကညာခ်က္ထုတ္လိုက္တာပါ။

လုပ္ႀကံပစ္ခတ္ခဲ့တယ္လို႔ စြပ္စြဲထားတဲ့ ေသနတ္သမားအေနနဲ႔ အေနာက္ကေန အနီးကပ္ပစ္ခြင့္ရသြားေအာင္ ဝန္ႀကီးခ်ဳပ္ Abe ကို ရဲတပ္ဖြဲ႕ရဲ႕ အကာအကြယ္ေပးမႈ အားနည္းခဲ့တာကို ရဲတပ္ဖြဲ႕ အစီရင္ခံစာထဲမွာ ဝန္ခံထားပါတယ္။

ဒီ ေသနတ္သမား Tetsuya Yamagami ကိုေတာ့ ပစ္ခတ္ခဲ့တဲ့ ေနရာမွာပဲ ဖမ္းဆီးႏိုင္ခဲ့ၿပီး အခု သူ႔ရဲ႕ စိတ္ပိုင္းအေျခအေနကို စစ္ေဆးသုံးသပ္ေနတာကို ႏိုဝင္ဘာလအထိ လုပ္သြားဖို႔ရွိတယ္လို႔လည္း ဒီ အစရင္ခံစာမွာပဲ ေဖာ္ျပထားပါတယ္။

ဒီေသနတ္သမား Yamagami ကေတာ့ အခုလို ဝန္ႀကီးခ်ဳပ္ေဟာင္းကို ပစ္မွတ္ထားခဲ့ရတာက သူမုန္းတဲ့ Unification Church ဘုရားေက်ာင္းကို ဝန္ႀကီးခ်ဳပ္ေဟာင္း Abe သြားတက္ခဲ့တာေၾကာင့္လို႔ ရဲကို ေျဖာင့္ခ်က္ေပးထားပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း Abe ရဲ႕ မိသားစုကေတာ့ သူ လုပ္ႀကံခံရမူ ၄၉ ရက္ေျမာက္ေန႔အထိမ္းအမွတ္ အျဖစ္ ဗုဒၶဘာသာဘုရားေက်ာင္းမွာ မိသားစု တ္ျပဳဆုေတာင္းပြဲတခု ဒီေန႔လုပ္ခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရမှုအတွက် ဂျပန်ရဲချုပ် နုတ်ထွက်

ပြီးခဲ့တဲ့ဇူလိုင်လက ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ဆက်စပ်ပြီး ဂျပန်ရဲချုပ် ရာထူးက နုတ်ထွက်မယ့်အကြောင်း ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်ရပ်မှာ ဂျပန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲအနေနဲ့ တာဝန်မကျေခဲ့တဲ့အတွက် သူ နုတ်ထွက်ပေးမှာပါလို့ ရဲချုပ်က ဒီနေ့ပြောလိုက်ပါတယ်။ ဒါပေမယ့် ဘယ်နေ့ဆိုတာတော့ ထည့်မပြောခဲ့ပါဘူး။

ဇူလိုင်လ ၈ ရက်နေ့တုန်းက ဝန်ကြီးချုပ်ဟောင်း Abe နိုင်ငံအနောက်ပိုင်း Nara မြို.မှာလုပ်ကြံခံရတာကို မကယ်တင်ခဲ့နိုင်တာအပေါ် ရဲတပ်ဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့အပြီး အမျိုးသားရဲအေဂျင်စီ အရာရှိချုပ် Itaru Nakamura က အခုလို နုတ်ထွက်ဖို့ ကြေညာချက်ထုတ်လိုက်တာပါ။

လုပ်ကြံပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ သေနတ်သမားအနေနဲ့ အနောက်ကနေ အနီးကပ်ပစ်ခွင့်ရသွားအောင် ဝန်ကြီးချုပ် Abe ကို ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ပေးမှု အားနည်းခဲ့တာကို ရဲတပ်ဖွဲ့ အစီရင်ခံစာထဲမှာ ဝန်ခံထားပါတယ်။

ဒီ သေနတ်သမား Tetsuya Yamagami ကိုတော့ ပစ်ခတ်ခဲ့တဲ့ နေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး အခု သူ့ရဲ့ စိတ်ပိုင်းအခြေအနေကို စစ်ဆေးသုံးသပ်နေတာကို နိုဝင်ဘာလအထိ လုပ်သွားဖို့ရှိတယ်လို့လည်း ဒီ အစရင်ခံစာမှာပဲ ဖော်ပြထားပါတယ်။

ဒီသေနတ်သမား Yamagami ကတော့ အခုလို ဝန်ကြီးချုပ်ဟောင်းကို ပစ်မှတ်ထားခဲ့ရတာက သူမုန်းတဲ့ Unification Church ဘုရားကျောင်းကို ဝန်ကြီးချုပ်ဟောင်း Abe သွားတက်ခဲ့တာကြောင့်လို့ ရဲကို ဖြောင့်ချက်ပေးထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Abe ရဲ့ မိသားစုကတော့ သူ လုပ်ကြံခံရမူ ၄၉ ရက်မြောက်နေ့အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဘာသာဘုရားကျောင်းမှာ မိသားစု တ်ပြုဆုတောင်းပွဲတခု ဒီနေ့လုပ်ခဲ့ပါသေးတယ်။

XS
SM
MD
LG