သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင်သတ်မှတ်မှု ဗဟိုအစိုးရကူညီဆောင်ရွက်ဖို့ မဏိပူရအမတ်တောင်းဆို


INDIA MYANMAR BORDER
INDIA MYANMAR BORDER

[[Zawgyi/Unicode]]

အိန္ဒိယမြန်မာ နှစ်နိုင်ငံနယ်စပ်ပြဿနာကို ဗဟိုအစိုးရအနေနဲ့ အလျင်အမြန်ဝင်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့ မဏိပူရ ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် Leishemba Sanajaoba က ဒီဇင်ဘာလ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယလွှတ်တော်မှာတင်သွင်းခဲ့ကြောင်း Emphal Free Press သတင်းမှာဖေါ်ပြထားပါတယ်။

အိန္ဒိယ-မဏိပူဒေသနဲ့ မြန်မာနိုင်ငံအကြား ခြံစည်းရိုးခတ်ရာမှာ နှစ်နိုင်ငံနယ်စပ်မှတ်တိုင်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်နေတာလို့ လွှတ်တော်အမတ် Sanajaoba ကပြောဆိုပါတယ်။

ဒီကိစ္စကို ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး Amit Shah အနေနဲ့ လေ့လာစုံစမ်းဖြေရှင်းပေးဖို့ မဏိပူပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကတောင်းဆိုခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးသာ အင်ဖာကိုလာရောက်ခဲ့တဲ့အတွက် အခုလို လွှတ်တော်မှာထပ်မံတင်ပြတာဖြစ်ပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်ရာမှာ နယ်စပ်မှတ်တိုင်တွေကို မဏိပူပြည်နယ်ဘက်ကိုတိုးလာတဲ့အတွက် ဒေသခံတွေက ခြံစည်းရိုးခတ်တာကို ဆန့်ကျင်သပိတ်မှောက်ကြတာဖြစ်တယ်လို့လည်း လွှတ်တော်အမတ် Sanajaoba ကပြောဆို ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဘက်တော့ ထုတ်ဖေါ်ပြောဆိုတာမျိုးမရှိသေးပါဘူး။

အဓိက ပြဿနာတက်နေတဲ့နေရာတွေကတော့ နယ်စပ်အမှတ် ၆၄ ကနေ ၆၈ ကြား ဒါ့အပြင် အမှတ် ၇၅ ကနေ ၇၉ ကြားနဲ့ အမှတ် ၈၈ ကနေ ၉၅ ကြားတို့ဖြစ်တယ်လို့ဆိုပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ်နောက်ပိုင်း နှစ်နိုင်ငံနယ်စပ် ပြဿနာဖြေရှင်းဖို့သဘောတူညီချက်ကို ၁၉၆၇ နှစ်က တကြိမ်လက်မှတ်ထိုးခဲ့ပေမဲ့ ဒီကနေ့အထိ နယ်စပ် ပိုင်နက်ပြဿနာကို ပြီးစီးအောင်ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG