[[Zawgyi/Unicode]]
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး Mr. Vinay Mohan Kwatra ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
အခုလို တွေ့ဆုံတာမှာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်ဆောင်ဖို့၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ဒ့ါအပြင် ကုန်သွယ်မှုလုပ်ငန်းတွေမှာ အိန္ဒိယရူပီးငွေနဲ့ ကျပ်ငွေတိုက်ရိုက်ပေးချေနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးကြပါတယ်။ မြဝတီဘက်က နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု ပြဿနာကို ပူးပေါင်းဖြေရှင်းကြဖို့နဲ့ နှစ်နိုင်ငံ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေ ပြန်ပြီးသုံးသပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသအပါအဝင် ပြည်သူဗဟိုပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ အိန္ဒိယက ဆက်ပံ့ပိုးကူညီမယ့်အပြင် မြန်မာနိုင်ငံပြည်သူတွေ အကျိုးစီးပွားအတွက် အိန္ဒိယရဲ့ ကတိကဝတ်တွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
===============
[[Unicode]]