သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယနဲ႔ဂ်ပန္တို႔ ေလေၾကာင္း ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည္


အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh နဲ႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Yasukazu Hamada တို႔ တိုက်ဳိၿမိဳ႕ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးရံုးမွာေတြ႔ဆံုေဆြးေႏြးၾကစဥ္။ (စက္တင္ဘာလ ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

အိႏိၵယနဲ႔ဂ်ပန္တို႔ ဆက္ဆံေရးတိုးျမႇင့္ေရးအတြက္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြ ပိုတိုးလုပ္သြားဖို႔ စီစဥ္ေနၾကပါတယ္။

အိႏၵိယနဲ႔ဂ်ပန္ႏိ္ုင္ငံအၾကား စစ္ဘက္ဆိုင္ရာအစီအစဥ္ေတြ တိုးျမႇင့္ေဆာင္ရြက္သြား ၾကဖို႔ ဒီကေန႔ သေဘာတူလိုက္ၾကၿပီး ဂ်ပန္ႏိုင္ငံက စက္မႈကုမၸဏီေတြ လာေရာက္ ရင္းႏွီးျမဳပ္ႏွံၾကဖို႔ အိႏၵိယကဖိတ္ေခၚလိုက္သလို ႏွစ္ႏိုင္ငံ ေလတပ္တိုက္ေလယာဥ္ေတြပါဝင္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ၾကမယ္လို႔ ေျပာပါတယ္။

အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singh နဲ႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး Yasukazu Hamada တို႔ ဒီကေန႔ တိုက်ိဳၿမိဳ႕မွာေတြ႔ဆုံၿပီး ေနာက္ပိုင္းမွာ “Two-plus-two” လို႔ေခၚတဲ့ စည္းေဝးပြဲ ျပဳလုပ္ဖို႔ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ပါ၀င္ တက္ေရာက္ၾကဖို႔ ရွိပါတယ္။

အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံရဲ႕ လုံျခံဳေရးအရ ၿခိမ္းေျခာက္မႈေတြ ရွိလာေနတာကို ရင္ဆိုင္ႏိုင္ဖို႔အတြက္ အိႏိၵယႏိုင္ငံဟာလည္း ဂ်ပန္ႏိုင္ငံနည္းတူ စစ္အသုံးစားရိတ္ေတြ တိုးျမွင့္သြားဖို႔ စီစဥ္ေနပါတယ္။

႐ုရွားရဲ႕ယူကရိန္းက်ဳးေက်ာ္စစ္ျဖစ္လာၿပီး တ႐ုတ္က အလားတူ ေဒသတြင္းမွာလုပ္ လာမွာ ပိုစိုးရိမ္လာၾကတဲ့ ဒီ ၂ ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးေတြက စစ္ေလယာဥ္ေတြ ပထမဆံုးပါလာမယ့္ ပူးတြဲစစ္ေရးေလ့က်င့္ခန္း ေစာေစာလုပ္သြားဖို႔ ဒီေန႔ သေဘာတူခဲ့ပါတယ္။

အင္အားႀကီးလာတဲ့ တ႐ုတ္ကို ထိန္းညွိေရး အေမရိကန္နဲ႔ ၾသစေၾတးလ်လည္းပါတဲ့ QUAD အဖြဲ႔ဝင္လည္းျဖစ္တဲ့ ဒီ ၂ ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးေတြ အခုေတြ႔ အၿပီး ၂ ဘက္ ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ထပ္ပါမယ့္ Two-Plus-Two ေဆြးေႏြးပြဲ ဆက္ဖို႔လည္းရွိေနပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကလည္း ကာကြယ္ေရးအသံုးစရိတ္ သိသိသာသာ တိုးျမႇင့္သုံးစြဲသြားဖို႔ ကတိျပဳထားပါတယ္။ တခ်ိန္တည္းမွာ အိႏိၵယဘက္ကလည္း ပထမဆံုး ျပည္တြင္းျဖစ္ ေလယာဥ္တင္သေဘၤာႀကီးကို ၿပီးခဲ့တဲ့အပတ္ကပဲ ေရခ်အၿပီး အခုလို ဂ်ပန္နဲ႔ လံုျခံဳေရးတိုးျမႇင့္ဖို႔ ဆက္လုပ္ေဆာင္လာတာပါ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]


အိန္ဒိယနဲ့ဂျပန်တို့ လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

အိန္ဒိယနဲ့ဂျပန်တို့ ဆက်ဆံရေးတိုးမြှင့်ရေးအတွက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ ပိုတိုးလုပ်သွားဖို့ စီစဉ်နေကြပါတယ်။

အိန္ဒိယနဲ့ဂျပန်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာအစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်သွား ကြဖို့ ဒီကနေ့ သဘောတူလိုက်ကြပြီး ဂျပန်နိုင်ငံက စက်မှုကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ အိန္ဒိယကဖိတ်ခေါ်လိုက်သလို နှစ်နိုင်ငံ လေတပ်တိုက်လေယာဉ်တွေပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြမယ်လို့ ပြောပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukazu Hamada တို့ ဒီကနေ့ တိုကျိုမြို့မှာတွေ့ဆုံပြီး နောက်ပိုင်းမှာ “Two-plus-two” လို့ခေါ်တဲ့ စည်းဝေးပွဲ ပြုလုပ်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင် တက်ရောက်ကြဖို့ ရှိပါတယ်။

အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနေတာကို ရင်ဆိုင်နိုင်ဖို့အတွက် အိန္ဒိယနိုင်ငံဟာလည်း ဂျပန်နိုင်ငံနည်းတူ စစ်အသုံးစားရိတ်တွေ တိုးမြှင့်သွားဖို့ စီစဉ်နေပါတယ်။

ရုရှားရဲ့ယူကရိန်းကျုးကျော်စစ်ဖြစ်လာပြီး တရုတ်က အလားတူ ဒေသတွင်းမှာလုပ် လာမှာ ပိုစိုးရိမ်လာကြတဲ့ ဒီ ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက စစ်လေယာဉ်တွေ ပထမဆုံးပါလာမယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း စောစောလုပ်သွားဖို့ ဒီနေ့ သဘောတူခဲ့ပါတယ်။

အင်အားကြီးလာတဲ့ တရုတ်ကို ထိန်းညှိရေး အမေရိကန်နဲ့ သြစတြေးလျလည်းပါတဲ့ QUAD အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒီ ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ အခုတွေ့ အပြီး ၂ ဘက် နိုင်ငံခြားရေးဝန်ကြီးတွေလည်း ထပ်ပါမယ့် Two-Plus-Two ဆွေးနွေးပွဲ ဆက်ဖို့လည်းရှိနေပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကလည်း ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သုံးစွဲသွားဖို့ ကတိပြုထားပါတယ်။ တချိန်တည်းမှာ အိန္ဒိယဘက်ကလည်း ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကြီးကို ပြီးခဲ့တဲ့အပတ်ကပဲ ရေချအပြီး အခုလို ဂျပန်နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ ဆက်လုပ်ဆောင်လာတာပါ ခင်ဗျာ။

XS
SM
MD
LG