သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ေတာင္ေပၚလူမ်ိဳးစုႏြယ္ဝင္ အမ်ိဳးသမီး ပထမဆုံး သမၼတျဖစ္လာ


အိႏၵိယႏိုင္ငံရဲ႕ လက္ရွိေရြးေကာက္ခံသမၼတ Droupadi Murmu က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ဗိုလ္႐ႈခံထြက္စဥ္။ (ဇူလိုင္ ၂၅၊ ၂၀၂၂) 


[[Zawgyi/Unicode]]

အိႏၵိယႏိုင္ငံရဲ႕ သမၼတသစ္အျဖစ္ ေက်ာင္းဆရာမကေန ႏိုင္ငံေရးေလာကထဲ ဝင္လာတဲ့ ပထမဆုံး ေတာင္ေပၚလူမ်ိဳးစုအႏြယ္ဝင္ အမ်ိဳးသမီး Droupadi Murmu ဒီေန႔ က်မ္းသစၥာက်ိန္ဆိုပါတယ္။

အိႏၵိယမွာ သမၼတရာထူးဟာ အာဏာထက္ ႏိုင္ငံ့ေခါင္းေဆာင္အျဖစ္ ပြဲတက္သေကၤတ သေဘာသာေဆာင္ေပမဲ့လည္း Droupadi Murmu သမၼတျဖစ္လာတာဟာ အိႏၵိယမွာ အေလးထားမခံရတဲ့ တိုင္းရင္းသားလူမ်ိဳးစု အသိုက္အဝန္း အတြက္ ေအာင္ျမင္မႈ သေကၤတျဖစ္ေနပါတယ္။

အိႏၵိယမွာ ဆင္းရဲႏြမ္းပါးသူေတြအတြက္ အိပ္မက္မက္႐ုံ သက္သက္မဟုတ္ဘဲ ဒီအိပ္မက္ေတြကို အေကာင္အထည္ေဖၚႏိုင္တယ္ဆိုတာ အခု သူ ေ႐ြးေကာက္တင္ေျမႇာက္ခံရတာက သက္ေသျပေနတာပါလို႔ အသက္ ၆၄ ႏွစ္အ႐ြယ္ သမၼတ Droupadi Murmu က ဒီေန႔ အိႏၵိယပါလီမန္မွာ က်မ္းသစၥာက်ိန္ဆိုတဲ့အခ်ိန္ ေျပာဆိုသြားတာပါ။ ရာစုႏွစ္ေပါင္းမ်ားစြာ အခြင့္အေရးေတြ ျငင္းပယ္ခံခဲ့ရတဲ့သူေတြအတြက္ အႀကီးအက်ယ္ ေက်နပ္ဝမ္းေျမာက္စရာပါလို႔လည္း ေျပာဆိုသြားပါတယ္။

Droupadi Murmu ဟာ အိႏၵိယႏိုင္ငံသမိုင္းမွာ ဒုတိယေျမာက္ အမ်ိဳးသမီးသမၼတအျဖစ္ ေ႐ြးခ်ယ္ခံရသူပါ။ Odisha ျပည္နယ္ အေရွ႕ပိုင္း႐ြာ တ႐ြာက အႀကီးအကဲ၊ အိႏၵိယရဲ႕ အႀကီးဆုံးေတာင္ေပၚလူမ်ိဳးစုျဖစ္တဲ့ Santhal လူမ်ိဳးစုဝင္ အမ်ိဳးသမီး Droupadi Murmu ဟာ သူ႔႐ြာမွာ ေကာလိပ္ေက်ာင္းတက္ခြင့္ရခဲ့တဲ့ ပထမဆုံး အမ်ိဳသမီးလည္းျဖစ္သလို ရပ္႐ြာ အေရးကိစၥေတြမွာ တက္တက္ႂကြႂကြပါဝင္တာေၾကာင့္ ထင္ရွားလာသူ ျဖစ္ပါတယ္။

လႊတ္ေတာ္ သက္တမ္း ၂ ဆက္မွာ အာဏာရ ဘီေဂ်ပီ ပါတီရဲ႕အမတ္ ျဖစ္လာခဲ့ၿပီး မၾကာမီက Jharkhand ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ျဖစ္လာခဲ့ပါတယ္။
အိႏၵိယႏိုင္ငံအတြက္ အထူးသျဖင့္ ဆင္းရဲၿပီး အပစ္ပယ္ခံထားရတဲ့ အႏွိမ္ခံေတြအတြက္ အေရးပါတဲ့၊ ထူးျခားတဲ့ အေျပာင္းအလဲျဖစ္တဲ့အေၾကာင္း Droupadi Murmu သမၼတအျဖစ္ တာဝန္ယူၿပီးၿပီးခ်င္းပဲ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က တြစ္တာလူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================


[[Unicode]]

အိန္ဒိယမှာ တောင်ပေါ်လူမျိုးစုနွယ်ဝင် အမျိုးသမီး ပထမဆုံး သမ္မတဖြစ်လာ

အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျောင်းဆရာမကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ပထမဆုံး တောင်ပေါ်လူမျိုးစုအနွယ်ဝင် အမျိုးသမီး Droupadi Murmu ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုပါတယ်။

အိန္ဒိယမှာ သမ္မတရာထူးဟာ အာဏာထက် နိုင်ငံ့ခေါင်းဆောင်အဖြစ် ပွဲတက်သင်္ကေတ သဘောသာဆောင်ပေမဲ့လည်း Droupadi Murmu သမ္မတဖြစ်လာတာဟာ အိန္ဒိယမှာ အလေးထားမခံရတဲ့ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်း အတွက် အောင်မြင်မှု သင်္ကေတဖြစ်နေပါတယ်။

အိန္ဒိယမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် အိပ်မက်မက်ရုံ သက်သက်မဟုတ်ဘဲ ဒီအိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်တယ်ဆိုတာ အခု သူ ရွေးကောက်တင်မြှောက်ခံရတာက သက်သေပြနေတာပါလို့ အသက် ၆၄ နှစ်အရွယ် သမ္မတ Droupadi Murmu က ဒီနေ့ အိန္ဒိယပါလီမန်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန် ပြောဆိုသွားတာပါ။ ရာစုနှစ်ပေါင်းများစွာ အခွင့်အရေးတွေ ငြင်းပယ်ခံခဲ့ရတဲ့သူတွေအတွက် အကြီးအကျယ် ကျေနပ်ဝမ်းမြောက်စရာပါလို့လည်း ပြောဆိုသွားပါတယ်။

Droupadi Murmu ဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီးသမ္မတအဖြစ် ရွေးချယ်ခံရသူပါ။ Odisha ပြည်နယ် အရှေ့ပိုင်းရွာ တရွာက အကြီးအကဲ၊ အိန္ဒိယရဲ့ အကြီးဆုံးတောင်ပေါ်လူမျိုးစုဖြစ်တဲ့ Santhal လူမျိုးစုဝင် အမျိုးသမီး Droupadi Murmu ဟာ သူ့ရွာမှာ ကောလိပ်ကျောင်းတက်ခွင့်ရခဲ့တဲ့ ပထမဆုံး အမျိုသမီးလည်းဖြစ်သလို ရပ်ရွာ အရေးကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်တာကြောင့် ထင်ရှားလာသူ ဖြစ်ပါတယ်။

လွှတ်တော် သက်တမ်း ၂ ဆက်မှာ အာဏာရ ဘီဂျေပီ ပါတီရဲ့အမတ် ဖြစ်လာခဲ့ပြီး မကြာမီက Jharkhand ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအတွက် အထူးသဖြင့် ဆင်းရဲပြီး အပစ်ပယ်ခံထားရတဲ့ အနှိမ်ခံတွေအတွက် အရေးပါတဲ့၊ ထူးခြားတဲ့ အပြောင်းအလဲဖြစ်တဲ့အကြောင်း Droupadi Murmu သမ္မတအဖြစ် တာဝန်ယူပြီးပြီးချင်းပဲ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG