သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္မွာ ဆႏၵျပသူတေယာက္ကို ႀကိဳးေပးကြပ္မ်က္


အီရန္မွာ စက္တင္ဘာလက အမ်ဳိးသမီးတဦး ေခါင္းစည္းၿခံဳပုဝါစနစ္တက်မဝတ္မႈနဲ႔ ဖမ္းဆီးစဥ္ေသဆံုးခဲ့တဲ့ အတြက္ ဆႏၵျပမႈေတြအတြင္း ပထမဆံုး ႀကိဳးေပးခံရသူ Mohsen Shekari

[[Zawgyi/Unicode]]

အီရန္ႏိုင္ငံမွာ လတ္တေလာ ဆႏၵျပပြဲေတြအတြင္း အဖမ္းခံရသူေတြထဲက ပထမဆံုးတဦးကို ကြပ္မ်က္လိုက္ၿပီလို႔ အစိုးရက ေျပာပါတယ္။

စက္တင္ဘာလယ္ပိုင္းစတင္ခဲ့တဲ့ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြအတြင္း လမ္းပိတ္ဆို႔ၿပီး လုံၿခဳံေရးတပ္ဖြဲ႔ဝင္တေယာက္ကို ဓားနဲ႔တိုက္ခိုက္ခဲ့မႈနဲ႔ အျပစ္ရွိတယ္လို႔ဆိုၿပီး Mohsen Shekari ဆိုသူကို ဒီေန႔ ႀကိဳးေပးကြပ္မ်က္လိုက္တဲ့အေၾကာင္း အီရန္အစိုးရသတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ အေသးစိတ္ေတာ့ ေျပာၾကားျခင္း မရွိပါဘူး။ စက္တင္ဘာလက ေခါင္းစည္းၿခဳံပုဝါကို စည္းကမ္းတက် မဝတ္ဆင္ခဲ့လို႔ဆိုၿပီး Mahsa Amini ဆိုသူ အမ်ိဳးသမီးငယ္တေယာက္ကို ဘာသာေရးရဲေတြက ဖမ္းဆီးထားခ်ိန္ ေသဆုံးခဲ့ၿပီးေနာက္ ႏိုင္ငံတဝန္း အစိုးရဆန္႔က်င္ ဆႏၵျပပြဲေတြေပၚေပါက္ခဲ့တာပါ။

ရွားဘုရင္ျပဳတ္က်ခဲ့တဲ့ ၁၉၇၉ ခုႏွစ္ အစၥလာမ္မစ္လွန္ေရးေနာက္ပိုင္း အီရန္မွာ အက်ယ္ျပန္႔ဆံုး ဆႏၵျပပြဲေတြျဖစ္ခဲ့ပါတယ္။ အဲဒီဆႏၵျပပြဲေတြအတြင္း ဖမ္းဆီးခံရသူ ၁၂ ေယာက္ေက်ာ္ ေသဒဏ္ေပးခံထားရတာမို႔ ေနာက္ထပ္ ကြပ္မ်က္မႈေတြ ရွိလာႏိုင္တယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက သတိေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

အီရန်မှာ ဆန္ဒပြသူတယောက်ကို ကြိုးပေးကွပ်မျက်

အီရန်နိုင်ငံမှာ လတ်တလော ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူတွေထဲက ပထမဆုံးတဦးကို ကွပ်မျက်လိုက်ပြီလို့ အစိုးရက ပြောပါတယ်။

စက်တင်ဘာလယ်ပိုင်းစတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း လမ်းပိတ်ဆို့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်ကို ဓားနဲ့တိုက်ခိုက်ခဲ့မှုနဲ့ အပြစ်ရှိတယ်လို့ဆိုပြီး Mohsen Shekari ဆိုသူကို ဒီနေ့ ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း အီရန်အစိုးရသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အသေးစိတ်တော့ ပြောကြားခြင်း မရှိပါဘူး။ စက်တင်ဘာလက ခေါင်းစည်းခြုံပုဝါကို စည်းကမ်းတကျ မဝတ်ဆင်ခဲ့လို့ဆိုပြီး Mahsa Amini ဆိုသူ အမျိုးသမီးငယ်တယောက်ကို ဘာသာရေးရဲတွေက ဖမ်းဆီးထားချိန် သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာပါ။

ရှားဘုရင်ပြုတ်ကျခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်လှန်ရေးနောက်ပိုင်း အီရန်မှာ အကျယ်ပြန့်ဆုံး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ၁၂ ယောက်ကျော် သေဒဏ်ပေးခံထားရတာမို့ နောက်ထပ် ကွပ်မျက်မှုတွေ ရှိလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးနေပါတယ်။

XS
SM
MD
LG