သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သက္တမ္းဝက္ေ႐ြးေကာက္ပြဲအတြက္ ကန္သမၼနဲ႔ သမၼတေဟာင္းတို႔ အၿပိဳင္မဲဆြယ္ 



[[Zawgyi/Unicode]]

အေမရိကန္သမၼတသက္တမ္းဝက္ ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ ၅ ရက္ပဲ က်န္ေတာ့ခ်ိန္မွာ Democratic ပါတီနဲ႔ Republican ပါတီ ကိုယ္စားလွယ္ေလာင္းေတြအတြက္ လက္ရွိသမၼတနဲ႔ သမၼတေဟာင္းတို႔ အၿပိဳင္ မဲဆြယ္ေပးေနၾကပါတယ္။

အထက္လႊတ္ေတာ္မွာ အတိုက္အခံ ရီပတ္ဘလစ္ကင္ပါတီ ျပန္ႀကီးစိုးသြားမွာ စိုးရိမ္ေနတဲ့ လက္ရွိအာဏာရ ဒီမိုကရက္တစ္ပါတီအတြက္ သမၼတ Joe Biden က အေရးပါတဲ့ ျပည္နယ္ေတြက ကိုယ္စားလွယ္ေလာင္းေတြအတြက္ ေဟာေျပာ မဲဆြယ္ေပးေနပါတယ္။ ဒီမိုကေရစီစနစ္ကို ကာကြယ္ဖို႔အေရးႀကီးေၾကာင္းနဲ႔ စီးပြားေရးတိုးတက္လာမႈေတြကို ေထာက္ျပမဲဆြယ္ေနတာပါ။ သမၼတ Biden ဟာ ၃ ရက္ၾကာမဲဆြယ္ခရီးနဲ႔ California၊ Illinois၊ New Mexico နဲ႔ အႀကိတ္အနယ္ျဖစ္မယ့္ Pennsylvania ျပည္နယ္ေတြကို သြားေရာက္ စည္း႐ုံး ေဟာေျပာေနပါတယ္။

အလားတူ Republican ပါတီကိုယ္စားလွယ္ေလာင္းေတြအတြက္ သမၼတေဟာင္း Donald Trump က လွည့္လည္မဲဆြယ္ေနပါတယ္။

ၾကာသပေတးေန႔က Iowa ျပည္နယ္ မဲဆြယ္ပြဲတခုမွာ သမၼတေဟာင္း Trump က လာမယ့္ သမၼတ ေ႐ြးေကာက္ပြဲမွာ ျပန္ၿပိဳင္ဖို႔ အလားအလာ အမ်ားႀကီး အမ်ားႀကီးကို ရွိေနပါတယ္လို႔ ေျပာခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္မွာ အသာစီးရၿပီးသား အတိုက္အခံ ရီပတ္ဘလစ္ကင္ပါတီဘက္ကေတာ့ လက္ရွိမွာ ေငြေၾကးေဖာင္းပြမႈ ျမင့္မားလာတာနဲ႔ ရာဇဝတ္မႈမ်ားလာတာကို ေထာက္ျပၿပီး သမၼတ Biden အစိုးရနဲ႔ ဒီမိုကရက္ပါတီကို ေဝဖန္ မဲဆြယ္ေနပါတယ္။

ကိုယ္ဝန္ဖ်က္ခ်ခြင့္နဲ႔ စီးပြားေရးအားေကာင္းေနမႈေတြကို ဒီမိုကရက္ေတြဘက္က အဓိကေျပာ မဲဆြယ္ေနခ်ိန္မွာ ရီပတ္ဘလင္ဘက္က ဘာသာေရးေခါင္းေဆာင္တခ်ိဳ႕ကလည္း ခရစ္ယာန္ ဘာသာေရးနဲ႔ အေမရိကန္လူမ်ိဳးေရးေႂကြးေၾကာ္ပြဲေတြ လုပ္ၿပီး စည္း႐ုံးေနၾကပါတယ္။

တခ်ိန္တည္းမွာပဲ လူမႈကြန္ရက္ေတြေပၚမွာ အေကာင့္တုေတြနဲ႔ ေ႐ြးေကာက္ပြဲ ထိခိုက္ေအာင္လုပ္ႏိုင္တဲ့ အေနအထားေတြ ျမင္လာရတယ္လို႔ နည္းပညာဆိုင္ရာ ကြၽမ္းက်င္သူေတြက ေထာက္ျပေနၾကပါတယ္

တိုက္႐ိုက္ လင့္ခ္

--------------


[[Unicode]]

သက်တမ်းဝက်ရွေးကောက်ပွဲအတွက် ကန်သမ္မနဲ့ သမ္မတဟောင်းတို့ အပြိုင်မဲဆွယ်

အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲတွေကျင်းပဖို့ ၅ ရက်ပဲ ကျန်တော့ချိန်မှာ Democratic ပါတီနဲ့ Republican ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် လက်ရှိသမ္မတနဲ့ သမ္မတဟောင်းတို့ အပြိုင် မဲဆွယ်ပေးနေကြပါတယ်။

အထက်လွှတ်တော်မှာ အတိုက်အခံ ရီပတ်ဘလစ်ကင်ပါတီ ပြန်ကြီးစိုးသွားမှာ စိုးရိမ်နေတဲ့ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီအတွက် သမ္မတ Joe Biden က အရေးပါတဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်လောင်းတွေအတွက် ဟောပြော မဲဆွယ်ပေးနေပါတယ်။ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့အရေးကြီးကြောင်းနဲ့ စီးပွားရေးတိုးတက်လာမှုတွေကို ထောက်ပြမဲဆွယ်နေတာပါ။ သမ္မတ Biden ဟာ ၃ ရက်ကြာမဲဆွယ်ခရီးနဲ့ California၊ Illinois၊ New Mexico နဲ့ အကြိတ်အနယ်ဖြစ်မယ့် Pennsylvania ပြည်နယ်တွေကို သွားရောက် စည်းရုံး ဟောပြောနေပါတယ်။

အလားတူ Republican ပါတီကိုယ်စားလှယ်လောင်းတွေအတွက် သမ္မတဟောင်း Donald Trump က လှည့်လည်မဲဆွယ်နေပါတယ်။

ကြာသပတေးနေ့က Iowa ပြည်နယ် မဲဆွယ်ပွဲတခုမှာ သမ္မတဟောင်း Trump က လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပြန်ပြိုင်ဖို့ အလားအလာ အများကြီး အများကြီးကို ရှိနေပါတယ်လို့ ပြောခဲ့ပါတယ်။ အောက်လွှတ်တော်မှာ အသာစီးရပြီးသား အတိုက်အခံ ရီပတ်ဘလစ်ကင်ပါတီဘက်ကတော့ လက်ရှိမှာ ငွေကြေးဖောင်းပွမှု မြင့်မားလာတာနဲ့ ရာဇဝတ်မှုများလာတာကို ထောက်ပြပြီး သမ္မတ Biden အစိုးရနဲ့ ဒီမိုကရက်ပါတီကို ဝေဖန် မဲဆွယ်နေပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်နဲ့ စီးပွားရေးအားကောင်းနေမှုတွေကို ဒီမိုကရက်တွေဘက်က အဓိကပြော မဲဆွယ်နေချိန်မှာ ရီပတ်ဘလင်ဘက်က ဘာသာရေးခေါင်းဆောင်တချို့ကလည်း ခရစ်ယာန် ဘာသာရေးနဲ့ အမေရိကန်လူမျိုးရေးကြွေးကြော်ပွဲတွေ လုပ်ပြီး စည်းရုံးနေကြပါတယ်။

တချိန်တည်းမှာပဲ လူမှုကွန်ရက်တွေပေါ်မှာ အကောင့်တုတွေနဲ့ ရွေးကောက်ပွဲ ထိခိုက်အောင်လုပ်နိုင်တဲ့ အနေအထားတွေ မြင်လာရတယ်လို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်

XS
SM
MD
LG